ကျွန်တော့်ကို ပြင်ဆင်ခွင့်ပေးပါ မေမေ။( ရာမ အိပ်မက်ရိုင်း)

ကျွန်တော့် နာမည်က လင်းဦး။ ငယ်ငယ်ထဲက စာတော်တယ်။ မူလတန်းကစ ဆယ်တန်းထိ မေမေပြောသမျှ အကုန်လိုက်နာတယ်။ မေမေတက်ခိုင်းတဲ့ တက္ကသိုလ်ပဲတက်တယ်။ ကျွန်တော့ဘဝမှာ အမှားအယွင်းဆိုတာမရှိခဲ့ဘူး။

* သူနဲ့မတွေ့ခင်အထိပေါ့။* သူဆိုတာ ကျွန်တော်တို့ လူငယ်တွေကြား ရေပန်းစားတယ်ဗျ။ သူ့ကိုမသိရင် ခေတ်မမှီသလိုဘဲ။ သူငယ်ချင်းတွေကလည်း စမ်းသုံးကြည့်ဆိုတာနဲ့ ကျွန်တော် စိတ်ယိုင်ခဲ့တယ်။ကျွန်တော် စ မှားခဲ့တယ်။ သူကပဲ ကျွန်တော့် ဘဝကို ဖျက်ခဲ့တယ်။ လူ့အသိုင်းအဝိုင်းထဲက ဆွဲထုတ်ခဲ့တယ်။
သူ့နာမည်က ” WY” ။ ရာမတဲ့လူငယ်သဘာဝ လေ့လာချင်တာတွေကလည်း အများသား။ သူ့ကို စသုံးတဲ့အချိန်မှာတော့ အပျော်သဘောပါပဲ။ကျွန်တော် စတွေ့တော့ သူငယ်ချင်းတွေက သူ့ကို မီးလေးရှို့ ပိုက်လေးနဲ့ မက်မက်မောမော ရှူနေကြတယ်။သူတို့ပြောတော့လည်းနတ်ပြည်ရောက်သွားသလိုဆိုတော့ ကျွန်တော်စမ်းကြည့်မိတယ်။သုံးတာကြာတော့ စွဲတယ်ပေါ့ဗျာ။

စစသုံးတော့ သူငယ်ချင်းတွေပြောသလို လူကပေါ့ပေါ့လေးဖြစ်လာတယ်။ ကောင်းလာတယ်။ စွမ်းအင်တွေပြည့်လာသလိုခံစားရတယ်။ အရမ်းကိုတက်ကြွနေတယ်။ အဲ့မှာထူးခြားတာတစ်ခုကမအိပ်ဘဲ အကြာကြီးနေနိုင်တယ်။ အိပ်ချင်စိတ်မရှိဘဲ အလိုလိုကို လန်းဆန်းနေတာ။သုံးပြီးရက်ကြာလာတော့ ကျွန်တော် လူအေးတစ်ယောက် သိသိသာသာ စိတ်တွေတိုတတ်လာတယ်။ဘာမဟုတ်တာလေးကို ဒေါသတစ်ကြီး တုန့်ပြန်လာတတ်တယ်။ ဒီလိုကြမ်းတမ်းလာတာကို ပထမဆုံးသတိထားမိသူက ကျွန်တော့်အမေ ။ အမေကတော့ ငိုပြီး ကျွန်တော့ကို ဒီလိုတွေ မကြမ်းတမ်းဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော့အတွေးတွေက ပုံမှန်မဟုတ်ခဲ့ပါဘူး။ ဆေးတွေ သုံးတတ်တဲ့ လူငယ်တွေအကြောင်းမသိတဲ့အမေကလည်း မရိပ်မိခဲ့ပါဘူး။ဒီလိုနဲ့ ကျွန်တော် မှားပြီးရင်း မှားခဲ့ပါတယ်။ဖြတ်ဖို့လား ကျွန်တော်ကြိုးစားပါသေးတယ်။ ဒါပေမယ့် မဟုတ်တာတွေမြင်လာတယ်။ အကောင်လေးတွေ ကိုယ်ပေါ်တက်လာသလို တစ်ကိုယ်လုံးမရိုးမရွဖြစ်လာတဲ့ သွေးတောင်းတဲ့
ဒဏ်ကို ကျွန်တော် မကျော်ခဲ့နိုင်ပါဘူး။ ဒီလိုနဲ့ပဲ လူ့အသိုင်းအဝိုင်းနဲ့ဝေးကွာလာတဲ့ကျွန်တော် အမိုက်မှောင်မှာ ပျော်နေလေရဲ့။ကံကြမ္မာ ဆိုးကြီးမဝင်ခင်အထိပေါ့။တစ်နေ့ကျွန်တော်တို့ သူငယ်ချင်းတွေစုံနေတဲ့အချိန်ရဲတွေရောက်လာကြတယ်။ သတင်းအတိအကျရထားပုံပါဘဲ။မကောင်းမှုဆိုတာပြေးမလွတ်ပါဘူး။ ကျွန်တော် နောင်တရတဲ့အချိန်ကအချိန်ကောင်းမဟုတ်ခဲ့ပါဘူး။ အခုဆို အမေလည်း စိတ်ထောင်းကိုယ်ကြေ နဲ့ ထောင်ဝင်စာလာတွေ့နေရဲ့။အဖေကတော့ ရှက်လို့တဲ့ ။ အမေလာတွေ့တော့ ကျွန်တော်က ” ကျွန်တော် မရည်ရွယ်ပါဘူး အမေရယ်လို့” ပြောတဲ့အခါ အမေက” တစ်ချို့ကိစ္စတွေက မရည်ရွယ်ဘဲတောင် မစမ်းသပ်သင့်ဘူး ငါ့သား ” တဲ့။ကျွန်တော် စောစောသိ ခဲ့ရင်ကောင်းသားဗျာ။လူငယ်တိုင်းမဟုတ်ပေမယ့် ခုလို လက္ခဏာတွေ မူမမှန်တာတွေ တွေ့လာရမယ်ဆိုရင် မိဘတွေအနေနဲ့ပိုဂရုစိုက်ဖို့ ပိုပြီး သတိထားဖို့ လိုတယ်ဆိုတာလေး မိဘတွေကို ပြောပြချင်လို့ဒီဆောင်းပါးလေးကိုရေးသားလိုက်ခြင်းဖြစ်ပါတယ်။

မယ်တင်( ဆေး ၁)

ကၽြန္ေတာ့္ကို ျပင္ဆင္ခြင့္ေပးပါ ေမေမ။( ရာမ အိပ္မက္ရိုင္း)

ကၽြန္ေတာ့္ နာမည္က လင္းဦး။ ငယ္ငယ္ထဲက စာေတာ္တယ္။ မူလတန္းကစ ဆယ္တန္းထိ ေမေမေျပာသမၽွ အကုန္လိုက္နာတယ္။ ေမေမတက္ခိုင္းတဲ့ တကၠသိုလ္ပဲတက္တယ္။ ကၽြန္ေတာ့ဘဝမွာ အမွားအယြင္းဆိုတာမရွိခဲ့ဘူး။

* သူနဲ႔မေတြ႕ခင္အထိေပါ့။* သူဆိုတာ ကၽြန္ေတာ္တို႔ လူငယ္ေတြၾကား ေရပန္းစားတယ္ဗ်။ သူ႔ကိုမသိရင္ ေခတ္မမွီသလိုဘဲ။ သူငယ္ခ်င္းေတြကလည္း စမ္းသံုးၾကည့္ဆိုတာနဲ႔ ကၽြန္ေတာ္ စိတ္ယိုင္ခဲ့တယ္။ကၽြန္ေတာ္ စ မွားခဲ့တယ္။ သူကပဲ ကၽြန္ေတာ့္ ဘဝကို ဖ်က္ခဲ့တယ္။ လူ႔အသိုင္းအဝိုင္းထဲက ဆြဲထုတ္ခဲ့တယ္။
သူ႔နာမည္က ” WY” ။ ရာမတဲ့လူငယ္သဘာဝ ေလ့လာခ်င္တာေတြကလည္း အမ်ားသား။ သူ႔ကို စသံုးတဲ့အခ်ိန္မွာေတာ့ အေပ်ာ္သေဘာပါပဲ။ကၽြန္ေတာ္ စေတြ႕ေတာ့ သူငယ္ခ်င္းေတြက သူ႔ကို မီးေလးရႈိ့ ပိုက္ေလးနဲ႔ မက္မက္ေမာေမာ ရႉေနၾကတယ္။သူတို႔ေျပာေတာ့လည္းနတ္ျပည္ေရာက္သြားသလိုဆိုေတာ့ ကၽြန္ေတာ္စမ္းၾကည့္မိတယ္။သံုးတာၾကာေတာ့ စြဲတယ္ေပါ့ဗ်ာ။

စစသံုးေတာ့ သူငယ္ခ်င္းေတြေျပာသလို လူကေပါ့ေပါ့ေလးျဖစ္လာတယ္။ ေကာင္းလာတယ္။ စြမ္းအင္ေတြျပည့္လာသလိုခံစားရတယ္။ အရမ္းကိုတက္ႂကြေနတယ္။ အဲ့မွာထူးျခားတာတစ္ခုကမအိပ္ဘဲ အၾကာႀကီးေနႏိုင္တယ္။ အိပ္ခ်င္စိတ္မရွိဘဲ အလိုလိုကုိ လန္းဆန္းေနတာ။သံုးၿပီးရက္ၾကာလာေတာ့ ကၽြန္ေတာ္ လူေအးတစ္ေယာက္ သိသိသာသာ စိတ္ေတြတိုတတ္လာတယ္။ဘာမဟုတ္တာေလးကို ေဒါသတစ္ႀကီး တုန္႔ျပန္လာတတ္တယ္။ ဒီလိုၾကမ္းတမ္းလာတာကို ပထမဆံုးသတိထားမိသူက ကၽြန္ေတာ့္အေမ ။ အေမကေတာ့ ငိုၿပီး ကၽြန္ေတာ့ကို ဒီလိုေတြ မၾကမ္းတမ္းဖို႔ေျပာတယ္။ ဒါေပမယ့္ ကၽြန္ေတာ့အေတြးေတြက ပံုမွန္မဟုတ္ခဲ့ပါဘူး။ ေဆးေတြ သံုးတတ္တဲ့ လူငယ္ေတြအေၾကာင္းမသိတဲ့အေမကလည္း မရိပ္မိခဲ့ပါဘူး။ဒီလိုနဲ႔ ကၽြန္ေတာ္ မွားၿပီးရင္း မွားခဲ့ပါတယ္။ျဖတ္ဖို႔လား ကၽြန္ေတာ္ႀကိဳးစားပါေသးတယ္။ ဒါေပမယ့္ မဟုတ္တာေတြျမင္လာတယ္။ အေကာင္ေလးေတြ ကိုယ္ေပၚတက္လာသလို တစ္ကိုယ္လံုးမရိုးမရြျဖစ္လာတဲ့ ေသြးေတာင္းတဲ့
ဒဏ္ကို ကၽြန္ေတာ္ မေက်ာ္ခဲ့ႏိုင္ပါဘူး။ ဒီလိုနဲ႔ပဲ လူ႔အသိုင္းအဝိုင္းနဲ႔ေဝးကြာလာတဲ့ကၽြန္ေတာ္ အမိုက္ေမွာင္မွာ ေပ်ာ္ေနေလရဲ႕။ကံၾကမၼာ ဆိုးႀကီးမဝင္ခင္အထိေပါ့။တစ္ေန႔ကၽြန္ေတာ္တို႔ သူငယ္ခ်င္းေတြစံုေနတဲ့အခ်ိန္ရဲေတြေရာက္လာၾကတယ္။ သတင္းအတိအက်ရထားပံုပါဘဲ။မေကာင္းမႈဆိုတာေျပးမလြတ္ပါဘူး။ ကၽြန္ေတာ္ ေနာင္တရတဲ့အခ်ိန္ကအခ်ိန္ေကာင္းမဟုတ္ခဲ့ပါဘူး။ အခုဆို အေမလည္း စိတ္ေထာင္းကိုယ္ေၾက နဲ႔ ေထာင္ဝင္စာလာေတြ႕ေနရဲ႕။အေဖကေတာ့ ရွက္လို႔တဲ့ ။ အေမလာေတြ႕ေတာ့ ကၽြန္ေတာ္က ” ကၽြန္ေတာ္ မရည္ရြယ္ပါဘူး အေမရယ္လို႔” ေျပာတဲ့အခါ အေမက” တစ္ခ်ိဳ႕ကိစၥေတြက မရည္ရြယ္ဘဲေတာင္ မစမ္းသပ္သင့္ဘူး ငါ့သား ” တဲ့။ကၽြန္ေတာ္ ေစာေစာသိ ခဲ့ရင္ေကာင္းသားဗ်ာ။လူငယ္တိုင္းမဟုတ္ေပမယ့္ ခုလို လကၡဏာေတြ မူမမွန္တာေတြ ေတြ႕လာရမယ္ဆိုရင္ မိဘေတြအေနနဲ႔ပိုဂရုစိုက္ဖို႔ ပိုၿပီး သတိထားဖို႔ လိုတယ္ဆိုတာေလး မိဘေတြကို ေျပာျပခ်င္လို႔ဒီေဆာင္းပါးေလးကိုေရးသားလိုက္ျခင္းျဖစ္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *