အချဉ်စားရင်သွားခိုင်သလား
“သွားဘယ်ကောင်းမလဲ အချဉ်ကြောက်တာကိုး” “အချဉ်စားရင် သွားခိုင်တယ် များများစား” ဒါတွေဟာ ကျွန်တော်တို့ကြားဖူးနားဝ ရှိပြီးသားစကားတွေပါ။ ဒါဆို အချဉ်ဟာ သွားအတွက်ကောင်းသလား။ ကောင်းတယ်လို့ ပြောရင်အပြည့်မမှန်နိုင်သလို မကောင်းဘူးလို့ ပြောရင်လည်းအပြည့်မမှန်ပါဘူး။
တကယ်က သင့်တင့်မျှတစွာ စားသုံးဖို့လိုအပ်တာပါ။ အချဉ်ဓာတ် (Vitamin C) ဟာကျွန်တော်တို့ရဲ့ သွားဖုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် အချဉ်ကို အလွန်အကျွံစားသုံးခြင်းဟာ သွားများကို ပျက်စီးစေပြန်ပါတယ်။
အချဉ်ဟာ acid ဖြစ်တဲ့အတွက် အလွန်အကျွံ စားသုံးသူတွေ၊ အချဉ်ကို ငုံထားတတ်တဲ့ သူတွေမှာ သွားရဲ့ကြွေသွားလွှာ ပွန်းပဲ့ပျက်စီး တိုက်စားခံရပါတယ်။
သွားရဲ့ကြွေလွှာတွေပွန်းလာပြီး အစပိုင်းမှာ ရေ(အထူးသဖြင့် ရေခဲရေ)သောက်ရင်ကျဉ်လာမယ်၊ ပိုဆိုးလာရင် သွားရဲ့အာရုံကြောအလွှာကို ထိခိုက်ပြီး နာလာ ကိုက်လာတတ်ပါတယ်။
ဒါကြောင့် သွားနှင့်ခံတွင်းကျန်းမာအောင် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း သင့်တင့်မျှတတဲ့ စားသုံးမှုဖြစ်ဖို့အတွက် အကြံပြုလိုက်ပါတယ်။
ဒေါက်တာမင်းယုဝေချမ်း
အခ်ဥ္စားရင္သြားခိုင္သလား
“သြားဘယ္ေကာင္းမလဲ အခ်ဥ္ေၾကာက္တာကိုး” “အခ်ဥ္စားရင္ သြားခိုင္တယ္ မ်ားမ်ားစား” ဒါေတြဟာ ကြၽန္ေတာ္တို႔ၾကားဖူးနားဝ ႐ွိၿပီးသားစကားေတြပါ။ ဒါဆို အခ်ဥ္ဟာ သြားအတြက္ေကာင္းသလား။ ေကာင္းတယ္လို႔ ေျပာရင္အျပည့္မမွန္ႏိုင္သလို မေကာင္းဘူးလို႔ ေျပာရင္လည္းအျပည္႔မမွန္ပါဘူး။
တကယ္က သင့္တင့္မ်ွတစြာ စားသံုးဖို႔လိုအပ္တာပါ။ အခ်ဥ္ဓာတ္ (Vitamin C) ဟာကြၽန္ေတာ္တို႔ရဲ႕ သြားဖံုးက်န္းမာေရးအတြက္ အေရးႀကီးပါတယ္။ ဒါေပမယ့္ အခ်ဥ္ကို အလြန္အကြၽံစားသံုးျခင္းဟာ သြားမ်ားကို ပ်က္စီးေစျပန္ပါတယ္။
အခ်ဥ္ဟာ acid ျဖစ္တဲ့အတြက္ အလြန္အကြၽံ စားသံုးသူေတြ၊ အခ်ဥ္ကို ငံုထားတတ္တဲ့ သူေတြမွာ သြားရဲ႕ေႂကြသြားလႊာ ပြန္းပဲ့ပ်က္စီး တိုက္စားခံရပါတယ္။
သြားရဲ႕ေႂကြလႊာေတြပြန္းလာၿပီး အစပိုင္းမွာ ေရ(အထူးသျဖင့္ ေရခဲေရ)ေသာက္ရင္က်ဥ္လာမယ္၊ ပိုဆိုးလာရင္ သြားရဲ႕အာရံုေၾကာအလႊာကို ထိခိုက္ၿပီး နာလာ ကိုက္လာတတ္ပါတယ္။
ဒါေၾကာင့္္ သြားႏွင့္ခံတြင္းက်န္းမာေအာင္ တန္ေဆးလြန္ေဘးဆိုတဲ့ စကားအတိုင္း သင့္တင့္မ်ွတတဲ့ စားသံုးမႈျဖစ္ဖို႔အတြက္ အၾကံျပဳလိုက္ပါတယ္။
ေဒါက္တာမင္းယုေဝခ်မ္း