mydoctor-top-telemedicine

All Articlesအထွေထွေရောဂါများ

Dos and Don’ts regarding Mosquitoes

1 Mins read

ကိုယ့်ကိုခြင်တွေကိုက်ချင်လာအောင် ဆွဲဆောင်မိသလိုမဖြစ်စေဖို့

မိုးရာသီရောက်လာတာနဲ့အမျှ ခြင်အန္တရာယ်ဟာ ပိုပိုတိုးလို့စိတ်ပူစရာဖြစ်လာပါပြီ။ ဒါ့ကြောင့်ခြင်ကိုက်မခံရအောင် ခြင်တွေနှစ်သက်တဲ့ နေထိုင်မှုပုံစံနဲ့ ခြင်တွေမကြိုက်သောအသုံးအဆောင်များအကြောင်းကိုတင်ပြလိုက်ရပါတယ်။

(၁) ပန်ကာ

ပန်ကာမှထွက်တဲ့လေအရှိန်ဟာ ခြင်တွေအဖို့ပြင်းထန်လွန်းတဲ့အတွက် ပန်ကာဖွင့်ထားတဲ့အနားကိုရှောင်တတ်ကြပါတယ်။ အကယ်၍ ကိုယ်က ပန်ကာလေအေးဒဏ်ကို မခံနိုင်ရင် လူရှေ့ကိုတိုက်ရိုက်မဖွင့်ဘဲ ကိုယ့်ရဲ့ဘေးဝန်းကျင်မှာပန်ကာဖွင့်ထားမယ်ဆိုရင်ခြင်ကိုက်သက်သာနိုင်ပါတယ်။

(၂) အကျီပွပွဝတ်ဆင်ခြင်း

ခြင်ကိုက်မခံရအောင်ဆိုပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကိုလုံနေအောင်ဖုံးမထားနိုင်ပါဘူး။ ဒါ့အပြင်အဝတ်အစားဝတ်ထားပေမယ့် ခပ်ကြပ်ကြပ်ဝတ်ထားမယ်ဆိုရင် အကျီအကြပ်၊ ပုဆိုးထမီအကြပ်ကိုဖောက်ပြီး အဝတ်ပေါ်ကနေခြင်ကိုက်နိုင်ပါတယ်။ ဒါ့ကြောင့်ခပ်ပွပွအဝတ်များကိုဝတ်ဆင်တဲ့အခါ အဝတ်ပေါ်ကဖောက်ပြီးခြင်ကိုက်ခံရခြင်းကိုသက်သာစေနိုင်ပါတယ်။

(၃) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ

အရက်သေစာသောက်သုံးသူတွေဟာ အရက်ဘီယာလုံးဝမသောက်သူတွေထက် ခြင်ကိုက်ပိုခံရနိုင်ပါသတဲ့။ ဒါဟာ အရက်ဘီယာသောက်ပြီးတဲ့အခါ လူ့ခန္ဓာကိုယ်ကထွက်တဲ့အနံ့ သို့မဟုတ်အပူချိန်ပြောင်းလဲမှုကြောင့် ခြင်တွေကိုပိုပြီးစွဲဆောင်စေတယ်လို့လဲ ပြောကြပါတယ်။

(၄) အရောင်ဖျော့ဖျော့အဝတ်လေးတွေ

ခြင်ဟာ အမှောင်ကိုကြိုက်တဲ့ အင်းဆက်ဖြစ်တဲ့အတွက် အရောင်ဖျော့ဖျော့၊ လင်းလင်းခြင်းခြင်းရှိတဲ့အဝတ်အစားတွေကိုဝတ်ထားသူထက် အနက်ရောင်၊ အပြာရင့်ရောင် အစရှိတဲ့အဝတ်တွေဝတ်ထားသူတွေကိုပိုကိုက်တာကိုတွေ့ရပါတယ်။

(၅) မီးခိုးငွေ့

ခြင်ဆေးခွေငွေ့၊ နနွင်းမှိုင်းငွေ့ဟာခြင်ကိုပြေးစေပါတယ်။ ဒါပေမယ့်ဒါဟာ ကလေးငယ်များနဲ့ ရင်ကြပ်ရှိသူ၊ အဆုတ်ရောဂါရှိသူတွေအတွက် အန္တရာယ်ရှိစေနိုင်တာကိုတော့သတိပြုရပါမယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ကိုယ့္ကိုျခင္ေတြကိုက္ခ်င္လာေအာင္ ဆြဲေဆာင္မိသလိုမျဖစ္ေစဖို႔

မိုးရာသီေရာက္လာတာနဲ႔အမ်ွ ျခင္အႏၲရာယ္ဟာ ပိုပိုတိုးလို႔စိတ္ပူစရာျဖစ္လာပါၿပီ။ ဒါ့ေၾကာင့္ျခင္ကိုက္မခံရေအာင္ ျခင္ေတြႏွစ္သက္တဲ့ ေနထိုင္မႈပံုစံနဲ႔ ျခင္ေတြမႀကိဳက္ေသာအသံုးအေဆာင္မ်ားအေၾကာင္းကိုတင္ျပလိုက္ရပါတယ္။

(၁) ပန္ကာ

ပန္ကာမွထြက္တဲ့ေလအ႐ွိန္ဟာ ျခင္ေတြအဖို႔ျပင္းထန္လြန္းတဲ့အတြက္ ပန္ကာဖြင့္ထားတဲ့အနားကိုေ႐ွာင္တတ္ၾကပါတယ္။ အကယ္၍ ကိုယ္က ပန္ကာေလေအးဒဏ္ကို မခံႏိုင္ရင္ လူေ႐ွ႕ကိုတိုက္႐ိုက္မဖြင့္ဘဲ ကိုယ့္ရဲ႕ေဘးဝန္းက်င္မွာပန္ကာဖြင့္ထားမယ္ဆိုရင္ျခင္ကိုက္သက္သာႏိုင္ပါတယ္။

(၂) အက်ီပြပြဝတ္ဆင္ျခင္း

ျခင္ကိုက္မခံရေအာင္ဆိုၿပီး ကိုယ္ခႏၶာအစိတ္အပိုင္းတိုင္းကိုလံုေနေအာင္ဖံုးမထားႏိုင္ပါဘူး။ ဒါ့အျပင္အဝတ္အစားဝတ္ထားေပမယ့္ ခပ္ၾကပ္ၾကပ္ဝတ္ထားမယ္ဆိုရင္ အက်ီအၾကပ္၊ ပုဆိုးထမီအၾကပ္ကိုေဖာက္ၿပီး အဝတ္ေပၚကေနျခင္ကိုက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ခပ္ပြပြအဝတ္မ်ားကိုဝတ္ဆင္တဲ့အခါ အဝတ္ေပၚကေဖာက္ၿပီးျခင္ကိုက္ခံရျခင္းကိုသက္သာေစႏိုင္ပါတယ္။

(၃) သုရာေမရယ မဇၨပၸမာဒဌာနာ

အရက္ေသစာေသာက္သံုးသူေတြဟာ အရက္ဘီယာလံုးဝမေသာက္သူေတြထက္ ျခင္ကိုက္ပိုခံရႏိုင္ပါသတဲ့။ ဒါဟာ အရက္ဘီယာေသာက္ၿပီးတဲ့အခါ လူ႔ခႏၶာကိုယ္ကထြက္တဲ့အနံ႔ သို႔မဟုတ္အပူခ်ိန္ေျပာင္းလဲမႈေၾကာင့္ ျခင္ေတြကိုပိုၿပီးစြဲေဆာင္ေစတယ္လို႔လဲ ေျပာၾကပါတယ္။

(၄) အေရာင္ေဖ်ာ့ေဖ်ာ့အဝတ္ေလးေတြ

ျခင္ဟာ အေမွာင္ကိုႀကိဳက္တဲ့ အင္းဆက္ျဖစ္တဲ့အတြက္ အေရာင္ေဖ်ာ့ေဖ်ာ့၊ လင္းလင္းျခင္းျခင္း႐ွိတဲ့အဝတ္အစားေတြကိုဝတ္ထားသူထက္ အနက္ေရာင္၊ အျပာရင့္ေရာင္ အစ႐ွိတဲ့အဝတ္ေတြဝတ္ထားသူေတြကိုပိုကိုက္တာကိုေတြ႔ရပါတယ္။

(၅) မီးခိုးေငြ႔

ျခင္ေဆးေခြေငြ႔၊ နႏြင္းမိႈင္းေငြ႔ဟာျခင္ကိုေျပးေစပါတယ္။ ဒါေပမယ့္ဒါဟာ ကေလးငယ္မ်ားနဲ႔ ရင္ၾကပ္႐ွိသူ၊ အဆုတ္ေရာဂါ႐ွိသူေတြအတြက္ အႏၲရာယ္႐ွိေစႏိုင္တာကိုေတာ့သတိျပဳရပါမယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *