ဆေးပုံစံ-သကြားအုပ်ဆေးပြားပုံစံ၊
အသုံးပြုနိုင်သော ရောဂါများ- ပျို့ခြင်း၊ အန်ခြင်းများသက်သာစေရန် (သောက်ဆေး၊ ကင်ဆာဆေးများ၊ ဓာတ်ကင်ခြင်းများကြောင့် ဖြစ်တတ်သော ပျို့အန်ခြင်းများ)။ အစာမကြေခြင်း၊ အစာအိမ်ရှိ အက်ဆစ် အပေါ်အစာမျိုပြွန်သို့ဆန်တက်၍ ယောင်ခြင်း။ အစာအိမ်နှင့် အစာမျိုပြွန်ရောင်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ barium သောက်၍ ဓာတ်မှန်ရိုက်ခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ ပြား တစ်နေ့၃-၄ ကြိမ်။ ၁၂ပတ်ထိသုံးစွဲနိုင်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့်တွဲမသောက်ရန်။
ဘေးထွက်ဆိုးကျိုး-ရင်သားကြီးခြင်း၊ နို့ထွက်ခြင်း၊ ဆေးမတည့်ခြင်းများ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အစာအိမ်နှင့် အူလမ်းကြောင်း ပိတ်ခြင်း၊ သွေးထွက်ခြင်း၊ ပေါက်သူများ။ ခွဲခန်းမှထွက်စလူနာများ။ မွေးကင်းစကလေးများ။
သတိပြုရမည့်အချက်များ-ကြာရှည် မသုံးစွဲသင့်ပါ။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် ဆေးလုံခြုံမှုစစ်ဆေးမှု မပြုလုပ်ထားသဖြင့် ဆေးမသုံးစွဲသင့်ပါ။
ကလေးများတွင် ဦးနှောက်အကာလွှာကို ဖြတ်၍ဆေးဝင်နိုင်သဖြင့် မသုံးသင့်ပါ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-နို့ခမ်းဆေး၏ ဆေးအာနိသင်ကျစေပါသည်။ ဘိန်းပါဝင်သော အကိုက်အခဲပျောက်ဆေးများနှင့် အာရုံကြောဆေး( အန်တီ မာစကာရင်း)များ၏ အာနိသင်ကို ပျက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)