ရာသီဓမ္မတာ လာနေစဉ် ဆောင်ရန် ရှောင်ရန်သိသင့်သိထိုက်သည့်အချက်များ
အမျိုးသမီးများ သည် အပျိုဖော်ဝင်လာသည်နှင့်အမျှ လစဉ် ရာသီဓမ္မတာ လာခြင်းကို မလွဲ မသွေ ရင်ဆိုင်ကြရလေ့ရှိပါသည်။ ထို ကာလအတွင်း အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုပါ ကြုံတွေ့ခံစားရလေ့ရှိပါသည်။ ထို့အပြင် ခန္ဓာကိုယ်အတွင်း ဟော်မုန်းများပြောင်းလဲမှုကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများကို ခံစားရမည့်အပြင် ဓမ္မတာသွေးဆင်းနေစဉ် ကာလ အတွင်း ဗိုက်အောင့်ခြင်း ကို ခံစားရလိမ့်မည်။ ထိုကြောင့်ထိုကာလ အတွင်းဆောင်ရန် ရှောင်ရန် သိသင့်သိထိုက်သည်များကို ဖော်ပြသွားပါမည်။
ဆောင်ရန်
၁။ လုံလောက်စွာအနားယူပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများ၏ ဟော်မုန်း level များသည် အနည်းဆုံးအနေအထားသို့ ရောက်ရှိနေတတ်သည်။ ခန္ဓာကိုယ် ၏ ကိုယ်ခံအားစနစ်မှာလည်း အားနည်းနေတတ်သည့် အပြင် အတက်အကျလဲ မြန်ဆန်တတ်သည့်အတွက် လုံလောက်စွာအနားယူသင့်ပါသည်။
၂။ အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးပါ။
ဓမ္မတာ လာနေစဉ်ကာလအတွင်း မှန်ကန်စွာရွေးချယ်စားသောက်ခြင်းသည် ခံစားနေရ ကိုက်ခဲမှု များအားသက်သာစေရုံမျှက စိတ်ကိုရွှင်လန်းတက်ကြွစေသည်။ အမျှင်ဓါတ်များသော ပဲမျိုးစုံနှင့် ဟင်သီးဟင်းရွက်များသည် ဗီတာမင် ဘီ၊ မက်ဂနီစီယမ်၊ ကယ်စီယံ နှင့် ပိုတက်စီယမ် ဓါတ်များပါဝင်သောကြောင့် ဝမ်းမှန်စေရုံမျှမက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းများကို သက်သာလျော့ပါးစေသည်။
၃။ အရည်များများသောက်ပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများသည် ခန္ဓာကိုယ် အတွင်းရေဓါတ်ဆုံးရှုံးမှုများဖြစ်ပွားလေ့ရှိပါသည်။ ထို ဆုံးရှုံးသွားသော ရေဓါတ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ရေ ၊ အားဖြည့်အချိုရည်နှင့် သစ်သီးဖျော်ရည်များကို သောက်သုံးရမည်ဖြစ်သည်။
၄။ အပေါ့စားလေ့ကျင့်ခန်းလုပ်ပါ။
သုသေသနလေ့လာမှုများအရ ဓမ္မတာလာနေစဉ်ကာလအတွင်း သက်တောင့်သက်သာရှိသောအပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းစေပြီး မအီမသာဖြစ်ခြင်း နှင့် ကိုက်ခဲမှုများကိုသက်သာလျော့ပါးစေပါသည်။
၅။ အဝတ်အစားကိုတင်းကြပ်စွာဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း တင်းကြပ်သောဝတ်စားဆင်ယင်မှုပြုလုပ်ခြင်းသည်သင့်အား သက်တောင့်သက်သာမဖြစ်စေသောကြောင့် ပေါ့ပါး လွတ်လပ်သော ဝတ်စား ဆင်ယင်မှုများပြုလုပ် ပါ။
၆။ ရေနွေးအိတ်အသုံးပြုပါ။
ဓမ္မတာလာနေစဉ်ကာလအတွင်း ရေနွေးအိတ် အား ဝမ်းဗိုက်အောက်ပိုင်းသို့ကပ်ခြင်းသည် အကိုက်အခဲသောက်ဆေးများသောက်သည်ကဲ့သို့ပင် ကိုက်ခဲ့မှုများကိုလျော့ပါးစေသည်။
ရှောင်ရန်
၁။ ကော်ဖီ သောက်သုံးမှုလျှော့ချပါ။
ကော်ဖီတွင်ပါဝင်သော ကဖိန်းဓါတ်သည် နာကျင်မှုများကို လှုံဆော်ပေးသောကြောင့်ထိုကာလအတွင်း ကော်ဖီသောက်သုံးမှုကို နည်းအောင်ကြိုးစားပါ။
၂။ လစဉ်သုံးပစ္စည်းများကို မလဲလှယ်ဘဲအချိန်ကြာမြင့်စွာအသုံးပြုခြင်းမှရှောင်ကြဉ်ပါ။
ထိုကဲသို့သော အပြုအမူမျိုးပြုလုပ်ခြင်း သည် လစဉ်သုံးပစ္စည်းတွင် ပိုးမွှားများပေါက်ဖွားစေပြီး အနံအသက်ဆိုးများဖြစ်ပေါ်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။
၃။ အပူအစပ်နှင့် ဆီကြော်မုန့်များလျော့စားပါ။
အပူအစပ်နှင့် ဆီကြော်မုန့်များအလွန်အကျွံ စားသောက်ခြင်းသည် အစာမကြေခြင်း ရင်ပြည့်ရင်ကယ် စေပြီး ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပိုမို ဆိုးရွားစေပါသည်။
၄။ ချစ်တင်းနှီးနှောမှုမလုပ်ပါနှင့်။
သင်ဘယ်လို ခံစားနေရတာ သင်အသိဆုံးပါ။ ထိုကာလမှာ အတူတူနေခြင်း ဟာခံစားမှုတစ်ခုထက် ရောဂါပိုးကူးစက်ခြင်းနှင့်ပို၍ နာကျင်ခြင်းသာ ဖြစ်ပွားနိုင်သောကြောင့် တတ်နိုင်သမျှ ရှောင်ပါ။
မေတ္တာဖြင်
ဇေယျသူ
ဇေယျသူ
ရာသီဓမၼတာ လာေနစဥ္ ေဆာင္ရန္ ေရွာင္ရန္သိသင့္သိထိုက္သည့္အခ်က္မ်ား
အမ်ိဳးသမီးမ်ား သည္ အပ်ိဳေဖာ္ဝင္လာသည္ႏွင့္အမွ် လစဥ္ ရာသီဓမၼတာ လာျခင္းကို မလြဲ မေသြ ရင္ဆိုင္ၾကရေလ့ရွိပါသည္။ ထို ကာလအတြင္း အမ်ိဳးသမီးမ်ားသည္ ႐ုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈမ်ားသာမက စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ားကိုပါ ႀကဳံေတြ႕ခံစားရေလ့ရွိပါသည္။ ထို႔အျပင္ ခႏၶာကိုယ္အတြင္း ေဟာ္မုန္းမ်ားေျပာင္းလဲမႈေၾကာင့္ ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္းမ်ားကို ခံစားရမည့္အျပင္ ဓမၼတာေသြးဆင္းေနစဥ္ ကာလ အတြင္း ဗိုက္ေအာင့္ျခင္း ကို ခံစားရလိမ့္မည္။ ထိုေၾကာင့္ထိုကာလ အတြင္းေဆာင္ရန္ ေရွာင္ရန္ သိသင့္သိထိုက္သည္မ်ားကို ေဖာ္ျပသြားပါမည္။
ေဆာင္ရန္
၁။ လုံေလာက္စြာအနားယူပါ။
ဓမၼတာလာေနစဥ္ကာလအတြင္း အမ်ိဳးသမီးမ်ား၏ ေဟာ္မုန္း level မ်ားသည္ အနည္းဆုံးအေနအထားသို႔ ေရာက္ရွိေနတတ္သည္။ ခႏၶာကိုယ္ ၏ ကိုယ္ခံအားစနစ္မွာလည္း အားနည္းေနတတ္သည့္ အျပင္ အတက္အက်လဲ ျမန္ဆန္တတ္သည့္အတြက္ လုံေလာက္စြာအနားယူသင့္ပါသည္။
၂။ အစားအေသာက္ကိုမွန္ကန္စြာေ႐ြးခ်ယ္စားသုံးပါ။
ဓမၼတာ လာေနစဥ္ကာလအတြင္း မွန္ကန္စြာေ႐ြးခ်ယ္စားေသာက္ျခင္းသည္ ခံစားေနရ ကိုက္ခဲမႈ မ်ားအားသက္သာေစ႐ုံမွ်က စိတ္ကို႐ႊင္လန္းတက္ႂကြေစသည္။ အမွ်င္ဓါတ္မ်ားေသာ ပဲမ်ိဳးစုံႏွင့္ ဟင္သီးဟင္း႐ြက္မ်ားသည္ ဗီတာမင္ ဘီ၊ မက္ဂနီစီယမ္၊ ကယ္စီယံ ႏွင့္ ပိုတက္စီယမ္ ဓါတ္မ်ားပါဝင္ေသာေၾကာင့္ ဝမ္းမွန္ေစ႐ုံမွ်မက ကိုယ္လက္မအီမသာျဖစ္ျခင္း၊ ဗိုက္ေအာင့္ျခင္းမ်ားကို သက္သာေလ်ာ့ပါးေစသည္။
၃။ အရည္မ်ားမ်ားေသာက္ပါ။
ဓမၼတာလာေနစဥ္ကာလအတြင္း အမ်ိဳးသမီးမ်ားသည္ ခႏၶာကိုယ္ အတြင္းေရဓါတ္ဆုံးရႈံးမႈမ်ားျဖစ္ပြားေလ့ရွိပါသည္။ ထို ဆုံးရႈံးသြားေသာ ေရဓါတ္မ်ားကို ျပန္လည္ျဖည့္တင္းရန္အတြက္ ေရ ၊ အားျဖည့္အခ်ိဳရည္ႏွင့္ သစ္သီးေဖ်ာ္ရည္မ်ားကို ေသာက္သုံးရမည္ျဖစ္သည္။
၄။ အေပါ့စားေလ့က်င့္ခန္းလုပ္ပါ။
သုေသသနေလ့လာမႈမ်ားအရ ဓမၼတာလာေနစဥ္ကာလအတြင္း သက္ေတာင့္သက္သာရွိေသာအေပါ့စားေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္းသည္ ခႏၶာကိုယ္ေသြးလည္ပတ္မႈကိုေကာင္းေစၿပီး မအီမသာျဖစ္ျခင္း ႏွင့္ ကိုက္ခဲမႈမ်ားကိုသက္သာေလ်ာ့ပါးေစပါသည္။
၅။ အဝတ္အစားကိုတင္းၾကပ္စြာဝတ္ျခင္းမွ ေရွာင္ၾကဥ္ပါ။
ဓမၼတာလာေနစဥ္ကာလအတြင္း တင္းၾကပ္ေသာဝတ္စားဆင္ယင္မႈျပဳလုပ္ျခင္းသည္သင့္အား သက္ေတာင့္သက္သာမျဖစ္ေစေသာေၾကာင့္ ေပါ့ပါး လြတ္လပ္ေသာ ဝတ္စား ဆင္ယင္မႈမ်ားျပဳလုပ္ ပါ။
၆။ ေရေႏြးအိတ္အသုံးျပဳပါ။
ဓမၼတာလာေနစဥ္ကာလအတြင္း ေရေႏြးအိတ္ အား ဝမ္းဗိုက္ေအာက္ပိုင္းသို႔ကပ္ျခင္းသည္ အကိုက္အခဲေသာက္ေဆးမ်ားေသာက္သည္ကဲ့သို႔ပင္ ကိုက္ခဲ့မႈမ်ားကိုေလ်ာ့ပါးေစသည္။
ေရွာင္ရန္
၁။ ေကာ္ဖီ ေသာက္သုံးမႈေလွ်ာ့ခ်ပါ။
ေကာ္ဖီတြင္ပါဝင္ေသာ ကဖိန္းဓါတ္သည္ နာက်င္မႈမ်ားကို လႈံေဆာ္ေပးေသာေၾကာင့္ထိုကာလအတြင္း ေကာ္ဖီေသာက္သုံးမႈကို နည္းေအာင္ႀကိဳးစားပါ။
၂။ လစဥ္သုံးပစၥည္းမ်ားကို မလဲလွယ္ဘဲအခ်ိန္ၾကာျမင့္စြာအသုံးျပဳျခင္းမွေရွာင္ၾကဥ္ပါ။
ထိုကဲသို႔ေသာ အျပဳအမူမ်ိဳးျပဳလုပ္ျခင္း သည္ လစဥ္သုံးပစၥည္းတြင္ ပိုးမႊားမ်ားေပါက္ဖြားေစၿပီး အနံအသက္ဆိုးမ်ားျဖစ္ေပၚလာႏိုင္သျဖင့္ ေရွာင္ၾကဥ္သင့္ပါသည္။
၃။ အပူအစပ္ႏွင့္ ဆီေၾကာ္မုန႔္မ်ားေလ်ာ့စားပါ။
အပူအစပ္ႏွင့္ ဆီေၾကာ္မုန္႔မ်ားအလြန္အကြၽံ စားေသာက္ျခင္းသည္ အစာမေၾကျခင္း ရင္ျပည့္ရင္ကယ္ ေစၿပီး ကိုယ္လက္မအီမသာျဖစ္ျခင္းကို ပိုမို ဆိုး႐ြားေစပါသည္။
၄။ ခ်စ္တင္းႏွီးေႏွာမႈမလုပ္ပါႏွင့္။
သင္ဘယ္လို ခံစားေနရတာ သင္အသိဆုံးပါ။ ထိုကာလမွာ အတူတူေနျခင္း ဟာခံစားမႈတစ္ခုထက္ ေရာဂါပိုးကူးစက္ျခင္းႏွင့္ပို၍ နာက်င္ျခင္းသာ ျဖစ္ပြားႏိုင္ေသာေၾကာင့္ တတ္ႏိုင္သမွ် ေရွာင္ပါ။
ေမတၱာျဖင္
ေဇယ်သူ
ေဇယ်သူ