ပါဝင်သောဆေး-Ofloxacin။

ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဤဆေးဖြင့် တိုးသော ဘက်တီးရီးယားပိုးကြောင့် ဖြစ်သောရောဂါများ၊ အသက်ရူလမ်းကြောင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ နားနှင့် ထိပ်ခတ်နာရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်သော ဘက်တီးရီးယားရောဂါများ။
သုံးစွဲရန်အညွှန်း- ၂၀၀-၄၀၀ မီလီဂရမ် တစ်နေ့ ၁-၂ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်နိုင်ပါသည်။ အက်ဆစ်ချေဖျက်ဆေးများနှင့် အနည်းဆုံး ၂ နာရီခန့် ခြားသောက်ပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကျောက်ကပ်မကောင်းသူများသတိပြုသုံးစွဲပါ။ ရေလုံလောက်စွာသောက်သုံးပါ။ အလင်းရောင် မခံနိုင်ဖြစ်ပါက ဆေးသုံးစွဲမှုကို ရပ်တန့်ပါ။

ဘေးထွက်ဆိုးကျိုး-အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ် အက်ဆစ်ချေဖျက်သောဆေးများ၊ သံဓာတ်၊ ဇင့်တို့ ပါဝင်သောအားဆေးများ၊ theophylline ဆေးတို့နှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)