Does your baby get enough milk?How can you know?

သင့်ကလေးနို့ဝ မဝ သင်ဘယ်လိုသိနိုင်သလဲ?

မိခင်နို့တိုက်တဲ့ အမေတိုင်းဟာ မိမိကလေး နို့ဝရဲ့လားဆိုတာ သိဖို့လိုအပ်ပါတယ်။နို့လုံလောက်စွာရမှသာ ကလေးငယ်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုရရှိနိုင်ပါတယ်။ကလေးနို့ဝ မဝအောက်ပါအချက်အလက်များနဲ့လေ့လာနိုင်ပါတယ်။

-ကလေးနို့စို့တဲ့အကြိမ်ရေဟာ တစ်နေ့ကို အနည်းဆုံး ၆ ကြိမ်မှ ၈ကြိမ်ရှိရပါမယ်။

-ကလေးကိုနို့တိုက်တိုင်းမှာ သက်တောင့်သက်သာရှိပြီး နို့သီးခေါင်းနာကျင်မှုမခံစားရပါဘူး။

-နို့တိုက်ပြီးတိုင်း ရင်သားပျော့ပြောင်းပြီးလျော့သွားရပါမယ်။

-နို့တိုက်ပြီးချိန်မှာ နို့သီးခေါင်းဟာ မူလပုံအတိုင်းသို့မဟုတ် အနည်းငယ်ရှည်ထွက်နိုင်ပါတယ်။

-နို့ဝတဲ့ကလေးရဲ့ အရေပြားဟာ တင်းတင်းရင်းရင်းရှိပါတယ်။

-ကလေးငယ်ဟာနိုးနေတဲ့အချိန်မှာ နိုးကြားလန်းဆန်းနေပါမယ်။နို့ဆာပြီဆိုရင် တောင်းတတ်ငိုတတ်ပါတယ်။

-နို့စို့နေစဉ်အတွင်းမှာ နို့မျိုချသံကိုကြားရပါမယ်။

-ကလေးဟာ နို့ဝပြီဆိုရင် သူ့အလိုလိုနို့စို့တာရပ်သွားပါလိမ့်မယ်။

-ကလေးငယ်ဟာ မွေးပြီး ၄၈ နာရီအတွင်းမှာ ဆီး ၂ ခါမှ ၃ခါသွားပါမယ်။၅ရက်သားကျော်လာတဲ့အခါ တစ်နေ့ကို အနည်းဆုံး ၆ကြိမ်သွားရပါမယ်။

-ကလေးငယ်ရဲ့ဆီးဟာအရောင်ဖျော့ပြီး အနံ့အသက်ကင်းရပါမယ်။

-ကလေးရဲ့ဝမ်းအရောင်ဟာ အဝါရောင်ပျစ်ပျစ်ရှိပါမယ်။

Ref;https://www.google.com/url…

Dr.ပွင့်ဖြိုးကျော်

MyDoctor Telemedicine Application
Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

ကိုယ်ဝန်ပျက်ကျစေနိုင်သော အကြောင်းရင်းများ

1 Mins read
ကိုယ်ဝန်ပျက်ကျစေနိုင်သော အကြောင်းရင်းများ “ရတာမလို၊ လိုတာမရ” ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ တချို့စုံတွဲ (လင်မယား)တွေကျတော့ ကလေးလိုချင်လို့ အမျိုးမျိုး ကြိုးစားကြသည်။ ဗေဒင်၊ ယတြာတွေ၊ အစီအရင်တွေမျိုးစုံဖြင့် ကလေးရရန် နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးစားကြသည်။ တချို့ကြတော့ ဆင်းရဲပြီး မပြည့်စုံတဲ့ ဘဝမို့ နည်းလမ်းအမျိုးမျိုးနှင့်…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

ဦးနှောက်မပါဘဲမွေးဖွားခြင်း

1 Mins read
ဦးနှောက်မပါဘဲမွေးဖွားခြင်း ဦးနှောက်မပါဘဲ ကလေးမွေးဖွားခြင်းဆိုသည်မှာ မိခင်ဝမ်းအတွင်း ကလေးဖွံ့ဖြိုးစဉ်မှာ ကလေး၏ ဦးနှောက်၊ ဦးခေါင်းခွံရိုး၊ ဦးခေါင်းအရေပြား ကောင်းစွာ/ပြည့်စုံစွာမဖွံ့ဖြိုးလာခြင်းဖြစ်ပါသည်။ သန္ဓေသားဖွံ့ဖြိုးရက် ၂၃ ရက်နှင့် ၂၆ ရက်အတွင်းမှာ ဦးနှောက်နှင့် အာရုံကြောရိုးမကြီး အဓိက ဖွံ့ဖြိုးရမယ့်အချိန်ဖြစ်ပါတယ်။ ထိုအချိန်မှာ အကြောင်းတစ်စုံတခုကြောင့် အာရုံကြောမကြီး…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

အသက် ၄၀ ကျော် အမျိုးသမီးနှင့် သားဆက်ခြားခြင်း

1 Mins read
“အသက် ၄၀ ကျော် အမျိုးသမီးနှင့် သားဆက်ခြားခြင်း” – ဒေါက်တာ ဖြိုးသီဟ လူတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အသက် ၄၀ ကျော်မှ ဘ၀ စတာတဲ့။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ အသက် ၄၀ ကျမှ ဘဝတစ်ခုကို…

Leave a Reply

Your email address will not be published. Required fields are marked *