Home Knowledgebase Albact Nabiqasim Ofloxacin

အိုဖလောက်ဇာစင် Albact Nabiqasim Ofloxacin

ထုတ်ပိုးမှုပုံစံ
ဆေးပြား

အိုဖလောက်ဇာဆင် နိုင်သော ဘက်တီးရီယားများ
-စတက်ဖ် အောရီးယက်စ်
-နိုက်ဆီးရီးယား ဂနိုးရီးယေး
-ဆစ်ထရိုဘက်တာ
-ကလက်ဘ်စီရဲလား
-ရှီဂဲလား
-ပရိုးတီးယက်စ်
-ဗစ်ဘရီယို ပါရာဟေမိုလစ်တစ်ကပ်စ်
-ကလမိုင်းဒီးယား
-စတက်ဖ် အက်ပီဒါမိုင်းဒစ်စ်
-နိုင်စီးရီးယား မနင်ဂျစ်တစ်ဒစ်စ်
-အင်ထရိုဘက်တာ
-အက်စာရီးရှီးယား ကိုလိုင်
-ဆယ်လ်မိုနယ်လား

အသုံးပြုပုံ
အိုဖလောက်ဇာစင် နိုင်သော ဘက်တီးရီးယားများကြောင့် ဖြစ်သည့်
-အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
-ဆီးလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းများ
-မွေးလမ်းကြောင်း ဆိုင်ရာ ပိုးဝင်ခြင်းများ
-လိင်မှ ကူးစက်သော ရောဂါများ
-အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ရောဂါများ
-အရေပြားရောဂါများ
-အနာ ပြည်တည်ခြင်းများတွင် သုံးသည်။

-အိုဖလောက်ဇာစင် အုပ်စု မတည့်သူများ မသုံးရ

သတိပြုရန်
-ကျောက်ကပ် မကောင်းသူများ
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ

ဘေးထွက်ဆိုးကျိုးများ
-ဝမ်းပျက်ခြင်း
-ပျို့ခြင်း
-အစားအသောက်ပျက်ခြင်း
-ရင်ပြည့်ခြင်း
-ဗိုက်နာခြင်း
-လေပွခြင်း
-ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
-အရေပြားယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း
-အသားနာခြင်း

ဆေးဓာတ်ပြုခြင်း
-မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ အလူမီနီယမ်ပါသော ဆေးများ၊ အစာကြေဆေးများ၊ အစားအစာများနှင့် အတူတူသောက်သုံးပါက အာနိသင် မရနိုင်ပါ
-အထက်ပါဆေးများ အစာများ မသုံးဆောင်မီ ၂နာရိကြိုတင်၍ ဤဆေးကို မှီဝဲရန် လိုပါသည်။