အလာတန်း ကိုအင်ဇိုင်း ကျူ Alerten Co-enzyme Q10
ထုတ်ပိုးမှုပုံစံ
ဆေးတောင့်အပျော့
ဤဆေးသည် ဗီတာမင်နှင့် လုပ်ငန်းဆင်သော ဓာတ်ပစ္စည်းဖြစ်ပြီး နှလုံးကြွက်သားများကို သန်စွမ်းစေပါသည်။
အသုံးပြုသော ရောဂါများ
နှလုံး အမောဖောက်သူများအတွက် အားဆေးအနေဖြင့် သုံးသည်။
နာတာရှည် သွားရောင်ခြင်း
ဆေးအညွှန်း
အစာစားပြီးတိုင်း တစ်နေ့တစ်တောင့်
သတိပြုရန်
ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသည်းရောဂါသည်များ၊ ကျောက်ကပ်ရောဂါသည်များ အသုံးမပြုသင့်
ဝါဖရင် Warfarin သွေးကျဲဆေး သောက်နေသူများ သတိဖြင့် မှီဝဲရန်
ဘေးထွက်ဆိုးကျိုးများ
-ပျို့ခြင်း၊ အန်ခြင်း
-ဝမ်းပျက်တတ်ခြင်း
-ဗိုက်အောင့်တတ်ခြင်း(တစ်ရက် ၂၀၀ မီလီဂရမ် ကျော်လျှင်)
ဆေးတောင့်တွင် မူမမှန်မှု ရှိပါက သောက်သုံးရန် မသင့်ပါ