မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေသလား။ စိတ်မညစ်ပါနဲ့နော်။ ဒါလေးတွေ စမ်းကြည့်ရအောင်ပါ။
၁။ ပီကေ ဝါးရအောင်
သကြားဓာတ်မပါတဲ့ Sugar free ပီကေတွေ ဝါးပေးရင်လည်း မေး၂ထပ်ကို သက်သာစေပါတယ်။ ဒါ့အပြင် သွားလေးတွေလည်း လှပြိး သွားဖုံးကျန်းမာစေပါတယ်။
၂။ ကြက်ဥအကာနဲ့ ပေါင်းတင်ရအောင်
ကြက်ဥအကာနဲ့ ပေါင်းတင်ရင် အသားကို တင်းရင်းစေလို့ မေးနှစ်ထပ်ဖြစ်ခြင်းကို သက်သာစေပါတယ်။ ကြက်ဥ ၂လုံးစာ အကာရယ်၊ နွားနို့ နဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းစီရယ်၊ သံပုရာရည်နည်းနည်းရယ် ထည့်ပြီး နာရီဝက် နေ့တိုင်းပေါင်းတင်ပေးရင် သိသိသာသာ သက်သာလာပါလိမ့်မယ်။
၃။ အလှဆီ
အလှဆီနဲ့လည်း ပေါင်းတင်လို့ ရပါတယ်နော်။ အလှဆီ စားပွဲတင်ဇွန်းတစ်ဇွန်းစာရယ်၊ ဆားခါး စားပွဲတင်ဇွန်းတစ်ဇွန်းခွဲရယ်၊ ပရုတ်ရည်လေး တစ်စက်ရယ် ရောပြီး ဝါဂွမ်းလေးနဲ့ လည်ပင်းတစ်လျှောက် လိမ်းပေးပါ။ မိနစ်အနည်းငယ် ထားပြိးရင် ဆေးလို့ရပါပြီ။ တစ်ပတ် ၃ကြိမ်က ၅ကြိမ်အထိ လုပ်လို့ရပါတယ်နော်။
၄။ လေ့ကျင့်ခန်းလေး လုပ်ကြမယ်
ခါးကို မတ်မတ်ပဲ ထားပြီး ခေါင်းကို မျက်နှာကျက်မြင်ရသည်အထိ ဖြည်းဖြည်းမော့ပါ။ ပြီးရင် နှုတ်ခမ်းကို စူနိုင်သလောင်စူပါ။ ပြန်ချပါ။ အဲဒီလေ့ကျင့်ခန်ူကို ၅ကြိမ်ကနေ ၁၀ကြိမ်လုပ်ပါ။ နေ့တိုင်းလုပ်ပေးနော်။
၅။ လက်ဖက်စိမ်း
လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပေးခြင်းဟာ အဆီကျစေတာမို့ တစ်ဖက်တစ်လမ်းက ကူညီမှာပါ
၆။ ဗီတာမင် အီး
ဗီတာမင် အီး ကြွယ်ဝ တဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲ န့ အစေ့အဆံတွေကို စားပေးပါ။ အသားအရေ တင်းရင်းပြီး မေးနှစ်ထပ် သက်သာစေပါတယ်။
ဒေါက်တာယမင်း (ဆေး ၁)
၁။ ပီကေ ဝါးရအောင်
၃။ အလှဆီ
၅။ လက်ဖက်စိမ်း
၆။ ဗီတာမင် အီး
ဒေါက်တာယမင်း (ဆေး ၁)