“သေးသေးလေးပဲလား ကြီးကြီးလား မသေးမကြီးလားကိုရွှေဘသား ကျားဆိုမှ ကျား “

ကိုရွှေဘသား ယောကျာၤးသားတို့ သိချင်ကြတဲ့ ကြီးချင်ကြတဲ့ပြဿနာဟာ နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တာပါ ။ဇီဝကတို့ ခုခေတ်တိုင် အဖြေရှာဆဲပါ ။ယောကျာၤးသားကြီးငယ်မဟူ မိမိတို့ အင်္ဂါသေးရင် ယောကျာၤးမပီသဘူး ၊ယောကျာၤးတို့ စွမ်းဆောင်ရည် မပြည့်မီဘူးလို့ ယူမှတ်မှားနေကြပါ
တယ် ။ယောကျာၤးစွမ်းဆောင်ရည် ပြည့် ၊မပြည့်ဆိုတာ အရွယ်အစားနဲ့ တိုက်ရိုက်အချိုးမကြပါဘူး ။ထိုထိုသော ကိုရွှေယောကျာၤးသားတို့၏ လိုအင်ကို ဖြည့်ဆည်းဖို့ နည်းလမ်းပေါင်းစုံတွေ တီထွင်ကြံဆခဲ့ကြတာ နှစ်ပေါင်းမနည်းပါ ။ခုဆိုရင်ကြီးဆေးသောက်ဆေး ၊လိမ်းဆေး ၊ထိုးဆေးများ ၊ပစ္စည်းကိရိယာများ ၊လေ့ကျင့်ခန်း
များကို အွန်လိုင်း မီဒီယာများ ၊ဗွီဒီယိုဖိုင်များမှာ ကြော်ငြာနေတာ ပလူပျံနေတာပါပဲ ။ထိုအရာများနဲ့ ပတ်သက်လို့လည်း အောက်မှာ ဆက်ဆွေးနွေးပါ့မယ် ။

တကယ်သေးတာလား ။

ယောကျာၤးသားတို့ရဲ့ အင်္ဂါအရွယ်အစားဟာ ဥရောပတိုက်သားတွေမှာ ငါးလက်မကျော်ထိ ရှိတတ်ပေမယ့် အာရှသားတွေမှာတော့ လေးလက်မပတ်လည်သာ ရှိတတ်ပါတယ် ။ဒါဟာ ထောင်မတ်နေတဲ့အချိန် တိုင်းထားတဲ့ အရွယ်အစားကိုပြောတာပါ ။လုံးပတ်ဆိုရင် အရွယ်ရောက်ပြီးတဲ့ အနောက်တိုင်းသားတွေမှာ တစ်လက်မခွဲ ၊ နှစ်လက်မ သာသာ ရှိတာပါ။အာရှတိုက်သားတွေသည် အနည်းငယ်ပိုပြီး လုံးပတ်သေး ၊အနည်းငယ် ပိုတိုနေတတ်ပါတယ် အာရှသားချင်းတူရင်တောင် တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါ ။ဘာကြောင့်လဲဆိုရင် မျိုးရိုးဗီဇအရ ၊နေထိုင်မှု စားသောက်ပုံစံ အရ ကွဲပြားလို့ပါ ။

လေ့လာထားချက်များအရ မိမိဘာသာ အရွယ်အစားသေးတယ် ထင်နေတဲ့ ယောကျာၤးသား အများစုရဲ့ အင်္ဂါဟာ ပုံမှန်အရွယ်အစားတွေ ဖြစ်နေကြတာကို တွေ့ရပါတယ် ။ဘာကြောင့် ဒီလို ထင်ကြတာလဲဆိုရင် ကြီးချင်တဲ့ စိတ်စွဲလွန်နေလို့ရယ် ၊အဝလွန်နေလို့ရယ် ၊မိမိဘာသာ ငုံကြည့်ရတဲ့ အခါ မြင်ကွင်းအနေအထားအရ သေးသွားတာရယ် တို့ကြောင့်ပါ ။

တကယ် အလုပ်ဖြစ်တဲ့နည်း

အဝလွန်နေသူတွေမှာ ဝမ်းဗိုက်ရှိ ပိုနေတဲ့ အဆီတွေဟာ လိင်တံရဲ့အရင်းကို ဖုံးအုပ်ထားသလို ဖြစ်တဲ့အတွက် သေးငယ်တယ် ထင်ရတာပါ ။ဒါကြောင့်ဝိတ်ချခြင်းဖြင့် အဆီတွေက ဖုံးအုပ်ထားတဲ့ လိင်တံအရင်းပြန်ပေါ်လာပြီး အနည်းငယ်ကြီးလာ ရှည်လာတယ်ထင်နိုင်စရာရှိပါတယ် ။

ကြားဖူးနား၀ နည်းလမ်းများ တကယ် အလုပ်ဖြစ်ရဲ့လား

လိင်တံကြီးထွားစေဆိုပြီး တစ်ယောက်စကား တစ်ယောက်နား ပြောနေကြတဲ့ သောက်ဆေးများ ၊လိမ်းဆေးများသည် သေချာစမ်းသပ်လေ့လာထားချက်များမရှိပါ ။ဒါကြောင့် လိင်တံကြီးထွားစေတယ်ဆိုတာ မမှန်ပါ ။

လိင်အင်္ဂါကြီးဆေးများ လုံး၀ မထိုးသင့်ပါ ။လက်ငင်းချက်ချင်း အန္တရာယ်က တန်ဆာမှာ အနာဖြစ်မယ် ။အစပထမမှာ ကြီးလာတယ်ထင်ရပေမယ့်နောက်ပိုင်းမှာ နဂိုရှိနေတဲ့ တစ်သျှူးတွေ နေရာမှာ အရွတ်တစ်သျှူးတွေ အစားထိုးဝင်ရောက်လာပါတယ် ။အဲ့ဒီအခါ အမာရွတ်လို ဖြစ်သွားတယ် ။ပုံမှန်လို ကျုံ့နိုင်ဆန့်နိုင်ခြင်း မရှိတော့ စိတ်ပါပေမယ့် မိမိ အင်္ဂါသည် စိတ်အလိုမလိုက်နိုင်ဘဲကောင်းစွာ မတောင့်တင်းနိုင်တော့ ။ ထို့အခါ ခွဲစိတ်ပြုပြင်ရတဲ့အထိ ဖြစ်သွားနိုင်တယ် ။ခွဲပြီးရင်လည်း ပိုပြီးတောင် တိုသွား နိုင်တယ် ။

လိင်အင်္ဂါကြီးစေဖို့ ထောက်ကူပေးတဲ့ ကိရိယာဆိုတာ ဆလင်ဒါပုံရေပြွတ်သဏ္ဍန် ကိရိယာလေးပါ ။လေလုံအောင်လုပ်ထားတဲ့ ဆလင်ဒါကလေးထဲလိင်အင်္ဂါကို ထည့်စွပ်ရတယ် ။ထိုဆလင်ဒါလေးက သွေးတွေကို လိင်တံထိပ်ဆီ ပိုစီးစေတဲ့ အတွက် ထောင်မတ်လာပြီး ပိုကြီးလာတယ် ထင်ရပါတယ် ။အဲလို ထောင်မတ်လာရင် ပြန်ထုတ်ပြီး လိင်တံ အရင်းကို ကြိုးလိုဟာနဲ့ ချည်ထားရပါတယ် ။ဒါမှသွေးတွေ နောက်ကို ပြန်မစီးမှ ကြာကြာခံနိုင်မှာပါ ။ဒါပေယ့် သတိပြုရမှာကမိနစ် ၂၀ကျော် ကြာတဲ့အထိ စည်းထားမယ်ဆိုရင် လိင်အင်္ဂါ တစ်သျှူးများ ပျက်စီးနိုင်ပါတယ် ။
လိင်အင်္ဂါကြီးထွားအောင် လေ့ကျင့်ကြတဲ့ နည်းပေါင်းစုံ တွေ့ဖူးကြားဖူးကြမှာပါ ။ဒါပေမယ့်လိင်အင်္ဂါသည်ကြွက်သားတွေနဲ့ဖွဲ့စည်းထားခြင်း မဟုတ်လို့ရေမြုတ်ကဲ့သို့ ပွယောင်းတဲ့ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားလို့ လေ့ကျင့်လို့ မရပါ ။စိတ်ပါတဲ့အချိန် လိင်အင်္ဂါတောင့်တင်းခြင်းမှာ လိင်အင်္ဂါမှာ သွေးများလာခြင်းကြောင့်ဖြစ်တာပါ ။

ခေတ်သစ် ဇီဝက

“ေသးေသးေလးပဲလား ႀကီးႀကီးလား မေသးမႀကီးလားကိုေရႊဘသား က်ားဆိုမွ က်ား “

ကိုေရႊဘသား ေယာက်ာၤးသားတုိ႕ သိခ်င္ႀကတဲ့ ႀကီးခ်င္ႀကတဲ့ျပႆနာဟာ ႏွစ္ေပါင္းမ်ားစြာ ကတည္းက ရွိခဲ့တာပါ ။ဇီ၀ကတုိ႕ ခုေခတ္တိုင္ အေျဖရွာဆဲပါ ။ေယာက်ာၤးသားႀကီးငယ္မဟူ မိမိတို႕ အဂၤါေသးရင္ ေယာက်ာၤးမပီသဘူး ၊ေယာက်ာၤးတို႕ စြမ္းေဆာင္ရည္ မျပည့္မီဘူးလို႕ ယူမွတ္မွားေနႀကပါ
တယ္ ။ေယာက်ာၤးစြမ္းေဆာင္ရည္ ျပည့္ ၊မျပည့္ဆိုတာ အရြယ္အစားနဲ႕ တုိက္ရိုက္အခ်ိဳးမႀကပါဘူး ။ထိုထိုေသာ ကိုေရႊေယာက်ာၤးသားတို႕၏ လိုအင္ကို ျဖည့္ဆည္းဖို႕ နည္းလမ္းေပါင္းစုံေတြ တီထြင္ႀကံဆခဲ့ႀကတာ ႏွစ္ေပါင္းမနည္းပါ ။ခုုဆိုရင္ႀကီးေဆးေသာက္ေဆး ၊လိမ္းေဆး ၊ထိုးေဆးမ်ား ၊ပစၥည္းကိရိယာမ်ား ၊ေလ့က်င့္ခန္း
မ်ားကို အြန္လိုင္း မီဒီယာမ်ား ၊ဗီြဒီယိုဖိိုင္မ်ားမွာ ေႀကာ္ျငာေနတာ ပလူပ်ံေနတာပါပဲ ။ထိုအရာမ်ားနဲ႕ ပတ္သက္လို႕လည္း ေအာက္မွာ ဆက္ေဆြးေႏြးပါ့မယ္ ။

တကယ္ေသးတာလား ။

ေယာက်ာၤးသားတို႕ရဲ႕ အဂၤါအရြယ္အစားဟာ ဥေရာပတိုက္သားေတြမွာ ငါးလက္မေက်ာ္ထိ ရွိတတ္ေပမယ့္ အာရွသားေတြမွာေတာ့ ေလးလက္မပတ္လည္သာ ရွိတတ္ပါတယ္ ။ဒါဟာ ေထာင္မတ္ေနတဲ့အခ်ိ္န္ တိုင္းထားတဲ့ အရြယ္အစားကိိုေျပာတာပါ ။လုံးပတ္ဆိုရင္ အရြယ္ေရာက္ျပီးတဲ့ အေနာက္တိုင္းသားေတြမွာ တစ္လက္မခဲြ ၊ ႏွစ္လက္မ သာသာ ရွိတာပါ။အာရွတိုက္သားေတြသည္ အနည္းငယ္ပိုျပီး လုံးပတ္ေသး ၊အနည္းငယ္ ပိုတိုေနတတ္ပါတယ္ အာရွသားခ်င္းတူရင္ေတာင္ တစ္ေယာက္နဲ႕ တစ္ေယာက္မတူႏိုင္ပါ ။ဘာေႀကာင့္လဲဆိုရင္ မ်ိဳးရုိးဗီဇအရ ၊ေနထိုင္မႈ စားေသာက္ပုံစံ အရ ကဲြျပားလို႕ပါ ။

ေလ့လာထားခ်က္မ်ားအရ မိမိဘာသာ အရြယ္အစားေသးတယ္ ထင္ေနတဲ့ ေယာက်ာၤးသား အမ်ားစုရဲ႕ အဂၤါဟာ ပုံမွန္အရြယ္အစားေတြ ျဖစ္ေနႀကတာကို ေတြ႕ရပါတယ္ ။ဘာေႀကာင့္ ဒီလို ထင္ႀကတာလဲဆိုရင္ ႀကီးခ်င္တဲ့ စိတ္စဲြလြန္ေနလိို႕ရယ္ ၊အ၀လြန္ေနလို႕ရယ္ ၊မိမိဘာသာ ငုံႀကည့္ရတဲ့ အခါ ျမင္ကြင္းအေနအထားအရ ေသးသြားတာရယ္ တို႕ေႀကာင့္ပါ ။

တကယ္ အလုပ္ျဖစ္တဲ့နည္း

အ၀လြန္ေနသူေတြမွာ ၀မ္းဗိုက္ရွိ ပိုေနတဲ့ အဆီေတြဟာ လိ္င္တံရဲ႕အရင္းကို ဖုံးအုပ္ထားသလို ျဖစ္တဲ့အတြက္ ေသးငယ္တယ္ ထင္ရတာပါ ။ဒါေႀကာင့္၀ိတ္ခ်ျခင္းျဖင့္ အဆီေတြက ဖုံးအုပ္ထားတဲ့ လိင္တံအရင္းျပန္ေပၚလာျပီး အနည္းငယ္ႀကီးလာ ရွည္လာတယ္ထင္ႏိုင္စရာရွိပါတယ္ ။

ႀကားဖူးနား၀ နည္းလမ္းမ်ား တကယ္ အလုပ္ျဖစ္ရဲ႕လား

လိင္တံႀကီးထြားေစဆိုျပီး တစ္ေယာက္စကား တစ္ေယာက္နား ေျပာေနႀကတဲ့ ေသာက္ေဆးမ်ား ၊လိမ္းေဆးမ်ားသည္ ေသခ်ာစမ္းသပ္ေလ့လာထားခ်က္မ်ားမရိွပါ ။ဒါေႀကာင့္ လိင္တံႀကီးထြားေစတယ္ဆိုတာ မမွန္ပါ ။

လိင္အဂၤါႀကီးေဆးမ်ား လုံး၀ မထိုးသင့္ပါ ။လက္ငင္းခ်က္ခ်င္း အႏၱရာယ္က တန္ဆာမွာ အနာျဖစ္မယ္ ။အစပထမမွာ ႀကီးလာတယ္ထင္ရေပမယ့္ေနာက္ပိုင္းမွာ နဂုိရွိေနတဲ့ တစ္သွ်ဴးေတြ ေနရာမွာ အရြတ္တစ္သွ်ဴးေတြ အစားထိုး၀င္ေရာက္လာပါတယ္ ။အဲ့ဒီအခါ အမာရြတ္လို ျဖစ္သြားတယ္ ။ပုံမွန္လို က်ံဳ႕ႏိုင္ဆန္႕ႏုိင္ျခင္း မရွိေတာ့ စိ္တ္ပါေပမယ့္ မိမိ အဂၤါသည္ စိတ္အလိုမလုိက္ႏိုင္ဘဲေကာင္းစြာ မေတာင့္တင္းႏို္င္ေတာ့ ။ ထို႕အခါ ခဲြစိတ္ျပဳျပင္ရတဲ့အထိ ျဖစ္သြားႏိုင္တယ္ ။ခဲြျပီးရင္လည္း ပိုျပီးေတာင္ တိုသြား ႏိုင္တယ္ ။

လိင္အဂၤါႀကီးေစဖို႕ ေထာက္ကူေပးတဲ့ ကိရိယာဆိုတာ ဆလင္ဒါပုံေရျပြတ္သ႑န္ ကိရိယာေလးပါ ။ေလလုံေအာင္လုပ္ထားတဲ့ ဆလင္ဒါကေလးထဲလိင္အဂၤါကို ထည့္စြပ္ရတယ္ ။ထိုဆလင္ဒါေလးက ေသြးေတြကို လိင္တံထိပ္ဆီ ပုိစီးေစတဲ့ အတြက္ ေထာင္မတ္လာျပီး ပိုႀကီးလာတယ္ ထင္ရပါတယ္ ။အဲလို ေထာင္မတ္လာရင္ ျပန္ထုတ္ျပီး လိင္တံ အရင္းကို ႀကိဳးလိုဟာနဲ႕ ခ်ည္ထားရပါတယ္ ။ဒါမွေသြးေတြ ေနာက္ကို ျပန္မစီးမွ ႀကာႀကာခံႏိုင္မွာပါ ။ဒါေပယ့္ သတိျပဳရမွာကမိနစ္ ၂၀ေက်ာ္ ႀကာတဲ့အထိ စည္းထားမယ္ဆုိရင္ လိင္အဂၤါ တစ္သွ်ဴးမ်ား ပ်က္စီးႏိုင္ပါတယ္ ။
လိင္အဂၤါႀကီးထြားေအာင္ ေလ့က်င့္ႀကတဲ့ နည္းေပါင္းစုံ ေတြ႕ဖူးႀကားဖူးႀကမွာပါ ။ဒါေပမယ့္လိင္အဂၤါသည္ႀကြက္သားေတြနဲ႕ဖဲြ႕စည္းထားျခင္း မဟုတ္လို႕ေရျမဳတ္ကဲ့သို႕ ပြေယာင္းတဲ့ တစ္သွ်ဴးေတြနဲ႕ ဖဲြ႕စည္းထားလို႕ ေလ့က်င့္လို႕ မရပါ ။စိ္တ္ပါတဲ့အခ်ိန္ လိင္အဂၤါေတာင့္တင္းျခင္းမွာ လိင္အဂၤါမွာ ေသြးမ်ားလာျခင္းေႀကာင့္ျဖစ္တာပါ ။

ေခတ္သစ္ ဇီ၀က

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *