Home Knowledgebase Alamin SE

Alamin SE အလမင်း

အသားဓာတ်အားဖြည့်ဆေး

ပါဝင်ပစ္စည်း
အမိုင်နိုအက်ဆစ် ခေါ် အသားဓာတ်၊ ဆော်ဘီတော်လ်

ထုတ်ပိုးမှုပုံစံ
အကြောတွင်း သွင်းဆေး

အသုံးပြုပုံ
ဆေးရုံဆေးခန်းသုံး ဖြစ်သည်

ဆေးအညွှန်း
ဤဆေးသည် အကြောတွင်းသွင်းဆေး ဖြစ်သည်။
ပေးရမည့် ပမာဏသည် လူနာ၏ အသက်၊ ကိုယ်အလေးချိန်နှင့် ရောဂါလက္ခဏာပေါ် မူတည်ပါသည်။

အောက်ပါလူနာများတွင် အသုံးပြုရန် မသင့်
-အသည်းရောဂါပြင်းထန်၍ သတိမေ့နေသော သို့မဟုတ် သတိလစ်နိုင်ချေရှိသော လူနာများ
-ကျောက်ကပ်ရောဂါ ပြင်းထန်အဆင့် လူနာများ
-ယူရီးယား များသောလူနာများ
-အသားဓာတ် ဇီဝကမ္မဆိုင်ရာ ရောဂါရှင်များ

သတိပြုရန်
-နှလုံးအမောဖောက်နေသော ဝေဒနာရှင်များ
-အသည်းရောဂါ ရှိသူများ
-ကျောက်ကပ်ရောဂါ ရှိသူများ

ဘေးထွက်ဆိုးကျိုးများ
-ဆေးမတည့်သဖြင့် အနီစက်များထွက်ခြင်း (ဤသို့ဖြစ်ပွားပါက ဆေးသွင်းခြင်း ခေတ္တရပ်ထားရန်)
-ပျို့ခြင်း၊ အန်ခြင်း
-ရင်တုန်ခြင်း
-ကြက်သီးထခြင်း
-ပူလာခြင်း
-ခေါင်းကိုက်ခြင်း
-အကြောနေရာမှ နာကျင်ခြင်းများ ဖြစ်တတ်သည်။