ဗီတာမင်စီက ရာသီ(ဓမ္မတာ)အပေါ်သက်ရောက်စေသလား???
ဒီတစ်ခေါက်တော့ယောကျာ်းလေးတွေနဲ့တိုက်ရိုက်မသက်ဆိုင်ပဲ မိန်းကလေးတွေနဲ့သာ သက်ဆိုင်တဲ့ အကြောင်းအရာလေးဖြစ်သွားပြီ။ ယောကျာ်းလေးတွေက ရာသီမှမလာပဲလေနော့။ ယောကျာ်းလေးတွေနဲ့က တိုက်ရိုက်သာ မသက်ဆိုင်ပေမယ့် သွယ်ဝိုက်ပြီးတော့ သက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိ၏ဇနီး၊ချစ်သူရဲ့ ဓမ္မတာလာစဉ်ဖြစ်ပေါ်တတ်တဲ့ ခံစားချက်၊နာကျင်ကိုက်ခဲမှုအချို့နဲ့ စိတ်မကြည်မလင်ဖြစ်မှုတွေဟာ အမျိုးသားတွေအပေါ်မှာပါ သက်ရောက်မှုရှိလို့ပါ။ ဒီလိုအချိန်တွေမှာ စိတ်ထိခိုက်/စိတ်အလိုမကျဖြစ်လွယ်တာ၊ရာသီကြောင့်ကိုက်ခဲတတ်တာတွေကြောင့် မိန်းကလေးတွေအနေနဲ့မိမိရဲ့ခင်ပွန်း၊ချစ်သူအပေါ်မှာ သည်းမခံနိုင်တာ၊ဝမ်းနည်း ဒေါသထွက်လွယ်တာတွေဖြစ်လေ့ရှိပါတယ်။
ဒါကို အမျိုးသားတွေအနေနဲ့ နားလည်သဘောပေါက်ပြီး နှစ်သိမ့်ဆက်ဆံပေးဖို့လိုပါလိမ့်မယ်။
ရာသီ(ဓမ္မတာ)လာရင် ဘာတွေဖြစ်တတ်သလဲ??? မိန်းကလေးတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ အချို့က ဘာမှသိပ်မသိသာလိုက်ပဲပြီးသွားတာရှိသလို အချို့ကျတော့လဲအားနည်းနုံးချိတာ၊မောပန်းနွမ်းနယ်တာ၊နာကျင်ကိုက်ခဲတာ၊မစားမသောက်ချင်တာ၊စိတ်တိုဒေါသဖြစ်၊ဝမ်းနည်းလွယ်တာတွေထိ ဖြစ်တတ်ပါတယ်။
တစ်ချို့မိန်းကလေးတွေဆို အတော့်ကိုနေမထိထိုင်မသာဖြစ်လောက်အောင် ကိုက်ခဲတတ်ကြပါတယ်။
ဗီတာမင်စီဟာ ရာသီအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ??? သက်ရောက်မှုအချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်…
၁။ရာသီမလာခင်ဖြစ်တတ်သော ပြဿနာများအားသက်သာစေခြင်း။
အမျိုးသမီးများရာသီမလာခင်အချိန်မှာ estrogen ဟော်မုန်းဟာသဘာဝအတိုင်းထွက်လာပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က မျိုးအောင်ခဲ့ပါကမျိုးဥကပ်နိုင်အောင် သားအိမ်နံရံကိုအားကောင်းပြီးထူထဲလာစေတာဖြစ်ပါတယ်။
ဒါပေမယ့် estrogen ကြောင့်မို့ ရာသီမလာခင်ကိုက်ခဲခြင်း၊ရင်သားများတင်းခြင်း၊ခေါင်းကိုက်ခြင်း၊စိတ်ကျခြင်းများကိုတစ်ခါတစ်ရံဖြစ်စေတတ်ပါတယ်။ ဗီတာမင်စီဟာ estrogen ဟော်မုန်းကိုမျှတစေပြီး အထက်ပါပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။
၂။ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း။
estrogen နဲ့တည်ဆောက်လာခဲ့တဲ့ သားအိမ်နံရံဟာ မျိုးဥမအောင်ခြင်း(သို့)သုတ်ပိုးနဲ့မတွေ့ဖြစ်တဲ့အခါမှာ ကွာကျသွားပါတယ်။ ဒီလို မျိုးမအောင်တဲ့ မမျိုးဥရယ်၊သားအိမ်နံရံကသွေးကြောလေးတွေရယ် ကွာကျတာကို ရာသီလာတယ်ခေါ်ပါတယ်။ ဒီအချိန်မှာ ကိုက်ခဲခြင်း၊အစားအသောက်ပျက်ခြင်း၊ပျို့အန်ခြင်း၊အိပ်မပျော်ခြင်းများဖြစ်တတ်ပါတယ်။ ဗီတာမင်စီက ဟော်မုန်းများအတက်အကျကို ထိန်းညှိပေးပြီး အဆိုပါလက္ခဏာများကို လျော့နည်းစေပါတယ်။
ဆေးပညာရှင်တွေရဲ့ အဆိုအရဓမ္မတာမလာခင်(၅)ရက်လောက်ကြိုပြီး ဗီတာမင်စီကို တစ်ရက် ၇၅၀ မီလီဂရမ်သောက်သုံးပေးပါက ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကိုသက်သာစေတယ်လို့ဆိုပါတယ်။ ရာသီမလာခင် (၅)ရက်အလိုမှသည် ရာသီရပ်သွားချိန်အထိသောက်ရမှာဖြစ်ပါတယ်။
၃။ရာသီမမှန်ခြင်းကို သက်သာစေခြင်း၊ရာသီသွေးများခြင်းကို သက်သာစေခြင်း။
ဗီတာမင်စီဟာ သားအိမ်မှာရှိတဲ့သွေးကြောလေးတွေကို တောင့်တင်းသန်မာစေရုံမက အမျိုးသမီးမျိုးပွားစနစ်ကိုပါအားကောင်းစေတာကြောင့် ရာသီမမှန်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဆင်းတာမများရအောင်ပါ ထိန်းညှိပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင်စီတစ်ရက် ၁၅၀၀ မီလီဂရမ်သောက်သုံးပါက ရာသီကြောင့်ဖြစ်တတ်တဲ့ပြဿနာတွေကို သက်သာလျော့ပါးစေတယ်လို့ဆိုပါတယ်။
၄။ရာသီလာစဉ်ဆုံးရှုံးသွားသော သံဓါတ်အားပြန်လည်ဖြည့်တင်းရာတွင် သံဓါတ်စုပ်ယူမှုကိုအားပေးခြင်း။
ဓမ္မတာလာစဉ် သွေးနဲ့အတူဆုံးရှုံးသွားသော သံဓါတ်ကြောင့် မောပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်းများဖြစ်တတ်ပါတယ်။ ရာသီအရမ်းများရင် သံဓါတ်ဆုံးရှုံးမှုကြောင့် သွေးအားနည်းရောဂါကိုတောင်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ သံဓါတ်အားဆေး(သို့)သံဓါတ်ပေါကြွယ်ဝသော အစားအစာများစားရာတွင် အစာအိမ်အူလမ်းကြောင်းမှ သံဓါတ်စုပ်ယူခြင်းကို များစွာပိုမိုကောင်းမွန်စေပါတယ်။
ထို့ကြောင့် ဗီတာမင်စီ လုံလောက်စွာစားသုံးခြင်းက သံဓါတ်စုပ်ယူမှုကိုအားကောင်းစေပြီး သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကိုပါ သက်သာစေနိုင်ပါတယ်။
အခုပြောပြပေးသွားတာတွေကတော့ ရာသီ(ဓမ္မတာ)အပေါ် ဗီတာမင်စီရဲ့သက်ရောက်ပုံတွေပဲဖြစ်ပါတယ်။
အမျိုးသမီးများ အာဟာရပြည့်ဝ ကျန်းမာလှပနိုင်ကြပါစေ။
dr.ye’lwin mm
ဗီတာမင္စီက ရာသီ(ဓမၼတာ)အေပၚသက္ေရာက္ေစသလား???
ဒီတစ္ေခါက္ေတာ့ေယာက်ာ္းေလးေတြနဲ႕တိုက္႐ိုက္မသက္ဆိုင္ပဲ မိန္းကေလးေတြနဲ႕သာ သက္ဆိုင္တဲ့ အေၾကာင္းအရာေလးျဖစ္သြားၿပီ။ ေယာက်ာ္းေလးေတြက ရာသီမွမလာပဲေလေနာ့။ ေယာက်ာ္းေလးေတြနဲ႕က တိုက္႐ိုက္သာ မသက္ဆိုင္ေပမယ့္ သြယ္ဝိုက္ၿပီးေတာ့ သက္ဆိုင္ပါတယ္။ ဘာလို႕လဲဆိုေတာ့ မိမိ၏ဇနီး၊ခ်စ္သူရဲ႕ ဓမၼတာလာစဥ္ျဖစ္ေပၚတတ္တဲ့ ခံစားခ်က္၊နာက်င္ကိုက္ခဲမွဳအခ်ဳိ႕နဲ႕ စိတ္မၾကည္မလင္ျဖစ္မွဳေတြဟာ အမ်ဳိးသားေတြအေပၚမွာပါ သက္ေရာက္မွဳရွိလို႕ပါ။ ဒီလိုအခ်ိန္ေတြမွာ စိတ္ထိခိုက္/စိတ္အလိုမက်ျဖစ္လြယ္တာ၊ရာသီေၾကာင့္ကိုက္ခဲတတ္တာေတြေၾကာင့္ မိန္းကေလးေတြအေနနဲ႕မိမိရဲ႕ခင္ပြန္း၊ခ်စ္သူအေပၚမွာ သည္းမခံႏိုင္တာ၊ဝမ္းနည္း ေဒါသထြက္လြယ္တာေတြျဖစ္ေလ့ရွိပါတယ္။
ဒါကို အမ်ဳိးသားေတြအေနနဲ႕ နားလည္သေဘာေပါက္ၿပီး ႏွစ္သိမ့္ဆက္ဆံေပးဖို႕လိုပါလိမ့္မယ္။
ရာသီ(ဓမၼတာ)လာရင္ ဘာေတြျဖစ္တတ္သလဲ??? မိန္းကေလးတစ္ေယာက္နဲ႕တစ္ေယာက္မတူႏိုင္ပါဘူး။ အခ်ဳိ႕က ဘာမွသိပ္မသိသာလိုက္ပဲၿပီးသြားတာရွိသလို အခ်ဳိ႕က်ေတာ့လဲအားနည္းႏုံးခ်ိတာ၊ေမာပန္းႏြမ္းနယ္တာ၊နာက်င္ကိုက္ခဲတာ၊မစားမေသာက္ခ်င္တာ၊စိတ္တိုေဒါသျဖစ္၊ဝမ္းနည္းလြယ္တာေတြထိ ျဖစ္တတ္ပါတယ္။
တစ္ခ်ဳိ႕မိန္းကေလးေတြဆို အေတာ့္ကိုေနမထိထိုင္မသာျဖစ္ေလာက္ေအာင္ ကိုက္ခဲတတ္ၾကပါတယ္။
ဗီတာမင္စီဟာ ရာသီအေပၚဘယ္လိုသက္ေရာက္မွဳရွိသလဲ??? သက္ေရာက္မွဳအခ်ဳိ႕ကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္…
၁။ရာသီမလာခင္ျဖစ္တတ္ေသာ ျပႆနာမ်ားအားသက္သာေစျခင္း။
အမ်ဳိးသမီးမ်ားရာသီမလာခင္အခ်ိန္မွာ estrogen ေဟာ္မုန္းဟာသဘာဝအတိုင္းထြက္လာပါတယ္။ သူ႕ရဲ႕ရည္ရြယ္ခ်က္က မ်ဳိးေအာင္ခဲ့ပါကမ်ဳိးဥကပ္ႏိုင္ေအာင္ သားအိမ္နံရံကိုအားေကာင္းၿပီးထူထဲလာေစတာျဖစ္ပါတယ္။
ဒါေပမယ့္ estrogen ေၾကာင့္မို႕ ရာသီမလာခင္ကိုက္ခဲျခင္း၊ရင္သားမ်ားတင္းျခင္း၊ေခါင္းကိုက္ျခင္း၊စိတ္က်ျခင္းမ်ားကိုတစ္ခါတစ္ရံျဖစ္ေစတတ္ပါတယ္။ ဗီတာမင္စီဟာ estrogen ေဟာ္မုန္းကိုမွ်တေစၿပီး အထက္ပါျပႆနာေတြကိုသက္သာေစႏိုင္ပါတယ္။
၂။ရာသီလာစဥ္နာက်င္ကိုက္ခဲမွဳကို သက္သာေစျခင္း။
estrogen နဲ႕တည္ေဆာက္လာခဲ့တဲ့ သားအိမ္နံရံဟာ မ်ဳိးဥမေအာင္ျခင္း(သို႕)သုတ္ပိုးနဲ႕မေတြ႕ျဖစ္တဲ့အခါမွာ ကြာက်သြားပါတယ္။ ဒီလို မ်ိဳးမေအာင္တဲ့ မမ်ိဳးဥရယ္၊သားအိမ္နံရံကေသြးေၾကာေလးေတြရယ္ ကြာက်တာကို ရာသီလာတယ္ေခၚပါတယ္။ ဒီအခ်ိန္မွာ ကိုက္ခဲျခင္း၊အစားအေသာက္ပ်က္ျခင္း၊ပ်ဳိ႕အန္ျခင္း၊အိပ္မေပ်ာ္ျခင္းမ်ားျဖစ္တတ္ပါတယ္။ ဗီတာမင္စီက ေဟာ္မုန္းမ်ားအတက္အက်ကို ထိန္းညွိေပးၿပီး အဆိုပါလကၡဏာမ်ားကို ေလ်ာ့နည္းေစပါတယ္။
ေဆးပညာရွင္ေတြရဲ႕ အဆိုအရဓမၼတာမလာခင္(၅)ရက္ေလာက္ႀကိဳၿပီး ဗီတာမင္စီကို တစ္ရက္ ၇၅၀ မီလီဂရမ္ေသာက္သံုးေပးပါက ရာသီလာစဥ္နာက်င္ကိုက္ခဲျခင္းကိုသက္သာေစတယ္လို႕ဆိုပါတယ္။ ရာသီမလာခင္ (၅)ရက္အလိုမွသည္ ရာသီရပ္သြားခ်ိန္အထိေသာက္ရမွာျဖစ္ပါတယ္။
၃။ရာသီမမွန္ျခင္းကို သက္သာေစျခင္း၊ရာသီေသြးမ်ားျခင္းကို သက္သာေစျခင္း။
ဗီတာမင္စီဟာ သားအိမ္မွာရွိတဲ့ေသြးေၾကာေလးေတြကို ေတာင့္တင္းသန္မာေစရံုမက အမ်ဳိးသမီးမ်ဳိးပြားစနစ္ကိုပါအားေကာင္းေစတာေၾကာင့္ ရာသီမမွန္ျခင္းကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ ဒါ့အျပင္ ေသြးဆင္းတာမမ်ားရေအာင္ပါ ထိန္းညွိေပးႏိုင္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ ဗီတာမင္စီတစ္ရက္ ၁၅၀၀ မီလီဂရမ္ေသာက္သံုးပါက ရာသီေၾကာင့္ျဖစ္တတ္တဲ့ျပႆနာေတြကို သက္သာေလ်ာ့ပါးေစတယ္လို႕ဆိုပါတယ္။
၄။ရာသီလာစဥ္ဆံုးရွဳံးသြားေသာ သံဓါတ္အားျပန္လည္ျဖည့္တင္းရာတြင္ သံဓါတ္စုပ္ယူမႈကိုအားေပးျခင္း။
ဓမၼတာလာစဥ္ ေသြးနဲ႕အတူဆံုးရွဳံးသြားေသာ သံဓါတ္ေၾကာင့္ ေမာပန္းႏြမ္းနယ္ျခင္း၊အားနည္းျခင္းမ်ားျဖစ္တတ္ပါတယ္။ ရာသီအရမ္းမ်ားရင္ သံဓါတ္ဆံုးရွံဳးမွဳေၾကာင့္ ေသြးအားနည္းေရာဂါကိုေတာင္ျဖစ္ေစႏိုင္ပါတယ္။ ဗီတာမင္စီဟာ သံဓါတ္အားေဆး(သို႔)သံဓါတ္ေပါႂကြယ္ဝေသာ အစားအစာမ်ားစားရာတြင္ အစာအိမ္အူလမ္းေၾကာင္းမွ သံဓါတ္စုပ္ယူျခင္းကို မ်ားစြာပိုမိုေကာင္းမြန္ေစပါတယ္။
ထို႕ေၾကာင့္ ဗီတာမင္စီ လံုေလာက္စြာစားသံုးျခင္းက သံဓါတ္စုပ္ယူမွဳကိုအားေကာင္းေစၿပီး သံဓါတ္ခ်ဳိ႕တဲ့ျခင္းေၾကာင့္ျဖစ္တဲ့ ေသြးအားနည္းေရာဂါကိုပါ သက္သာေစႏိုင္ပါတယ္။
အခုေျပာျပေပးသြားတာေတြကေတာ့ ရာသီ(ဓမၼတာ)အေပၚ ဗီတာမင္စီရဲ႕သက္ေရာက္ပံုေတြပဲျဖစ္ပါတယ္။
အမ်ဳိးသမီးမ်ား အာဟာရျပည့္ဝ က်န္းမာလွပႏိုင္ၾကပါေစ။
dr.ye’lwin mm