Lactating Mother

” နို့တိုက်မိခင်နှင့်သတိထားသင့်သောဆေးဝါးများ”

နို့တိုက်မိခင်တိုင်းဆေးခန်းလာပြရင်မေးလေ့ရှိတဲ့မေးခွန်းလေးရှိပါတယ်။

“ဆရာမ ဒီဆေးတွေသောက်ရင်ကလေးကိုထိခိုက်မှာလား ” ဆိုတာပါ။ တကယ့်လက်တွေ့မှာတော့ ဆေးတိုင်းက မိခင်နို့ရည်ထဲပါတာတော့မဟုတ်ပါဘူး။ ဆေးတချို့ကတော့ မိခင်နို့ရည်ထဲမှာ အန္တရာယ်မဖြစ်နိုင်တဲ့ပမာဏတစ်ခုထိ ပါတတ်ပါတယ်။ဒီပမာဏဟာကလေးအတွက် မထိခိုက်စေပါဘူး။ ဒါပေမယ့်တချို့သောဆေးတွေကြတော့ နို့ရည်ထဲပါဝင်တဲ့ပမာဏက ကလေးအတွက်ထိခိုက်စေပါတယ်။ ဒါကြောင့်နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောနဲ့ဆေးတွေ သောက်သုံးတာမျိုးမလုပ်သင့်ပါဘူး။ မသောက်သုံးသင့်တဲ့ဆေးတွေကတော့

  • ဖျားနာကိုက်ခဲပျောက်ဆေးထဲမှာဆိုရင် Aspirin ဟာ ကလေးငယReye’s syndrome လို့ခေါ်တဲ့ အန်တာတို့၊ မလုပ်ချင်မသယ်ချင်တာတို့၊အစားမစားချင်တာတို့ ဖြစ်စေတာမို့ မသောက်သင့်ပါဘူး။
  • ပိုးသတ်ဆေးထဲမှာဆိုရင် Tetracycline သောက်သုံးရင်ကလေးငယ်သွားမှာ အရောင်စွန်းတာမျိုးဖြစ်နိုင်ပါတယ်။
  • Fluroquinolone အနွယ်ဝင် ( ဥပမာ_ Ciprofloxacin, Levofloxacin) ဆေးတွေဟာလည်း နို့တိုက်မိခင်အတွက်မသင့်တော်ပါဘူး။
  • Nitrofurantoin ; Sulphur ပါတဲ့ဆေးမျိုးဟာလည်း G6PD ချို့တဲ့တဲ့ကလေးငယ်တွေကို အသားဝါခြင်းဖြစ်စေလို့ နို့တိုက်မိခင်အနေနဲ့မသောက်သင့်ပါဘူး။
  • အတက်ကျဆေးထဲမှာဆိုရင် Phenobarbitone ကလည်း နို့တိုက်မိခင်အတွက်မသင့်တော်ပါဘူး။
  • နှလုံးဆေးထဲမှာဆိုရင် Amiodarone ကလည်း နို့တိုက်မိခင် မသောက်သင့်ပါဘူး။
  • အိပ်ဆေးတို့ ၊ စိတ်ငြိမ်ဆေးတို့ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ ခဏတာ ရေတိုသောက်လို့ ရနိုင်ပေမယ့် ရေရှည်တော့ ုံးဝမသောက်သင့်ပါဘူး။

မယ်တင်( ဆေး ၁)

” ႏို႔တိုက္မိခင္ႏွင့္သတိထားသင့္ေသာေဆးဝါးမ်ား”

ႏို႔တိုက္မိခင္တိုင္းေဆးခန္းလာျပရင္ေမးေလ့ရွိတဲ့ေမးခြန္းေလးရွိပါတယ္။

“ဆရာမ ဒီေဆးေတြေသာက္ရင္ကေလးကိုထိခိုက္မွာလား ” ဆိုတာပါ။ တကယ့္လက္ေတြ႕မွာေတာ့ ေဆးတိုင္းက မိခင္ႏို႔ရည္ထဲပါတာေတာ့မဟုတ္ပါဘူး။ ေဆးတခ်ိဳ႕ကေတာ့ မိခင္ႏို႔ရည္ထဲမွာ အနၱရာယ္မျဖစ္ႏိုင္တဲ့ပမာဏတစ္ခုထိ ပါတတ္ပါတယ္။ဒီပမာဏဟာကေလးအတြက္ မထိခိုက္ေစပါဘူး။ ဒါေပမယ့္တခ်ိဳ႕ေသာေဆးေတြၾကေတာ့ ႏို႔ရည္ထဲပါဝင္တဲ့ပမာဏက ကေလးအတြက္ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ႏို႔တိုက္မိခင္ေတြအေနနဲ႔ ဆရာဝန္ညႊန္ၾကားခ်က္မရွိဘဲ မိမိသေဘာနဲ႔ေဆးေတြ ေသာက္သံုးတာမ်ိဳးမလုပ္သင့္ပါဘူး။ မေသာက္သံုးသင့္တဲ့ေဆးေတြကေတာ့

  • ဖ်ားနာကိုက္ခဲေပ်ာက္ေဆးထဲမွာဆိုရင္ Aspirin ဟာ ကေလးငယReye’s syndrome လို႔ေခၚတဲ့ အန္တာတို႔၊ မလုပ္ခ်င္မသယ္ခ်င္တာတို႔၊အစားမစားခ်င္တာတို႔ ျဖစ္ေစတာမို႔ မေသာက္သင့္ပါဘူး။
  • ပိုးသတ္ေဆးထဲမွာဆိုရင္ Tetracycline ေသာက္သံုးရင္ကေလးငယ္သြားမွာ အေရာင္စြန္းတာမ်ိဳးျဖစ္ႏိုင္ပါတယ္။
  • Fluroquinolone အႏြယ္ဝင္ ( ဥပမာ_ Ciprofloxacin, Levofloxacin) ေဆးေတြဟာလည္း ႏို႔တိုက္မိခင္အတြက္မသင့္ေတာ္ပါဘူး။
  • Nitrofurantoin ; Sulphur ပါတဲ့ေဆးမ်ိဳးဟာလည္း G6PD ခ်ိဳ႕တဲ့တဲ့ကေလးငယ္ေတြကို အသားဝါျခင္းျဖစ္ေစလို႔ ႏို႔တိုက္မိခင္အေနနဲ႔မေသာက္သင့္ပါဘူး။
  • အတက္က်ေဆးထဲမွာဆိုရင္ Phenobarbitone ကလည္း ႏို႔တိုက္မိခင္အတြက္မသင့္ေတာ္ပါဘူး။
  • ႏွလံုးေဆးထဲမွာဆိုရင္ Amiodarone ကလည္း ႏို႔တိုက္မိခင္ မေသာက္သင့္ပါဘူး။
  • အိပ္ေဆးတို႔ ၊ စိတ္ၿငိမ္ေဆးတို႔ဆိုရင္ေတာ့ ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ ခဏတာ ေရတိုေသာက္လို႔ ရႏိုင္ေပမယ့္ ေရရွည္ေတာ့ ံုးဝမေသာက္သင့္ပါဘူး။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *