ခြောက်သွေ့သော အသားအရေနှင့်ဗီတာမင်အေ
ဗီတာမင်အေဟာ လူတို့ရဲ့ ခန္ဓာကိုယ်ကိုများစွာအကျိုးပြုပြီး အရေပြားကိုလဲ ကျန်းမာသန်စွမ်းစေပါတယ်။ဗီတာမင်အေဓါတ် မပြည့်ဝခြင်းဟာ အသားအရေခြောက်သွေ့ခြင်းကိုသာမက အခြားသောအရေပြားပြဿနာများကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဗီတာမင်အေဆိုတာ ဘာလဲ?
ဗီတာမင်အေဟာ အဆီတွင်ပျော်ဝင်သော လူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပြီး မျက်စိအမြင်အာရုံ၊ကိုယ်ခံစွမ်းအားစနစ်၊မျိုးဆက်ပွားခြင်းနှင့် အရေပြားကျန်းမာရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးပါတယ်။
ဗီတာမင်အေ ဘယ်နှစ်မျိုးရှိသလဲ?
(၂)မျိုးရှိပါတယ်။
က)Retinoids(Preformed Vitamin A)-အသား၊ငါး၊ကြက်ဥနဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်ပါတယ်။
ခ)Carotenoids(Proformed Vitamin A) – အသီးအရွက်များ(အနီရောင်၊အဝါရောင်၊လိမ္မော်ရောင်၊အစိမ်းရောင်ရှိသော)မှာပါဝင်ပါတယ်။
အစားအစာထဲတွင်ပါဝင်သော Retioids နဲ့ Carotenoids ကို လူ့အသည်းမှ Retinol အဖြစ်သို့ ပြောင်းလဲပေးပါတယ်။
ဗီတာမင်အေဓါတ်နည်းရင် အသားအရေကိုဘယ်လိုထိခိုက်စေနိုင်သလဲ?
ဗီတာမင်အေဓါတ်နည်းခြင်းဟာ ခန္ဓာကိုယ်ကိုများစွာထိခိုက်စေပါတယ်။
ထိုထဲကမှ အသားအရေခြောက်သွေ့ခြင်းအကြောင်းပြောပြချင်ပါတယ်။
ဗီတာမင်အေဟာ အရေပြားဆဲလ်လေးတွေကိုပြင်ဆင်ပေးခြင်း၊ထုတ်လုပ်ပေးခြင်းတို့တွင်ပါဝင်ရုံမက အရေပြားရောင်ရမ်းမှုကိုလဲသက်သာစေနိုင်ပါတယ်။
ဗီတာမင်အေချို့တဲ့ပါက နှင်းခူ(Eczema)ကဲ့သို့သော အရေပြားခြောက်သွေ့ခြင်းရောဂါများအပြင် ကြာဆူး၊အရေးအကြောင်းနဲ့ ဝက်ခြံများလဲဖြစ်ပေါ်တတ်ပါတယ်။နှင်းခူဟာ အသားအရေများခြောက်သွေ့၊ယားယံပြီး ကွာကျတဲ့အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်၊၊ဗီတာမင်အေဟာ နှင်းခူရောဂါကိုကုသရာမှာ များစွာအရေးပါပါတယ်။
အသားအရေခြောက်ခြင်းကို ဗီတာမင်အေနဲ့ ဘယ်လိုကုသမလဲ?
ဗီတာမင်အေ(၂)မျိုးရှိတဲ့အထဲမှာ Retinoids ကို အရေပြားကနေအလွယ်တကူစုပ်ယူနိုင်ပြီး တုန့်ပြန်မှုကောင်းပါတယ်။
ဒါကြောင့်မို့ Retinoids ပါဝင်သော Moisturizer ၊ sunscreen ၊ သဘာဝအသီးအနှံများမှဖော်စပ်ထားသော အရေပြားအလှဆီများနဲ့ Anti-aging cream တွေဟာ အရေပြားပြဿနာများကို ကုသရာတွင်အသုံးဝင်ပါတယ်။
အသားအရေခြောက်သွေ့ခြင်း၊နှင်းခူရောဂါ၊သာမန်အရေးအကြောင်းလေးများနဲ့ဝက်ခြံပေါက်ခြင်းတို့ကို ဗီတာမင်အေ(Retinoids)ပါဝင်သော အထက်ပါအရေပြားကျန်းမာရေးပစ္စည်းများလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ပြီးပြည့်စုံတဲ့ အသားအရေအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
drye’lwin