? ဆယ်တန်း (သို့မဟုတ်) မအိပ်ဘဲ မက်ကြတဲ့ အနာဂါတ် အိပ်မက်လှလှလေးတွေ ?

ကျောင်းဝင်းထဲကို အမောတကော ပြေးဝင်တော့ ခြေလှမ်းတွေက တစ်ခုခုဆွဲထားသလိုပဲ။
ပြေးလေ လေးလေ။
မောလိုက်တာ။
စာမေးပွဲခန်းထဲရောက်တဲ့ထိ တဒိုင်းဒိုင်းခုန်နေတဲ့ ရင်က မငြိမ်သေး။
နာရီကြည့်လိုက်တော့ အချိန်တော်တော်လွန်နေပြီ။

သူများတွေက ဝမ်းသာအားရ ဖြေနေကြပြီ။
မေးခွန်းမသတ်ဘူးထင်တယ်။ ပျော်စရာကြီးပေါ့။
စားပွဲပေါ်က မေးခွန်းစာရွက်ကို ဖတ်ကြည့်လိုက်မှ ခေါင်းကို မိုးကြိုးဆယ်ချက်လောက် ပစ်ချခံလိုက်ရသလိုပဲ။
အစ အဆုံး တစ်လုံးမှ မသိ။
ဝမ်းနည်းအားငယ်စိတ်တွေ လှိုက်ဆို့တက်လာပြီး မျက်ရည်တွေကျလာလုလုမှာပဲ ဖျတ်ခနဲ လန့်နိုးလာတယ်။

တော်သေးတယ်။
ဒါအိပ်မက်။
ဒီလို ဆယ်တန်းအိပ်မက်ဆိုးတွေက ဘယ်အရွယ်ရောက်ရောက်မက်တုန်း။

ဆယ်တန်းစာမေးပွဲက နတ်ကြီးတယ်တဲ့။
နတ်ထက်ပိုကြီးတာကတော့ မိဘတွေရဲ့ မျှော်လင့်ချက်။
ဆယ်ကျော်သက် ကလေးတစ်ယောက်အတွက်တော့ အဲ့ဒီ့မျှော်လင့်ချက်တွေကပေးတဲ့ စိတ်ရောကိုယ်ပါ ဖိစီးမှုတွေက သူ့ခံနိုင်ရည်ထက် ပိုကြီးနေတတ်တယ်။

ကိုးတန်းဖြေပြီးကတည်းက တက်လိုက်ရတဲ့ ကျူရှင်တွေ၊ ကျက်လိုက်ရတဲ့စာတွေ။
တောင်းလိုက်ရတဲ့ ဆုတွေ။
ပေးလိုက်ရတဲ့ ကန်တော့ပွဲတွေ။
ကလေးတွေတင်မက မိဘတွေပါ စိတ်မောလူမောဖြစ်ရတဲ့ စာမေးပွဲ။

ဆယ်တန်းဆိုတာက တာတိုပြေးပွဲမဟုတ်။
မာရသွန်ပြေးသလို သက်လုံကိုထိန်းထားပြီး မှန်မှန်လေးပြေးလာရသည့်ပွဲ။
ပန်းဝင်ခါနီးမှ ပိုအားသွန်ခွန်စိုက်ပြေးရပေမဲ့လည်း စာမေးပွဲနီးမှ မအိပ်မနေ အကြိုးစားလွန်လို့မရ။

ဆယ်တန်းစာမေးပွဲအတွက် နံပါတ်တစ်အရေးအကြီးဆုံးက စာရဖို့ဆိုရင် နံပါတ်နှစ်က ကျန်းမာဖို့ပါပဲ။
စာရဖို့ကတော့ ကိုယ့်ဟာကိုယ်ကျက်ပေါ့။
ကျန်းမာနေဖို့ကတော့ နည်းနည်းပြောပြမှာပေါ့။

ကျန်းမာရွှင်လန်းစိတ်ဖိစီးမှုကင်းစွာနဲ့ ဘယ်စာမေးပွဲမဆိုဖြတ်ကျော်နိုင်ဖို့ အတွက်..

၁။ အိပ်ပါ

ဆက်တိုက်အိပ်ချိန်တစ်နေ့ကို အနည်းဆုံး ၆ နာရီ ၇နာရီ ရှိရပါမယ်။
ဦးဏှောက်ရဲ့ မှတ်ဉာဏ်အတွက်ရော ကိုယ်ခံအားကောင်းဖို့ အတွက်ပါ အိပ်ရပါမယ်။
ကိုယ်ခံအားကျလာရင် အဖျားအနာ၊ နှာစေးချောင်းဆိုး၊ တုပ်ကွေး စတာတွေ ဝင်လာတတ်ပါတယ်။

စာမေးပွဲရက်တွေကတော့ လုံးဝအိပ်ရေးပျက်လို့မရပါဘူး။
မအိပ်ဘဲကျက်ပြီး အတင်းဆွဲခေါ်လာတဲ့စာတွေက စာမေးပွဲခန်းထဲရောက်မှ ခေါင်းထဲက အလုအယက်ဆင်းပြေးသွားတတ်တယ်။

၂။ စားပါ

– အချိန်မှန်မှန်စားဖို့လိုပါတယ်။

– စိတ်ဖိစီးရင် အစာအိမ်ရောဂါထတတ်တာမို့ အစာအိမ်ရောဂါ အခံရှိသူတွေ ပိုသတိထားစားသောက်ရပါတယ်။
အချဉ်၊အစပ်၊ လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်တွေက လန်းဆန်းစေတာမှန်ပေမဲ့ အစာအိမ်ရောင်သွားတတ်ပါတယ်။

– ဝမ်းပျက်ဝမ်းလျှောမဖြစ်ဖို့ လတ်ဆတ်သန့်ရှင်းတာလေးတွေစားဖို့ လိုပါတယ်။
စားလေ့ မရှိတာတွေ ရှောင်သင့်ပါတယ်။

-အာဟာရ ပြည့်တာလေးတွေရွေးစားပါ။
ငှက်ပျောသီး၊ ထောပတ်သီး၊ နွားနို့၊ ဒိန်ချဉ်၊ လိမ္မော်သီး၊ ကညွတ်၊ Almonds၊ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ Green Tea၊ စပျစ်သီး၊ ချောကလက် စတဲ့အစားအသောက်တွေက ဦးဏှောက် မှတ်ဉာဏ်အတွက် အရေးပါသလို စိတ်ဖိစီးမှုကိုလည်း လျော့စေပါတယ်။
အားရှိပေမဲ့ အယူသည်းရင်တော့ ဘဲဥ ကြက်ဥ ငုံးဥ ရှောင်ပေါ့။
စတာပါ။

၃။ အားဆေးတစ်ခုခုသောက်ပါ

စိတ်ဖိစီးမှုတွေလျော့စေဖို့Vitamin B1, B2, B3, B5, B6, B12 ဆိုတဲ့ Vitamin B complex လိုပါတယ်။
ဦးဏှောက်ရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။
ကိုယ်တိုင်လည်း စာသေချာကျက်ဖို့တော့ လိုတာပေါ့နော။
ကိုယ်ခံအားကောင်းဖို့ကတော့ Vitamin C လိုပါတယ်။

အစားအသောက်တွေမှာ ဒီ Vitamins တွေပါနေပေမဲ့လည်း စနစ်တကျ တွက်ချက် မစားသောက်နိုင်တဲ့အတွက် အားဆေးတစ်ခုခုသောက်တာတော့ မမှားပါဘူး။
မသောက်ခင် ဗိုက်ထဲအစာရှိဖို့တော့ လိုတာပေါ့။
ကလေးတွေ အတွက်လိုအပ်သလို ကျောင်းအပြင်ကနေ တူတူဖြေပြီး အပူတွေဝေနေတဲ့ မိဘတွေအတွက်လည်း လိုပါတယ်။

ဘာဖြစ်ဖြစ် အကောင်းဆုံးအားဆေးကတော့ အားလုံးမှာရှိပြီးသားနေမှာပါ။
‘စာမေးပွဲ ပြီးရင်’ဆိုပြီး ကြိုတွေးထားတဲ့ ပျော်စရာတွေရယ်..
သိပ်မဝေးတော့တဲ့ နေရာတစ်ခုမှာ ကိုယ့်ကိုစောင့်ကြိုနေမဲ့ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်အိပ်မက် လှလှလေးတွေရယ်ပေါ့။

ကဲ…အားတင်းထား။

Dr Phyowai Lynn

? ဆယ္တန္း (သို႔မဟုတ္) မအိပ္ဘဲ မက္ၾကတဲ့ အနာဂါတ္ အိပ္မက္လွလွေလးေတြ ?

ေက်ာင္းဝင္းထဲကို အေမာတေကာ ေျပးဝင္ေတာ့ ေျခလွမ္းေတြက တစ္ခုခုဆြဲထားသလိုပဲ။
ေျပးေလ ေလးေလ။
ေမာလိုက္တာ။
စာေမးပြဲခန္းထဲေရာက္တဲ့ထိ တဒိုင္းဒိုင္းခုန္ေနတဲ့ ရင္က မၿငိမ္ေသး။
နာရီၾကည့္လိုက္ေတာ့ အခ်ိန္ေတာ္ေတာ္လြန္ေနၿပီ။

သူမ်ားေတြက ဝမ္းသာအားရ ေျဖေနၾကၿပီ။
ေမးခြန္းမသတ္ဘူးထင္တယ္။ ေပ်ာ္စရာႀကီးေပါ့။
စားပြဲေပၚက ေမးခြန္းစာရြက္ကို ဖတ္ၾကည့္လိုက္မွ ေခါင္းကို မိုးႀကိဳးဆယ္ခ်က္ေလာက္ ပစ္ခ်ခံလိုက္ရသလိုပဲ။
အစ အဆံုး တစ္လံုးမွ မသိ။
ဝမ္းနည္းအားငယ္စိတ္ေတြ လႈိက္ဆို႔တက္လာၿပီး မ်က္ရည္ေတြက်လာလုလုမွာပဲ ဖ်တ္ခနဲ လန္႔ႏုိုးလာတယ္။

ေတာ္ေသးတယ္။
ဒါအိပ္မက္။
ဒီလို ဆယ္တန္းအိပ္မက္ဆိုးေတြက ဘယ္အရြယ္ေရာက္ေရာက္မက္တုန္း။

ဆယ္တန္းစာေမးပြဲက နတ္ႀကီးတယ္တဲ့။
နတ္ထက္ပိုႀကီးတာကေတာ့ မိဘေတြရဲ႕ ေမ်ွာ္လင့္ခ်က္။
ဆယ္ေက်ာ္သက္ ကေလးတစ္ေယာက္အတြက္ေတာ့ အဲ့ဒီ့ေမ်ွာ္လင့္ခ်က္ေတြကေပးတဲ့ စိတ္ေရာကိုယ္ပါ ဖိစီးမႈေတြက သူ႔ခံႏိုင္ရည္ထက္ ပိုႀကီးေနတတ္တယ္။

ကိုးတန္းေျဖျပီးကတည္းက တက္လိုက္ရတဲ့ က်ဴ႐ွင္ေတြ၊ က်က္လိုက္ရတဲ့စာေတြ။
ေတာင္းလိုက္ရတဲ့ ဆုေတြ။
ေပးလိုက္ရတဲ့ ကန္ေတာ့ပြဲေတြ။
ကေလးေတြတင္မက မိဘေတြပါ စိတ္ေမာလူေမာျဖစ္ရတဲ့ စာေမးပြဲ။

ဆယ္တန္းဆိုတာက တာတိုေျပးပြဲမဟုတ္။
မာရသြန္ေျပးသလို သက္လံုကိုထိန္းထားၿပီး မွန္မွန္ေလးေျပးလာရသည့္ပြဲ။
ပန္းဝင္ခါနီးမွ ပိုအားသြန္ခြန္စိုက္ေျပးရေပမဲ့လည္း စာေမးပြဲနီးမွ မအိပ္မေန အႀကိဳးစားလြန္လို႔မရ။

ဆယ္တန္းစာေမးပြဲအတြက္ နံပါတ္တစ္အေရးအႀကီးဆံုးက စာရဖို႔ဆိုရင္ နံပါတ္ႏွစ္က က်န္းမာဖို႔ပါပဲ။
စာရဖို႔ကေတာ့ ကိုယ့္ဟာကိုယ္က်က္ေပါ့။
က်န္းမာေနဖို႔ကေတာ့ နည္းနည္းေျပာျပမွာေပါ့။

က်န္းမာရႊင္လန္းစိတ္ဖိစီးမႈကင္းစြာနဲ႔ ဘယ္စာေမးပြဲမဆိုျဖတ္ေက်ာ္ႏိုင္ဖို႔ အတြက္..

၁။ အိပ္ပါ

ဆက္တိုက္အိပ္ခ်ိန္တစ္ေန႔ကို အနည္းဆံုး ၆ နာရီ ၇နာရီ ႐ွိရပါမယ္။
ဦးေဏွာက္ရဲ႕ မွတ္ဥာဏ္အတြက္ေရာ ကိုယ္ခံအားေကာင္းဖို႔ အတြက္ပါ အိပ္ရပါမယ္။
ကိုယ္ခံအားက်လာရင္ အဖ်ားအနာ၊ ႏွာေစးေခ်ာင္းဆိုး၊ တုပ္ေကြး စတာေတြ ဝင္လာတတ္ပါတယ္။

စာေမးပြဲရက္ေတြကေတာ့ လံုးဝအိပ္ေရးပ်က္လို႔မရပါဘူး။
မအိပ္ဘဲက်က္ၿပီး အတင္းဆြဲေခၚလာတဲ့စာေတြက စာေမးပြဲခန္းထဲေရာက္မွ ေခါင္းထဲက အလုအယက္ဆင္းေျပးသြားတတ္တယ္။

၂။ စားပါ

– အခ်ိန္မွန္မွန္စားဖို႔လိုပါတယ္။

– စိတ္ဖိစီးရင္ အစာအိမ္ေရာဂါထတတ္တာမို႔ အစာအိမ္ေရာဂါ အခံ႐ွိသူေတြ ပိုသတိထားစားေသာက္ရပါတယ္။
အခ်ဥ္၊အစပ္၊ လက္ဖက္၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ အားျဖည့္အခ်ိဳရည္ေတြက လန္းဆန္းေစတာမွန္ေပမဲ့ အစာအိမ္ေရာင္သြားတတ္ပါတယ္။

– ဝမ္းပ်က္ဝမ္းေလ်ွာမျဖစ္ဖို႔ လတ္ဆတ္သန္႔႐ွင္းတာေလးေတြစားဖို႔ လိုပါတယ္။
စားေလ့ မ႐ွိတာေတြ ေ႐ွာင္သင့္ပါတယ္။

-အာဟာရ ျပည့္တာေလးေတြေရြးစားပါ။
ငွက္ေပ်ာသီး၊ ေထာပတ္သီး၊ ႏြားႏို႔၊ ဒိန္ခ်ဥ္၊ လိေမၼာ္သီး၊ ကၫြတ္၊ Almonds၊ သီဟိုဠ္ေစ့၊ သစ္ၾကားသီး၊ Green Tea၊ စပ်စ္သီး၊ ေခ်ာကလက္ စတဲ့အစားအေသာက္ေတြက ဦးေဏွာက္ မွတ္ဥာဏ္အတြက္ အေရးပါသလို စိတ္ဖိစီးမႈကိုလည္း ေလ်ာ့ေစပါတယ္။
အားရွိေပမဲ့ အယူသည္းရင္ေတာ့ ဘဲဥ ၾကက္ဥ ငံုးဥ ေ႐ွာင္ေပါ့။
စတာပါ။

၃။ အားေဆးတစ္ခုခုေသာက္ပါ

စိတ္ဖိစီးမႈေတြေလ်ာ့ေစဖို ့Vitamin B1, B2, B3, B5, B6, B12 ဆိုတဲ့ Vitamin B complex လိုပါတယ္။
ဦးေဏွာက္ရဲ႕ စြမ္းရည္ကိုျမႇင့္တင္ေပးႏိုင္ပါတယ္။
ကိုယ္တိုင္လည္း စာေသခ်ာက်က္ဖို႔ေတာ့ လိုတာေပါ့ေနာ။
ကိုယ္ခံအားေကာင္းဖို ့ကေတာ့ Vitamin C လိုပါတယ္။

အစားအေသာက္ေတြမွာ ဒီ Vitamins ေတြပါေနေပမဲ့လည္း စနစ္တက် တြက္ခ်က္ မစားေသာက္ႏိုင္တဲ့အတြက္ အားေဆးတစ္ခုခုေသာက္တာေတာ့ မမွားပါဘူး။
မေသာက္ခင္ ဗိုက္ထဲအစာ႐ွိဖို႔ေတာ့ လိုတာေပါ့။
ကေလးေတြ အတြက္လိုအပ္သလို ေက်ာင္းအျပင္ကေန တူတူေျဖၿပီး အပူေတြေဝေနတဲ့ မိဘေတြအတြက္လည္း လိုပါတယ္။

ဘာျဖစ္ျဖစ္ အေကာင္းဆံုးအားေဆးကေတာ့ အားလံုးမွာ႐ွိၿပီးသားေနမွာပါ။
‘စာေမးပြဲ ၿပီးရင္’ဆိုၿပီး ႀကိဳေတြးထားတဲ့ ေပ်ာ္စရာေတြရယ္..
သိပ္မေဝးေတာ့တဲ့ ေနရာတစ္ခုမွာ ကိုယ့္ကိုေစာင့္ႀကိဳေနမဲ့ ကိုယ္ျဖစ္ခ်င္တဲ့ အနာဂတ္အိပ္မက္ လွလွေလးေတြရယ္ေပါ့။

ကဲ…အားတင္းထား။

Dr Phyowai Lynn

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…