သင်ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်သင့်တဲ့ ဆေးတွေ
သင့်ရဲ့ကိုးလတာ ကိုယ်ဝန်ဆောင်ချိန်ဟာ…. သင့်အတွက်တော့ ကိုးလပေမယ့် သင့်ကလေးအတွက်တော့…. တစ်ဘဝလုံးပါ
သင့်ရဲ့စောင့်ရှောက်မှူမှန်ကန်ခဲ့ရင်…. သင့်ကလေးကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးကြီးထွား မွေးဖွားလာမှာဖြစ်ပြီး….. မသုံးသင့်တဲ့ဆေးဝါးတွေကို သင်သုံးမိခဲ့မယ်ဆိုရင်တော့… ဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်သွားနိုင်ပါတယ်….
ကိုယ်ဝန်ဆောင်စဉ်မှာ သင်ရှောင်သင့်တဲ့ ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကတော့ ဒီမှာပါ….
(1) အရက်§၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး
(2) ဆေးခြောက်§၊ ကိုကင်း§၊ ဟီးရိုးအင်းအပါအဝင် မူးယစ်ဆေးတွေ
(3) ပြဒါး (mercury) ၊ ဓာတ်ရောင်ခြည် (x’ ray) နဲ့ အချို့သော ဆံပင်ဆိုးဆေး၊ ဖြောင့်ဆေး၊ ကောက်ဆေးတွေ
(4) ကင်ဆာကုသရာမှာသုံးတဲ့ဆေးဝါးများ… ဥပမာ Aminopterin
(5) အချို့သော သွေးပေါင်ကျဆေးများ…. ဥပမာ Enalapril, Perindopril, Ramipril
(6) အချို့သော ဝက်ခြံပျောက်ဆေး ဥပမာ Isotretinoin
(7) ဗီတာမင် အေ (ပမာဏများများ သောက်မိလျှင်)
(8) အချို့သော ပိုးသတ်ဆေးများ… ဥပမာ….Norfloxaccin
(9) Warfarin (သွေးကြဲဆေး)
(10) စိတ်ငြိမ်ဆေးနှင့်အိပ်ဆေးအချို့
ဥပမာ… phenothiazine, lithium, diazepam
(11) အတက်ကျဆေးအချို့
ဥပမာ…. phenytoin, valporic acid, trimethadione
(12) ဟော်မုန်းဆေးများ…( ကျားဟော်မုန်း မဟော်မုန်း)
(13) သိုင်းရွက်အကြိတ်ရောဂါတွင်သုံးသောဆေးအချို့
ခုလောက်ဆိုရင်… ကိုယ်ဝန်ဆောင်စဉ်မှာ မသုံးစွဲသင့်တဲ့ ဆေးဝါးနဲ့ ဓာတုပစ္စည်း တွေကို အကြမ်းဖျဉ်း သိရှိရှောင်ကြဉ်နိုင်လောက်မယ် ထင်ပါတယ်….
အကောင်းဆုံးကတော့… ကိုယ်ဝန်ဆောင်တွေ သောက်သုံးမယ့် ဆေးဝါးတွေကို သိနားလည်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါကြောင်း……
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်
(9) Warfarin (သွေးကြဲဆေး)
(11) အတက်ကျဆေးအချို့
မေတ္တာဖြင့်
Dr. စိမ်းမိုးစက်