ဆောင်းတွင်းနှင့်အသားခြောက်ခြင်း

ဆောင်းတွင်းရောက်တဲ့အခါ လူတိုင်းအနည်းနဲ့အများတော့ အသားခြောက်ခြင်းကိုခံစားရမှာပါ။

အသားအရည်လေးတွေ ခြောက်လာပြီး အက်ကွဲကြောင်းလေးတွေပေါ်လာတတ်ရုံမက သိပ်ဆိုးတဲ့အခါအသားတွေနာကျင်ကွဲအက်ပြီး အရေပြားတွေပါကွာလို့ စိတ်ရောလူရောအနှောက့်အယှက် ဖြစ်ရတတ်ပါတယ်။

 

ဆောင်းတွင်းကျမှ ဘာကြောင့်အသားအရေပိုခြောက်ရသလဲ

ဘာကြောင့်လဲဆိုတော့ ဆောင်းတွင်းသည် ရာသီဥတုသာအေးနေပြီး လေထုစိုထိုင်းဆ(Humidity level)မှာ လျော့ကျသောကြောင့် လူ့ခန္ဓာကိုယ်အရေပြားတွေပါ ခြောက်သွေ့လာရခြင်းဖြစ်ပါတယ်။

အရေပြားပေါ်တွင်သဘာအတိုင်းရှိနေသော အဆီလေးတွေဟာ အရေပြားအစိုဓါတ်ကိုထိန်းသိမ်းပေးထားပါတယ်။ဆောင်းတွင်းရဲ့ ကျဆင်းနေတဲ့ လေထုစိုစိုင်းဆကြောင့် အရေပြားပေါ်ကအဆီလေးတွေပါ ခြောက်သွေ့လာပြီး အစိုဓါတ်ကိုမထိန်းသိမ်းနိုင်တော့ပဲ အသားအရေခြောက်ရခြင်းဖြစ်ပါတယ်။

ဆောင်းတွင်းမှာအသားခြောက်ခြင်းကို ဘယ်လိုသက်သာအောင်လုပ်ကြမလဲ

၁။Moisturizer လိမ်းပါ။ Moisturizer တွေဟာ အသားအရည်ရဲ့အစိုဓါတ်ကိုဖြည့်တင်းပေးနိုင်လို့ အသားခြောက်ခြင်းမဖြစ်အောင်ကာကွယ်နိုင်ရုံမက သက်သာအောင်ပါကုသပေးနိုင်ပါတယ်။

မှန်ကန်တဲ့ Moisturizer လိမ်းခြင်းဟာ ဆောင်းတွင်းအသားခြောက်ခြင်းကို သက်သာပျောက်ကင်းစေမှာအမှန်ပါပဲ။

Moisturizer မှာ အဓိကအနေနဲ့ (၄)မျိုးရှိပါတယ်။

၁)Ointment moisturizer-သူကတော့ အရေပြားအစိုဓါတ်ကိုအထိန်းပေးနိုင်ဆုံးဖြစ်ပေမယ့် သူ့ရဲ့အားနည်းချက်က စေးကပ်ကပ်ဖြစ်တော့ ကသိကအောင့်ဖြစ်ပါတယ်။ပြီး သူ့ကိုလိမ်းပီး အပြင်တွေဘာတွေသွားလဲ သိပ်အဆင်မပြေပါဘူး။အိမ်နေရင်း လိမ်းမယ်ဆိုရင်တော့သင့်တော်ပါတယ်(ဥပမာ-Vaseline )

၂)Oil moisturizer-သဘာဝကရတဲ့ အသီးအနှံအဆီတွေနဲ့ပြုလုပ်ထားတဲ့ moisturizer ပါ။ သူတို့ကတော့ Ointment moisturizer လိုစေးကပ်ကပ်မဖြစ်စေပဲ အစိုဓါတ်ထိန်းသိမ်းပေးနိုင်မှုလဲ သိပ်မကွာပါဘူး။အပြင်သွားတာပဲဖြစ်ဖြစ် အိမ်မှာနေရင်းပဲဖြစ်ဖြစ် လိမ်းပေးနိုင်ပါတယ်။(ဥပမာ- Bio oil)

၃)Cream moisturizer-သူတို့ကတော့လိမ်းရတာ အဆင်ပြေသလို စုပ်ယူမှုလဲကောင်းပါတယ်။Hand cream လိုဟာမျိုးတွေပါ။

၄)Lotion moisturizer-သူတို့ကတော့ ဒီ(၄)မျိုးထဲမှာ စေးကပ်မှုအနည်းဆုံးဖြစ်သလို သူ့မှာ Alcohol ပါဝင်မှုများတာကြောင့် အစိုဓါတ်ထိန်းပေးနိုင်မှုမှာတော့ အနည်းဆုံးဖြစ်ပါတယ်။

ဘယ်အချိန်မှာ Moisturizer လိမ်းကြမလဲ

ဟုတ်ကဲ့။မျက်နှာသစ် ရေချိုးပြီးစ အချိန်မှာလိမ်းရင် အကောင်းဆုံးပါပဲ။

အဲ့ဒီအချိန်တွေမှာ အသားအရေဟာစိုစွတ်နေတော့ Moisturize လိမ်းပေးခြင်းဖြင့် အစိုဓါတ်ကိုအစွမ်းကုန် ထိန်းသိမ်းပေးနိုင်လို့ပါပဲ။

၂။ဆပ်ပြာနဲ့ Hand sanitizer တွေကိုလိုအပ်တာထက်ပို မသုံးပါနဲ့။ ဆပ်ပြာနဲ့ Hand sanitizer များဟာ အသားအရေကိုခြောက်သွေ့စေနိုင်တာမို့ လိုအပ်သလောက်သာ သုံးပေးပါ။အဓိက ချိုင်းကြား၊ပေါင်ခြံကြား နဲ့ ခြေလက်တွေကိုပဲ သေချာတိုက်ချွတ်ဆေးကြောသင့်ပါတယ်။

၃။ရေနွေးဖြင့်ရေချိုးခြင်းကိုတတ်နိုင်သမျှရှောင်ပါ။ ဆောင်းတွင်းအေးတော့ အတော်များများ ရေနွေးနဲ့ ရေချိုးကြပါတယ်။ ရေနွေးဖြင့် ရေချိုးခြင်းဟာ အသားအရေပေါ်မှာရှိတဲ့ အဆီလေးတွေကိုပျော်စေပြီး အရေပြားခြောက်ခြင်းကိုလဲ ပိုဆိုးစေပါတယ်။ ရေနွေးနဲ့ချိုးမယ့်အစား ရေမချိူးခင်လေး ကိုယ်လက်လှုပ်ရှားမှုလေးပြုလုပ်ပြီးမှ ရေချိုးခြင်းက ခန္ဓာကိုယ်ကိုနွေးထွေးစေသလို သွေးလည်ပတ်မှုလဲကောင်းစေပါတယ်။

နောက် ရေချိုးတဲ့အခါ ဂျီးအကြာကြီးတွန်းတာတို့ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာတို့ မလုပ်သင့်ပါဘူး။ဒီလိုလုပ်ခြင်းဟာ သင့်အရေပြားကိုပိုမသန့်ရှင်းစေတဲ့အပြင် အသားအရေပေါ်ကအဆီလေးတွေပါ ပါသွားလို့ အသားတောင်ပိုခြောက်သွေ့စေနိုင်ပါတယ်။

ကဲ ဒီတစ်ခေါက်ဆောင်းတွင်းကိုတော့ ဒီစာလေးထဲကအတိုင်း လိုက်လုပ်ကြည့်ပြီး စိုစိုပြေပြေအသားအရည်လေးနဲ့ အထာကျကျကုန်ဆုံးလိုက်ကြပါစို့။

dr yelwin

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…