ပါဝင်ပစ္စည်းများ
-ဆေးတစ်တောင့်တွင် ကလောက်ဇာစလင် ၅၀၀ မီလီဂရမ်။
-ဆေးရည်ဖြစ်ပါက ၅မီလီလီတာတွင် ကလောက်ဇာစလင် ၁၂၅ မီလီဂရမ်။

အသုံးပြုပုံ
-အသက်ရှူလမ်းကြောင်း ပိုးဝင်သော ရောဂါ၊
-လေပြွန်ယောင် ရောဂါ၊
-လေပြွန်ကျယ် ပြည်တည်ရောဂါ၊
-နားပြည်ယို၊
-ထိပ်ကပ်နာ၊
-နမိုးနီးယား အဆုတ်ယောင် ရောဂါ၊
-လည်ချောင်းနာ၊ အာသီးယောင်၊
-အရည်ပြားပေါ်တွင် ဖြစ်သော ပြည်တည်နာများ၊
-မျက်စိစွံ၍ ယောင်ကိုင်းခြင်း၊
-မွေးကျွတ်နာ၊ အနာ့ပဆုပ်၊
-ရင်သားပြည်တည်နာ၊
-မီးလောင်ပြီးနောက် ဖြစ်သော ပြည်တည်နာ၊
-အရိုးပြည်တည်နာ၊
-ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊

ဆေးအညွှန်း
-လူကြီးဖြစ်လှင် အစာမစားမီ တစ်နာရီတွင် ၅၀၀မီလီဂရမ်၊ တစ်နေ့လေးကြိမ်၊
-အသက် ၂နှစ်မှ ဆယ်နှစ်အတွက် အစာမစားမီ တစ်နာရီတွင် ၂၅၀မီလီဂရမ်၊ တစ်နေ့လေးကြိမ်၊
-အသက် ၂နှစ်အောက်အတွက် ကလေးဆရာဝန်နှင့် တိုင်ပင်ပြီးမှ တိုက်ရန်။

သတိထားရန် လူနာများ
ပင်နီစလင်ဆေးအုပ်စု မတည့်သော လူနာများ မိမိသဘောနှင့်မိမိ မသောက်သုံးရ။

ဘေးထွက်ဆိုးကျိုးများ
ရှားရှားပါးပါး တစ်ချို့လူများတွင် အနီစက်ကလေးများထွက်ခြင်း၊ ပျို့ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်တတ်သည်။