အလက်ဇန် Alaxan
ပါဝင်ပစ္စည်း
အိုင်ဗျူပရိုဖန်၊ ပါရာစီတမော
ထုတ်ပိုးမှုပုံစံ
အလက်ဇန်-ဆေးပြား
တစ်ကဒ် ဆယ်ပြား
အလက်ဇန် အက်ဖအာရ်- ဆေးတောင့်
တစ်ကဒ် ဆယ်တောင့်
ဆေးတစ်ပြား သို့ တစ်တောင့်လျှင်
အိုင်ဗျူပရိုဖန် ၂၀၀ မီလီဂရမ် နှင့်
ပါရာစီတမော (အစီတာမီနိုဖန်) ၃၂၅ မီလီဂရမ်
အသုံးပြုပုံများ
-ကြွက်သား နာကျဉ်ခြင်း အမျိုးမျိုး
ဥပမာ- ဦးလွဲခြင်း၊ ခါးနာခြင်း
-အရိုးအဆစ် နာကျဉ်ခြင်းအမျိုးမျိုး
ဥပမာ- အရိုးကျိုးသော နာကျဉ်ခြင်း၊ အဆစ်လွဲခြင်း၊ ခွဲစိတ်ပြ်ီနောက် နာကျဉ်ခြင်း
-ခေါင်းကိုက်ခြင်း
ဆေးအညွှန်း
-တစ်ခါသောက် ၁ပြားမှ ၂ပြား
-တစ်နေ့သုံးကြိမ်အထိ သောက်နိုင်သည်
-တစ်နေ့ ၁၀လုံးထက် မသောက်သင့်
သတိပြုရန်
-အစာအိမ်အနာ ရှိသူများ
-အသည်းရောဂါရှင်များ
-ကျောက်ကပ် မကောင်းသူများ
-နှလုံးရောဂါ နာတာရှည် ဝေဒနာရှင်များ
-သွေးမတိတ်သော ရောဂါရှင်များ
ဘေးထွက်ဆိုးကျိုးများ
အိုင်ဗျူပရိုဖန်ကြောင့်
-ပျို့ခြင်း
-ရင်ပူခြင်း
-ဗိုက်အောင့်ခြင်း
-မူးဝေခြင်း
-အနီစက်များပေါ်ခြင်း
-ယားယံခြင်း
-နားအူခြင်း
-အဖိန်းထခြင်းများ ဖြစ်တတ်ပါသည်
အခြားဆေးများနှင့် တွဲသောက်ခြင်း
-သွေးကျဲဆေးများနှင့် တွဲသောက်ပါက အန္တရာယ်ရှိသည်