All Articlesဆီးချိုရောဂါအထွေထွေရောဂါများ

Does Metformin Causes Renal Injury

1 Mins read

ဆီးချိုသမားတွေရဲ့လက်စွဲ metformin ဟာကျောက်ကပ်ကိုထိခိုက်စေနိုင်သလား?

Metformin ဆိုတဲ့ဆေးဟာ ဆီးချိုရောဂါကုသရာမှာအသုံးများဆုံးဆေးဖြစ်ပြီး လူနာများပါရင်းနှီးနေတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ဆီးချိုထိန်းရာမှာ အသုံးဝင်လှတဲ့ metformin ဟာ ဘေးထွက်ဆိုးကျိုးတစ်ချို့လည်း ရှိနေပါတယ်။အစာမကြေတာ လေပွတာ ကြွက်သားနာကျင်တာလိုမျိုးတွေဖြစ်တတ်သလို ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ဆိုကြပါတယ်။

ကျောက်ကပ်ကိုဘယ်လိုနည်းနဲ့ ထိခိုက်စေနိုင်တာလဲ?

Metformin ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Lactic acid ပမာဏကိုမြင့်မားစေပါတယ်။ Lactic acid တွေစုပုံလာခြင်းဟာ ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပျက်စီးစေတယ်လို့ဆိုကြပါတယ်။

ဘယ်လိုအခြေအနေမျိုးတွေမှာ ကျောက်ကပ်ကိုထိခိုက်တာပိုဆိုးနိုင်သလဲ?

ကျောက်ကပ်ရဲ့ မူလလုပ်ငန်းဆောင်တာမကောင်းသူတွေ အသက်ကြီးသူတွေ နဲ့ ဝမ်းလျှောဝမ်းပျက်နဲ့အန်တာလို ရေဓာတ်ဆုံးရှုံးတဲ့အခြေအနေမျိူ းတွေမှာ ကျောက်ကပ်ထိခိုက်မှုပိုဆိုးနိုင်ပါတယ်။

ဒါဆို Metformin သောက်သုံးမှုကို ရပ်ပစ်ရမှာလား?

Metformin ဟာ ဆီးချို ထိန်းတဲ့နေရာမှာ ရှေ့ပြေးနေဆဲဆေးတစ်မျိုးဖြစ်ပါတယ်။ကျောက်ကပ်ပျက်စီးမှုမရှိသေးတဲ့ ဆီးချို ဝေဒနာရှင်တွေမှာ metformin ဟာ နာတာရှည်ကျောက်ကပ်ပျက်စီးမှုကို နှောင့်နှေးစေတယ်လို့လည်း ဆိုကြပါတယ်။Metformin ကိုမိမိသဘောနဲ့ ရပ်ပစ်တာထက် တတ်ကျွမ်းနားလည်သူဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။Metformin သောက်နေရတဲ့လူနာတွေဟာ ကျောက်ကပ်လုပ်ငန်းဆောင်တာစစ်ဆေးမှုကို ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။မိမိသဘောနဲ့မိမိ ဆေးကိုသောက်သုံးခြင်း(ဥပမာ ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်မှဝယ်သောက်ခြင်း)နဲ့ ပမာဏတိုးသောက်ခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။တန်ဆေး လွန်ဘေးဆိုတာကို သတိပြု ရမှာဖြစ်ပါတယ်။

Dr.ပွင့်ဖြိုးကျော်

ဆီးခ်ိဳသမားေတြရဲ႕လက္စြဲ metformin ဟာေက်ာက္ကပ္ကိုထိခိုက္ေစနိုင္သလား?

Metformin ဆိုတဲ႔ေဆးဟာ ဆီးခ်ိဳေရာဂါကုသရာမွာအသံုးမ်ားဆံုးေဆးျဖစ္ျပီး လူနာမ်ားပါရင္းႏွီးေနတဲ႔ေဆးတစ္မ်ိဳးျဖစ္ပါတယ္။ဆီးခ်ိဳထိန္းရာမွာ အသံုးဝင္လွတဲ႔ metformin ဟာ ေဘးထြက္ဆိုးက်ိဳးတစ္ခ်ိဳ႕လည္း ရွိေနပါတယ္။အစာမေၾကတာ ေလပြတာ ၾကြက္သားနာက်င္တာလိုမ်ိဳးေတြျဖစ္တတ္သလို ေက်ာက္ကပ္ရဲ႕လုပ္ငန္းေဆာင္တာေတြကိုပါ ထိခိုက္ေစနိုင္တယ္လို႔ဆိုၾကပါတယ္။

ေက်ာက္ကပ္ကိုဘယ္လိုနည္းနဲ႔ ထိခိုက္ေစနိုင္တာလဲ?

Metformin ဟာ ခႏၶာကုိယ္အတြင္းမွာရွိတဲ႔ Lactic acid ပမာဏကုုိျမင့္မားေစပါတယ္။ Lactic acid ေတြစုပံုလာျခင္းဟာ ေက်ာက္ကပ္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ပ်က္စီးေစတယ္လို႔ဆိုၾကပါတယ္။

ဘယ္လိုအေျခအေနမ်ိဳးေတြမွာ ေက်ာက္ကပ္ကိုထိခိုက္တာပိုဆိုးနိုင္သလဲ?

ေက်ာက္ကပ္ရဲ႕ မူလလုပ္ငန္းေဆာင္တာမေကာင္းသူေတြ အသက္ၾကီးသူေတြ နဲ႔ ဝမ္းေလ်ွာဝမ္းပ်က္နဲ႔အန္တာလို ေရဓာတ္ဆုံးရႈံးတဲ႔႔အေျခအေနမ်ိဴ းေတြမွာ ေက်ာက္ကပ္ထိခိုက္မႈပိုဆိုးနိုင္ပါတယ္။

ဒါဆို Metformin ေသာက္သံုးမႈကို ရပ္ပစ္ရမွာလား?

Metformin ဟာ ဆီးခ်ိဳ ထိန္းတဲ႔ေနရာမွာ ေရွ႕ေျပးေနဆဲေဆးတစ္မ်ိဳးျဖစ္ပါတယ္။ေက်ာက္ကပ္ပ်က္စီးမႈမရွိေသးတဲ႔ ဆီးခ်ိဳ ေဝဒနာရွင္ေတြမွာ metformin ဟာ နာတာရွည္ေက်ာက္ကပ္ပ်က္စီးမႈကို ေႏွာင့္ေႏွးေစတယ္လို႔လည္း ဆိုၾကပါတယ္။Metformin ကိုမိမိသေဘာနဲ႔ ရပ္ပစ္တာထက္ တတ္ကြ်မ္းနားလည္သူဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။Metformin ေသာက္ေနရတဲ႔လူနာေတြဟာ ေက်ာက္ကပ္လုပ္ငန္းေဆာင္တာစစ္ေဆးမႈကုိ ေျခာက္လ သို႔မဟုတ္ တစ္ႏွစ္တစ္ၾကိမ္ျပဳလုပ္သင့္ပါတယ္။မိမိသေဘာနဲ႔မိမိ ေဆးကိုေသာက္သံုးျခင္း(ဥပမာ ဆရာဝန္ရဲ႕ညႊန္ၾကားခ်က္မပါဘဲ ေဆးဆိုင္မွဝယ္ေသာက္ျခင္း)နဲ႔ ပမာဏတိုးေသာက္ျခင္းတို႕ကို မျပဳလုပ္သင့္ပါဘူး။တန္ေဆး လြန္ေဘးဆိုတာကို သတိျပဳ ရမွာျဖစ္ပါတယ္။

Dr.ပြင့္ျဖိဳးေက်ာ္

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…
အခြားရောဂါများအထွေထွေရောဂါများ

သည်းခြေကျောက် တည်ခြင်း

1 Mins read
သည်းခြေကျောက် ဆိုတာ သည်းခြေအိတ်အတွင်းမှာရှိတဲ့ သည်းခြေရည်ပစ္စည်းများ မာကျောပြီးခဲသွားတဲ့အခါ ဖြစ်ပေါ် လာတဲ့ အရာဝတ္ထုများ ဖြစ်ပါတယ်။ သည်းခြေကျောက်ဟာ သဲတစ်မှုန်လောက်အရွယ်အစားကနေ ဂေါက်သီးတစ်လုံးလောက်အရွယ်အစားအထိ အရွယ်အစားအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းရဲ့ အောက်ဘက်ပိုင်းမှာတည်ရှိပြီး သည်းခြေရည်ကို သိုလှောင်ထားပေးတဲ့ အိတ်ပုံ သဏ္ဍာန်ရှိတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *