အပျိုကြီးဖြစ်လို့ နှုတ်ခမ်းခြောက်တာလား?

တစ်ဆိတ်ရှိ ဒီအပျိုကြီးတွေပဲ ထိခိုက်ခံနေရတာပါပဲ။တကယ်တော့ အပျိုကြီးဖြစ်လို့ နှုတ်ခမ်းခြောက်တာမဟုတ်သလို နှုတ်ခမ်းခြောက်လို့ အပျိုကြီးဖြစ်တာလဲ မဟုတ်ရပါဘူး။

ဒါဆို ဘယ်သူတွေမှာ နှုတ်ခမ်းခြောက်လဲ?

ကျား/မ၊ အပျို/အအို၊ ကလေး/လူကြီးမရွေး လူတိုင်းနှုတ်ခမ်း ခြောက်နိုင်ပါတယ်။

ဘယ်လိုအရာတွေက နှုတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေသလဲ?

၁)ရေဓါတ်နည်းခြင်း။

၂)လျှာဖြင့်နှုတ်ခမ်းအား ခနခနလျက်ခြင်း။

၃)နေလောင်ခြင်း၊ဆောင်းတွင်းရာသီဥတုနှင့်ထိတွေ့ခြင်း။

၄)ပါးစပ်ဖြင့် အသက်ရှူခြင်း။

၅)အာဟာရ၊ဗီတာမင် ပြည့်ဝစွာမစားခြင်း။

၆)ကောင်းမွန်သော အဆီများ လုံလောက်စွာမစားခြင်း။

၇)နှုတ်ခမ်းဆိုးဆေး/သွားတိုက်ဆေးများနှင့် မတည့်ခြင်း။

၈)အချဉ်၊အငံ၊အပူအစပ်များ အစားများခြင်း။

နှုတ်ခမ်းကွဲခြင်းကို ဘယ်လိုကာကွယ်မလဲ?

၁)နှုတ်ခမ်းကို လျှာဖြင့်ခနခနလျက်ခြင်းမှရှောင်ကြဉ်ပါ။တံတွေးဟာ အငွေ့ပျံမှုမြန်ဆန်ပြီး နှုတ်ခမ်းသားကိုပိုခြောက်စေနိုင်ပါတယ်။

၂)Flavoured lip balmများကိုရှောင်ပါ။အနံ့အရသာများပါဝင်သော lip balm များဟာ နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့စေပါတယ်။

၃)နေလောင်ဒဏ်ကိုရှောင်ပါ။နေပူထဲထွက်လျှင် Sunscreen(သို့)lip balm လိမ်းထွက်ပါ။

၄)အေးခဲသောရာသီဥတုများတွင် အပြင်ထွက်လျှင် နှုတ်ခမ်းကိုလည်စည်း(သို့)ပဝါဖြင့် ဖုံးပြီးမှထွက်ပါ။

၅)မိမိနှင့်မတည့်သော အလှပြင်ပစ္စည်းများကိုရှောင်ပါ။

၆)ရေများများသောက်ပါ။

နှုတ်ခမ်းကွဲခြင်းကို ဘယ်လိုကုသနိုင်မလဲ?

၁)Moisturizer လိမ်းပါ။ သဘာဝအသီးအနှံမှထုတ်တဲ့ အဆီ၊ပျားဖယောင်း စသည်တို့ကိုလိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားကို စွတ်စိုတင်းရင်းစေပြီး နှုတ်ခမ်းကွဲခြောက်ခြင်းကို သက်သာစေပါတယ်။

၂)Unflavored lip balm(အနံ့အရသာမပါဝင်သော နှုတ်ခမ်းလိမ်းဆေး)များလိမ်းခြင်းဖြင့်လဲ နှုတ်ခမ်းကွဲခြင်းကိုသက်သာစေနိုင်ပါတယ်။

၃)Humidier သုံးခြင်း။ ခြောက်သွေ့အေးမြသောရာသီဥတု(ဥပမာ-ဆောင်းရာသီ)တွင် အိမ်ခန်းထဲ၌ Humidifier ထားရှိခြင်းက သင့်အရေပြားကိုရောနှုတ်ခမ်းကိုပါ အစိုဓါတ်ပေးထားပြီး နှုတ်ခမ်းကွဲခြောက်ခြင်းကို သက်သာစေမှာပါ။

၄)ဆရာဝန်နှင့်ပြသခြင်း။ အကယ်၍အထက်ပါနည်းများဖြင့်မသက်သာပဲ နှုတ်ခမ်းအကွဲလွန်သွေးထွက်ခါ ရောင်ရမ်းပါက နီးစပ်ရာဆရာဝန်နှင့်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

စိုစိုပြေပြေ တင်းတင်းရင်းရင်း နှုတ်ခမ်းသားအလှလေး ပိုင်ဆိုင်နိုင်ကြပါစေ။

drye’lwin d

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…