လိင်တံအရွယ်အစားဟာ တကယ်ပဲအရေးပါသလား?

ဒီမေးခွန်းဟာ အမျိုးသားတော်တော်များများမေးချင်သိချင်ကြမယ့်မေးခွန်းမျိုးဖြစ်ပါလိမ့်မယ်။အရွယ်ရောက်ပြီးလူတွေရဲ့နေ့စဉ်ဘဝမှာ လိင်ကိစ္စဟာလည်းချန်လှပ်ထားလို့မရတဲ့ကိစ္စတစ်ခုရယ်ပါ။ဖိုမကြားမှာရှိတဲ့ သဘာဝကိစ္စတစ်ခုဖြစ်ပေမယ့် မြန်မာပြည်လိုနေရာမျိုးမှာ လိင်ကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုပွင့်ပွင့်လင်းလင်းမေးဖြစ်ဖို့ ခက်ခဲနေဆဲပါပဲ။မိမိနဲ့ဆက်ဆံဖော်နဲ့တောင် လိင်ကိစ္စအကြောင်းပွင့်ပွင့်လင်းလင်းမပြောရဲတဲ့လူတွေရှိနေပါသေးတယ်။

ဒီတော့ လိင်ကိစ္စနဲ့ပတ်သက်ပြီး တိုးတိုးတိတ်တိတ်လက်ဆင့်ကမ်းလာတဲ့အယူအဆမှားတွေနဲ့ မဖြစ်သင့်တဲ့ပြဿနာတွေကြုံနေရတာ အံသြစရာတော့မရှိပါဘူး။

ယောကျာ်းတစ်ယောက်ရဲ့လိင်အင်္ဂါအရွယ်အစားဟာ လိင်မှုဘဝမှာပျော်ရွှင်ဖို့အမှန်တကယ်ပဲအရေးကြီးသလားဆိုတဲ့မေးခွန်းဟာ Yes or No တစ်ခွန်းတည်းနဲ့ဖြေဖို့မဖြစ်နိုင်ပါဘူး။

လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုသလို အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာအကြိုက်တွေလည်းမတူနိုင်ကြပါဘူး။အပြာကား အပြာရုပ်ရှင်တွေကရိုက်သွင်းနေတဲ့ လိင်အင်္ဂါအရွယ်အစားကြီးလေ ကောင်းလေဆိုတဲ့ အယူအဆဟာလူတိုင်းအတွက်မမှန်ကန်နိုင်ကြောင်းကိုတော့ ပြောပါရစေ။လိင်အင်္ဂါအရွယ်အစားဟာ ဘယ်လောက်အရေးပါသလဲဆိုတဲ့မေးခွန်းကို အမျိုးသမီးတွေကို စစ်တမ်းကောက်ကြည့်ရာမှာ တစ်ဝက်လောက်ကသာ အရေးပါတယ်လို့ဖြေကြပါတယ်။

လိင်ပိုင်းဆိုင်စိတ်ကျေနပ်မှုရဖို့ဆိုတာ လိင်အင်္ဂါအရွယ်အစားတစ်ခုတည်းအပေါ်မူတည်နေတာတော့မဟုတ်ပါဘူး။ချစ်ခင်ကြင်နာတဲ့ထိတွေ့မှုများဟာလည်း အမျိုးသမီးများကိုစိတ်ကျေနပ်မှုရစေပါတယ်။

လိင်အင်္ဂါအရွယ်အစားအပေါ်ပဲအာရုံစိုက်ပြီး ကြီးလာအောင် ဆေးထိုးတာမျိုးတွေလုပ်ဖို့တော့ အားမပေးပါဘူး။ဒါဟာနောက်ပိုင်းမှာဆေးပညာအခေါ်အရ Silicone penis လို့ခေါ်တဲ့အခြေအနေတစ်မျိုးကိုဖြစ်စေပြီး ခွဲစိတ်မှုများအကြိမ်ကြိမ်ပြုလုပ်ရတာမျိုးတွေ့ကြုံရနိုင်ပါတယ်။အခန့်မသင့်လို့ လိင်တံကင်ဆာဖြစ်တဲ့အထိဆိုးရွားလာရင် လိင်တံကိုဖြတ်ပစ်ရတာမျိုးအထိတောင် လုပ်ရနိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိရဲ့အဖော်နဲ့ပွင့်လင်းတဲ့ဆက်ဆံရေးရှိဖို့ပါပဲ။ကိုယ့်အကြိုက် သူ့အကြိုက်ဖလှယ်ထားနိုင်ရင် ချစ်ခင်နားလည်မှုရှိတဲ့ဆက်ဆံရေးလည်းရှိရင် လိင်တံအရွယ်အစားဟာ လိင်မှုဘဝမှာအဟန့်အတားဖြစ်တာနည်းသွားမှာပါ။

ဒေါက်တာပွင့်ဖြိုးကျော်

လိင္တံအရြယ္အစားဟာ တကယ္ပဲအေရးပါသလား?

ဒီေမးခြန္းဟာ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားေမးခ်င္သိခ်င္ၾကမယ့္ေမးခြန္းမ်ိဳးျဖစ္ပါလိမ့္မယ္။အရြယ္ေရာက္ျပီးလူေတြရဲ႕ေန႕စဥ္ဘဝမွာ လိင္ကိစၥဟာလည္းခ်န္လွပ္ထားလို႔မရတဲ႔ကိစၥတစ္ခုရယ္ပါ။ဖိုမၾကားမွာရွိတဲ႔ သဘာဝကိစၥတစ္ခုျဖစ္ေပမယ့္ ျမန္မာျပည္လုိေနရာမ်ိဳးမွာ လိင္ကိစၥနဲ႔ပတ္သက္တဲ႔ေမးခြန္းေတြကိုပြင့္ပြင့္လင္းလင္းေမးျဖစ္ဖို႕ ခက္ခဲေနဆဲပါပဲ။မိမိနဲ႔ဆက္ဆံေဖာ္နဲ႔ေတာင္ လိင္ကိစၥအေၾကာင္းပြင့္ပြင့္လင္းလင္းမေျပာရဲတဲ႔လူေတြရွိေနပါေသးတယ္။

ဒီေတာ့ လိင္ကိစၥနဲ႔ပတ္သက္ျပီး တိုးတိုးတိတ္တိတ္လက္ဆင့္ကမ္းလာတဲ႔အယူအဆမွားေတြနဲ႔ မျဖစ္သင့္တဲ႔ျပႆနာေတြၾကံဳေနရတာ အံၾသစရာေတာ့မရွိပါဘူး။

ေယာက်ာ္းတစ္ေယာက္ရဲ႕လိင္အဂၤါအရြယ္အစားဟာ လိင္မႈဘဝမွာေပ်ာ္ရႊင္ဖို႕အမွန္တကယ္ပဲအေရးၾကီးသလားဆိုတဲ႔ေမးခြန္းဟာ Yes or No တစ္ခြန္းတည္းနဲ႔ေျဖဖို႔မျဖစ္နိုင္ပါဘူး။

လူတစ္ကိုယ္အၾကိဳက္တစ္မ်ိဳးဆိုသလို အမ်ိဳးသမီးေတြရဲ႕လိင္ပိုင္းဆိုင္ရာအၾကိဳက္ေတြလည္းမတူနိုင္ၾကပါဘူး။အျပာကား အျပာရုပ္ရွင္ေတြကရို္က္သြင္းေနတဲ႔ လိင္အဂၤါအရြယ္အစားၾကီးေလ ေကာင္းေလဆိုတဲ႔ အယူအဆဟာလူတိုင္းအတြက္မမွန္ကန္နိုင္ေၾကာင္းကိုေတာ့ ေျပာပါရေစ။လိင္အဂၤါအရြယ္အစားဟာ ဘယ္ေလာက္အေရးပါသလဲဆိုတဲ႔ေမးခြန္းကို အမ်ိဳးသမီးေတြကို စစ္တမ္းေကာက္ၾကည့္ရာမွာ တစ္ဝက္ေလာက္ကသာ အေရးပါတယ္လို႔ေျဖၾကပါတယ္။

လိင္ပိုင္းဆိုင္စိတ္ေက်နပ္မႈရဖို႕ဆိုတာ လိင္အဂၤါအရြယ္အစားတစ္ခုတည္းအေပၚမူတည္ေနတာေတာ့မဟုတ္ပါဘူး။ခ်စ္ခင္ၾကင္နာတဲ့ထိေတြ႕မႈမ်ားဟာလည္း အမ်ိဳးသမီးမ်ားကိုစိတ္ေက်နပ္မႈရေစပါတယ္။

လိင္အဂၤါအရြယ္အစားအေပၚပဲအာရုံစိုက္ျပီး ၾကီးလာေအာင္ ေဆးထိုးတာမ်ိဳးေတြလုပ္ဖို႕ေတာ့ အားမေပးပါဘူး။ဒါဟာေနာက္ပိုင္းမွာေဆးပညာအေခၚအရ Silicone penis လို႔ေခၚတဲ႔အေျခအေနတစ္မ်ိဳးကိုျဖစ္ေစျပီး ခြြဲစိတ္မႈမ်ားအၾကိမ္ၾကိမ္ျပဳလုပ္ရတာမ်ိဳးေတြ႕ၾကံဳရနိုင္ပါတယ္။အခန္႔မသင့္လို႔ လိင္တံကင္ဆာျဖစ္တဲ႔အထိဆိုးရြားလာရင္ လိင္တံကိုျဖတ္ပစ္ရတာမ်ိဳးအထိေတာင္ လုပ္ရနိုင္ပါတယ္။

အေကာင္းဆံုးကေတာ့ မိမိရဲ႕အေဖာ္နဲ႔ပြင့္လင္းတဲ႔ဆက္ဆံေရးရွိဖို႕ပါပဲ။ကိုယ့္အၾကိဳက္ သူ႔အၾကိဳက္ဖလွယ္ထားနိုင္ရင္ ခ်စ္ခင္နားလည္မႈရွိတဲ႔ဆက္ဆံေရးလည္းရွိရင္ လိင္တံအရြယ္အစားဟာ လိင္မႈဘဝမွာအဟန္႔အတားျဖစ္တာနည္းသြားမွာပါ။

ေဒါက္တာပြင့္ၿဖိဳးေက်ာ္

Related posts
အမျိုးသား ကျန်းမာရေး

အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးမပွင့်ခြင်း ဆိုတာ

1 Mins read
လူပျိုဖော်ဝင်စအချိန်မှာ သဘာဝအလျောက် အမျိုးသားလိင်အင်္ဂါ ထိပ်ဖူးဟာ ပွင့်လာတတ်ပါတယ်။ ဒါပေမယ့် အချို့မှာတော့ လိင်တံထိပ်ဖူးဟာ လူပျိုပေါက်အရွယ်ကျော်လွန်ပြီးတာတောင် ငုံနေဆဲအခြေအနေမျိုး(Phimosis)ကြုံနေရသူတွေလည်းရှိပါတယ်။ ဒီလိုလိင်တံထိပ်ဖူးငုံနေခြင်းဟာ အညစ်အကြေးနှင့်ဘက်တီးရီးယားများ စုပုံနေတတ်လို့ လိင်တံထိပ်ဖျားရောင်ရမ်းခြင်း များဖြစ်တတ်ပါတယ်။ အထူးသဖြင့်ဆီးသွားရာ၊ လိင်ဆက်ဆံရာမှာ ဖုံးအုပ်နေတဲ့ အရေပြားရဲ့ တင်းကျပ်မှုကြောင့် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *