All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

မိန်းမကိုယ် သားမွေးလမ်းကြောင်း ကျဉ်းအောင်လိမ်းတဲ့ cream တွေအကြောင်း

1 Mins read

မိန်းမကိုယ် သားမွေးလမ်းကြောင်း ကျဉ်းအောင်လိမ်းတဲ့ cream တွေအကြောင်း

အရွယ်ရောက်ပြီးသား အမျိုးသမီးတွေ မေးလေ့ရှိတဲ့ Vaginal tract (မိန်းမကိုယ် သားမွေးလမ်းကြောင်း) ကျဉ်းအောင်လိမ်းတဲ့ cream တွေအကြောင်းပြောပြပေးချင်ပါတယ်

ဘယ်လိုအမျိုးသမီးတွေမှာ သားမွေးလမ်းကြောင်း ကျယ်လာရသလဲ?

1)ကလေးအများကြီးမွေးတဲ့အမျိုးသမီးများ

2)သွေးဆုံးပြီးသော အမျိုးသမီးများ

3)ခဏခဏ ဝမ်းချုပ်တတ်သော သူများ

4)အလေးမသော အမျိုးသမီးများ

5)အသက်ကြီးသော အမျိုးသမီးများ မှာဖြစ်တတ်ပါတယ်

သားမွေးလမ်းကြောင်းကျယ်လာလျှင် ခံစားရလေ့ရှိတာတွေကတော့-

1)လိင်စိတ်လျော့နဲလာခြင်း

2)လိင်ကိစ္စတွင် စိတ်ကျေနပ်မှုမရှိခြင်း

3)ကိုယ့်အမျိုးသားအပေါ် ကျေနပ်နိုင်မှု မပေးနိုင်ခြင်း

4)မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်း

5)သားမွေးလမ်းကြောင်း ပုံသဏ္ဍန် မမှန်ခြင်းတို့နှင့် ရင်ဆိုင်ရတတ်ပါတယ်

သားမွေးလမ်းကြောင်းကျဉ်းအောင် လိမ်းဆေး cream တွေလိမ်းလို့ရနိုင်ပါသလား?

သားမွေးလမ်းကြောင်းကျဉ်းစေတဲ့ cream တွေ ဈေးကွက်ထဲမှာ အမြောက်အများ ရောင်းချနေကြပေမယ့် အများစုက FDA အသိအမှတ်မပြုတဲ့ cream တွေများပါတယ်

ဈေးကွက်ထဲက cream တော်တော်များများမှာ သုတေသန ပြုစုထားမှုနည်းပါးသလို ပါဝင်ပစ္စည်းလဲ အတိအကျ ဖော်ပြလေ့မရှိကြတာတွေလဲ တွေ့ရလေ့ရှိပါတယ်
မိမိသဘောအရ စမ်းသပ်ပိုင်ခွင့်ရှိပေမယ့် အများစုက chemical တွေပါတဲ့အတွက် များများလိမ်းမိရင်

1)သားမွေးလမ်းကြောင်း ယောင်ခြင်း (Chemical အများအပြားပါဝင်တဲ့အတွက် သားမွေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေခြင်း, ဆီးသွားရနာကျင်ခြင်း, လမ်းလျှောက်လျှင် နာခြင်း, ထိုင်လျှင် နာခြင်းများခံစားရတတ်ပါတယ်)

2)သားမွေးလမ်းကြောင်းတွင် ဓာတ်မတည့်မှုဖြစ်ပွားခြင်း (သားမွေးလမ်းကြောင်း ယောင်ခြင်း, ရဲခြင်း, ယားခြင်း, နာခြင်းများ ခံစားရတတ်ပါတယ်)

3)သားမွေးလမ်းကြောင်းပိုးဝင်ခြင်း (ပါဝင်တဲ့ chemical တွေက သားမွေးလမ်းကြောင်းရဲ့ pH ကိုပြောင်းလဲစေတဲ့အတွက် သားမွေးလမ်းကြောင်း ပိုးဝင်ခြင်း, မှိုစွဲခြင်းများ ခံစားရတတ်ပါတယ်)

4)ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း

5)လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ပိုမိုဆိုးရွားစေခြင်း (လိင်မှကူးစက်တတ်သော ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို မပေါ်စေတဲ့အတွက် ကုသချိန်နောက်ကျပြီး သားမွေးလမ်းကြောင်း ပျက်ဆီးသွားတတ်ပါတယ်) များခံစားရတတ်ပါတယ်

တစ်ချို့သောနိုင်ငံတွေရဲ့ သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်တစ်ချို့ကတော့ oestrogen နဲ့ထုတ်ထားတဲ့ cream တစ်မျိုးကို ညွှန်းတတ်ပါတယ်
သားမွေးလမ်းကြောင်းဆိုတာ အမျိုးသမီးတွေအတွက် အရေးပါတဲ့ အင်္ဂါ အစိတ်အပိုင်းဖြစ်တဲ့အတွက် တစ်ခုခုမလုပ်ခင်မှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ကုသဖို့လိုအပ်ပါတယ်

သားမွေးလမ်းကြောင်းကျဉ်းအောင် ဘယ်လိုကုသလို့ရသလဲဆိုရင်-

1)Laser ဖြင့်ကုသခြင်း
သားမွေးလမ်းကြောင့်ရဲ့ အတွင်းဘက်လမ်းကြောင်း တစ်လျှောက်ကို အပူလှိုင်းလေဆာဖြင့် နာကျဉ်မှုမရှိဘဲ အချိန်တိုတိုနဲ့ ကုသလို့ရနေ ပြီပဲဖြစ်ပါတယ်
သားမွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပြီး ကာမ ခံစားမှုလဲ ကောင်းမွန်စေတဲ့ treatment တစ်ခုလဲဖြစ်ပါတယ်

2)Vaginal filler
G spot လို့ခေါ်တဲ့ မိန်းမကိုယ်တွင်းမှာ ကာမ ခံစားမှုပေးတဲ့ နေရာကို filler ထိုးပြီး ကုသလို့ရပါတယ်
filler ထိုးခြင်းဖြင့် သားမွေးလမ်းကြောင်း ခြောက်သွေ့မှုကိုလဲ သက်သာစေပါတယ်

3)သွေးရည်ကြည်ဖြင့် ကုသခြင်း
မိမိ၏သွေးရည်ကြည်ဖြင့် သားမွေးလမ်းကြောင်းကို
ကုသခြင်းဖြင့်လဲ ဆီးမထိန်းနိုင်ခြင်းကို သက်သာစေတဲ့အပြင် သားမွေးလမ်းကြောင်း ခြောက်သွေ့ခြင်း နှင့် ကာမဆက်ဆံနေစဉ် နာကျင်မှုတို့ကို လျော့ချနိုင်မှာဖြစ်ပါတယ်

4)နောက်ဆုံးနည်းပညာ တစ်ခုဖြစ်တဲ့ Collagen ကြိုးသွင်းပြီးလဲ သားမွေးလမ်းကြောင်း ကျဉ်းအောင် ကုသနိုင်ပါတယ်

5)Vaginoplasty

ခွဲစိတ်ကုသခြင်းဖြင့်လဲ မိန်းမကိုယ် သားမွေးလမ်းကြောင်းကို ကျဉ်းသွားအောင် ကုသလို့ရပါတယ်

6)Exercise

မိန်းမကိုယ်မှာရှိတဲ့ ကြွက်သားတွေကို အကျုံ့အဆန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့်လဲ ကြိုတင်ကာကွယ်လို့ရပါတယ်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)

မိန္းမကိုယ္ သားေမြးလမ္းေၾကာင္း က်ဥ္းေအာင္လိမ္းတဲ႕ cream ေတြအေၾကာင္း

အရြယ္ေရာက္ျပီးသား အမ်ိဳးသမီးေတြ ေမးေလ့ရွိတဲ႕ Vaginal tract (မိန္းမကိုယ္ သားေမြးလမ္းေၾကာင္း) က်ဥ္းေအာင္လိမ္းတဲ႕ cream ေတြအေၾကာင္းေျပာျပေပးခ်င္ပါတယ္

ဘယ္လိုအမ်ိဳးသမီးေတြမွာ သားေမြးလမ္းေၾကာင္း က်ယ္လာရသလဲ?

1)ကေလးအမ်ားၾကီးေမြးတဲ႕အမ်ိဳးသမီးမ်ား

2)ေသြးဆံုးျပီးေသာ အမ်ိဳးသမီးမ်ား

3)ခဏခဏ ဝမ္းခ်ဳပ္တတ္ေသာ သူမ်ား

4)အေလးမေသာ အမ်ိဳးသမီးမ်ား

5)အသက္ၾကီးေသာ အမ်ိဳးသမီးမ်ား မွာျဖစ္တတ္ပါတယ္

သားေမြးလမ္းေၾကာင္းက်ယ္လာလ်ွင္ ခံစားရေလ့ရွိတာေတြကေတာ့-

1)လိင္စိတ္ေလ်ာ့နဲလာျခင္း

2)လိင္ကိစၥတြင္ စိတ္ေက်နပ္မႈမရွိျခင္း

3)ကိုယ့္အမ်ိဳးသားအေပၚ ေက်နပ္နိုင္မႈ မေပးနိုင္ျခင္း

4)မိမိကိုယ္ကို ယံုၾကည္မႈေလ်ာ့နည္းလာျခင္း

5)သားေမြးလမ္းေၾကာင္း ပံုသ႑န္ မမွန္ျခင္းတို႕နွင့္ ရင္ဆိုင္ရတတ္ပါတယ္

သားေမြးလမ္းေၾကာင္းက်ဥ္းေအာင္ လိမ္းေဆး cream ေတြလိမ္းလို႕ရနိုင္ပါသလား?

သားေမြးလမ္းေၾကာင္းက်ဥ္းေစတဲ႕ cream ေတြ ေစ်းကြက္ထဲမွာ အေျမာက္အမ်ား ေရာင္းခ်ေနၾကေပမယ့္ အမ်ားစုက FDA အသိအမွတ္မျပဳတဲ႕ cream ေတြမ်ားပါတယ္

ေစ်းကြက္ထဲက cream ေတာ္ေတာ္မ်ားမ်ားမွာ သုေတသန ျပဳစုထားမႈနည္းပါးသလို ပါဝင္ပစၥည္းလဲ အတိအက် ေဖာ္ျပေလ့မရွိၾကတာေတြလဲ ေတြ႕ရေလ့ရွိပါတယ္
မိမိသေဘာအရ စမ္းသပ္ပိုင္ခြင့္ရွိေပမယ့္ အမ်ားစုက chemical ေတြပါတဲ႕အတြက္ မ်ားမ်ားလိမ္းမိရင္

1)သားေမြးလမ္းေၾကာင္း ေယာင္ျခင္း (Chemical အမ်ားအျပားပါဝင္တဲ႕အတြက္ သားေမြးလမ္းေၾကာင္းကို အေနွာင့္အယွက္ျဖစ္ေစျခင္း, ဆီးသြားရနာက်င္ျခင္း, လမ္းေလ်ွာက္လ်ွင္ နာျခင္း, ထိုင္လ်ွင္ နာျခင္းမ်ားခံစားရတတ္ပါတယ္)

2)သားေမြးလမ္းေၾကာင္းတြင္ ဓာတ္မတည့္မႈျဖစ္ပြားျခင္း (သားေမြးလမ္းေၾကာင္း ေယာင္ျခင္း, ရဲျခင္း, ယားျခင္း, နာျခင္းမ်ား ခံစားရတတ္ပါတယ္)

3)သားေမြးလမ္းေၾကာင္းပိုးဝင္ျခင္း (ပါဝင္တဲ႕ chemical ေတြက သားေမြးလမ္းေၾကာင္းရဲ႕ pH ကိုေျပာင္းလဲေစတဲ႕အတြက္ သားေမြးလမ္းေၾကာင္း ပိုးဝင္ျခင္း, မိႈစြဲျခင္းမ်ား ခံစားရတတ္ပါတယ္)

4)ေဟာ္မုန္းအေျပာင္းအလဲ ျဖစ္ျခင္း

5)လိင္မွတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ား ပိုမိုဆိုးရြားေစျခင္း (လိင္မွကူးစက္တတ္ေသာ ေရာဂါေတြရဲ႕ ေရွ႕ေျပးလကၡဏာေတြကို မေပၚေစတဲ႕အတြက္ ကုသခ်ိန္ေနာက္က်ျပီး သားေမြးလမ္းေၾကာင္း ပ်က္ဆီးသြားတတ္ပါတယ္) မ်ားခံစားရတတ္ပါတယ္

တစ္ခ်ိဳ႕ေသာနိုင္ငံေတြရဲ႕ သားဖြားနွင့္မီးယပ္ အထူးကုဆရာဝန္တစ္ခ်ိဳ႕ကေတာ့ oestrogen နဲ႕ထုတ္ထားတဲ႕ cream တစ္မ်ိဳးကို ညႊန္းတတ္ပါတယ္
သားေမြးလမ္းေၾကာင္းဆိုတာ အမ်ိဳးသမီးေတြအတြက္ အေရးပါတဲ႕ အဂၤါ အစိတ္အပိုင္းျဖစ္တဲ႕အတြက္ တစ္ခုခုမလုပ္ခင္မွာ နားလည္တတ္က်ြမ္းတဲ႕ ဆရာဝန္နဲ႕တိုင္ပင္ကုသဖို႕လိုအပ္ပါတယ္

သားေမြးလမ္းေၾကာင္းက်ဥ္းေအာင္ ဘယ္လိုကုသလို႕ရသလဲဆိုရင္-

1)Laser ျဖင့္ကုသျခင္း
သားေမြးလမ္းေၾကာင့္ရဲ႕ အတြင္းဘက္လမ္းေၾကာင္း တစ္ေလ်ွာက္ကို အပူလႈိုင္းေလဆာျဖင့္ နာက်ဥ္မႈမရွိဘဲ အခ်ိန္တိုတိုနဲ႕ ကုသလို႕ရေန ျပီပဲျဖစ္ပါတယ္
သားေမြးလမ္းေၾကာင္းမွာရွိတဲ႕ ၾကြက္သားေတြကို တင္းရင္းေစျပီး ကာမ ခံစားမႈလဲ ေကာင္းမြန္ေစတဲ႕ treatment တစ္ခုလဲျဖစ္ပါတယ္

2)Vaginal filler
G spot လို႕ေခၚတဲ႕ မိန္းမကိုယ္တြင္းမွာ ကာမ ခံစားမႈေပးတဲ႕ ေနရာကို filler ထိုးျပီး ကုသလို႕ရပါတယ္
filler ထိုးျခင္းျဖင့္ သားေမြးလမ္းေၾကာင္း ေျခာက္ေသြ႕မႈကိုလဲ သက္သာေစပါတယ္

3)ေသြးရည္ၾကည္ျဖင့္ ကုသျခင္း
မိမိ၏ေသြးရည္ၾကည္ျဖင့္ သားေမြးလမ္းေၾကာင္းကို
ကုသျခင္းျဖင့္လဲ ဆီးမထိန္းနိုင္ျခင္းကို သက္သာေစတဲ႕အျပင္ သားေမြးလမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း နွင့္ ကာမဆက္ဆံေနစဥ္ နာက်င္မႈတို႕ကို ေလ်ာ့ခ်နိုင္မွာျဖစ္ပါတယ္

4)ေနာက္ဆံုးနည္းပညာ တစ္ခုျဖစ္တဲ႕ Collagen ၾကိဳးသြင္းျပီးလဲ သားေမြးလမ္းေၾကာင္း က်ဥ္းေအာင္ ကုသနိုင္ပါတယ္

5)Vaginoplasty

ခြဲစိတ္ကုသျခင္းျဖင့္လဲ မိန္းမကိုယ္ သားေမြးလမ္းေၾကာင္းကို က်ဥ္းသြားေအာင္ ကုသလို႕ရပါတယ္

6)Exercise

မိန္းမကိုယ္မွာရွိတဲ႕ ၾကြက္သားေတြကို အက်ံဳ႕အဆန္႔ ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္လဲ ၾကိဳတင္ကာကြယ္လို႕ရပါတယ္

အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…