ထုတ်ပိုးမှုပုံစံ-အရည်ပုံစံ(လိုင်ချီးအနံ့အရသာ)။
အသုံးပြုပုံများ
-ဥတုအပြောင်းအလဲကြောင့် ဖြစ်သော နှာစေးခြင်း၊ နှာမွှန်ခြင်း
-အင်ပျဉ်ထခြင်း၊ အဖိန်းထခြင်း၊
-မျက်စေ့ယားခြင်း၊ နီခြင်း၊ မျက်ရည်ယိုခြင်း။
ဆေးအညွှန်း
-အသက် ၁၂နှစ်အထက်ကလေး ဖြစ်ပါက ၅ မှ ၁၀ မီလီဂရမ်၊
-အသက် ၆နှစ်မှ ၁၁နှစ်ကလေး ဖြစ်ပါက ၅ မှ ၁၀ မီလီဂရမ်။
စားပွဲတင်ဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းခန့်
-အသက် ၂နှစ်မှ ၅နှစ်ကလေး ဖြစ်ပါက ၂.၅ မီလီဂရမ်။
စားပွဲတင်ဇွန်း ဇွန်းဝက်ခန့်
-အသည်းမကောင်းသောကလေးများ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ရန်၊
-အစာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သောက်သုံးနိုင်သည်။
သတိပြုရန်
-ဆက်ထရဇင်း ဆေးမတည့်ခြင်း၊
-နို့တိုက်မိခင်များ၊
-ယာဉ်မောင်းများ၊
-စက်ယန္တရား မောင်းနှင်သူများ
(အိပ်ငိုက်တတ်၍ ဖြစ်သည်)၊
-ကိုယ်ဝန် လနုသော မိခင်များ။
ဘေးထွက်ဆိုးကျိုးများ
-မူးဝေခြင်း၊
-ငိုက်မျည်းခြင်း၊
-အာခြောက်ခြင်း၊
-အစားပျက်ခြင်း၊
-ခေါင်းကိုက်နိုင်ခြင်း၊
-ဆေးကြောင့် ယားယံခြင်း။