အသားမာလေးတွေက သင့်ကိုစိတ်အနှောက်အယှက်ပေးနေပါသလား?
ကျွန်မတို့ ကိုယ်နဲ့အံမဝင်တဲ့ဖိနပ်တွေစီးတဲ့အခါ၊ အသားနဲ့အခြားမာတဲ့ပစ္စည်းတွေနဲ့ပွတ်တိုက်မိတဲ့အခါ အသားမာလေးတွေဖြစ်ပေါ်လာရပါတယ်။အများဆုံးတွေ့ရာက ပွတ်တိုက်တာများတဲ့နေရာတွေဖြစ်တဲ့ ခြေထောက်( ခြေချောင်းထိပ်ဘက်၊ဘေးဘက်၊ ခြေချောင်းကြား) တွေ ၊ လက်ချောင်းလေးတွေမှာတွေ့ရတတ်ပြီး အခြားနေရာတွေမှာလည်းဖြစ်နိုင်ပါတယ်။ခြေထောက်မှာ ဖြစ်ရတဲ့ အဓိအကြောင်းက ကိုယ့်ခြေထောက်နဲ့ကျပ်တဲ့ဖိနပ်၊ ချောင်လွန်းတဲ့ဖိနပ်စီးပြီးပြေးတာ၊ လမ်းလျှောက်တာ၊ အချိန်အကြာကြီးမတ်တပ်ရပ်တာ၊ ခြေအိတ်မပါဘဲ Shoe ဖိနပ်စီးတာ၊အချို့အားကစားနည်းတွေကြောင့်ဖြစ်ရပါတယ်။ဆီးချိုရှိတဲ့သူ၊ ခြေထောက်သွေးလည်ပတ်မှုမကောင်းတဲ့လူတွေမှာပိုအဖြစ်များလို့ အသားမာခဏခဏဖြစ်တယ်ဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။ဒီအသားမာလေးတွေက အရေပြားလေးထူနေရုံ၊ အသားလေးတင်နေရုံ၊ ခိုးလိုးခုလုဖြစ်စေရုံကလွဲရင်ဘာမှ ထူးထူးခြားခြား ဒုက္ခပေးမှာတော့မဟုတ်ပါဘူး။ ဒီအသားမာလေးတွေ အလှဖျက်လို့ပျောက်ခြင်တယ်ဆိုရင် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ညအိပ်ရာမဝင်ခင် ရေနွေးလေးနဲ့ ၁၀ မိနစ်ခန့် အသားပျော့အောင်စိမ်ပါ။ချေးတွန်း ကျောက်တုံးလေးကိုယူပြီး အသားမာနဲ့ အသားမာနားတစ်ဝှိက်ကို ပွတ်ပေးပါ။ဆဲလ်အသေတွေ ဖယ်ရှာပြီးဖြစ်သွားပါလိမ့်မယ်။ ပြီးရင် ကြက်ဆူဆီကို အသားမာနေရာ စိမ့်ဝင်အောင်နှိပ်နယ်လိမ်းပေးပါ။ညအိပ်ရင် လိမ်းထားတဲ့နေရာကို တိပ်ကပ်ပြီးအိပ်ပါ။မနက်မိုးလငိးရင်ဖြည်ပြီး တနေကုန် ကြက်ဆူဆီခဏခဏလိမ်းပေးပါ။ရက်ကြာလာတာနဲ့အမျှ သိသိသာသာသက်သာလာပါလိမ့်မယ်။
မယ်တင်( ဆေး ၁)
အသားမာေလးေတြက သင့္ကိုစိတ္အေႏွာက္အယွက္ေပးေနပါသလား?
ကၽြန္မတို႔ ကိုယ္နဲ႔အံမဝင္တဲ့ဖိနပ္ေတြစီးတဲ့အခါ၊ အသားနဲ႔အျခားမာတဲ့ပစၥည္းေတြနဲ႔ပြတ္တိုက္မိတဲ့အခါ အသားမာေလးေတြျဖစ္ေပၚလာရပါတယ္။အမ်ားဆံုးေတြ႕ရာက ပြတ္တိုက္တာမ်ားတဲ့ေနရာေတြျဖစ္တဲ့ ေျခေထာက္( ေျခေခ်ာင္းထိပ္ဘက္၊ေဘးဘက္၊ ေျခေခ်ာင္းၾကား) ေတြ ၊ လက္ေခ်ာင္းေလးေတြမွာေတြ႕ရတတ္ၿပီး အျခားေနရာေတြမွာလည္းျဖစ္ႏိုင္ပါတယ္။ေျခေထာက္မွာ ျဖစ္ရတဲ့ အဓိအေၾကာင္းက ကိုယ့္ေျခေထာက္နဲ႔က်ပ္တဲ့ဖိနပ္၊ ေခ်ာင္လြန္းတဲ့ဖိနပ္စီးၿပီးေျပးတာ၊ လမ္းေလၽွာက္တာ၊ အခ်ိန္အၾကာႀကီးမတ္တပ္ရပ္တာ၊ ေျခအိတ္မပါဘဲ Shoe ဖိနပ္စီးတာ၊အခ်ိဳ႕အားကစားနည္းေတြေၾကာင့္ျဖစ္ရပါတယ္။ဆီးခ်ိဳရွိတဲ့သူ၊ ေျခေထာက္ေသြးလည္ပတ္မႈမေကာင္းတဲ့လူေတြမွာပိုအျဖစ္မ်ားလို႔ အသားမာခဏခဏျဖစ္တယ္ဆိုရင္ေတာ့ ဆရာဝန္ျပၾကည့္ပါ။ဒီအသားမာေလးေတြက အေရျပားေလးထူေနရံု၊ အသားေလးတင္ေနရံု၊ ခိုးလိုးခုလုျဖစ္ေစရံုကလြဲရင္ဘာမွ ထူးထူးျခားျခား ဒုကၡေပးမွာေတာ့မဟုတ္ပါဘူး။ ဒီအသားမာေလးေတြ အလွဖ်က္လို႔ေပ်ာက္ျခင္တယ္ဆိုရင္ လုပ္လို႔ရတဲ့နည္းလမ္းေတြရွိပါတယ္။ညအိပ္ရာမဝင္ခင္ ေရေႏြးေလးနဲ႔ ၁၀ မိနစ္ခန္႔ အသားေပ်ာ့ေအာင္စိမ္ပါ။ေခ်းတြန္း ေက်ာက္တံုးေလးကိုယူၿပီး အသားမာနဲ႔ အသားမာနားတစ္ဝွိက္ကို ပြတ္ေပးပါ။ဆဲလ္အေသေတြ ဖယ္ရွာၿပီးျဖစ္သြားပါလိမ့္မယ္။ ၿပီးရင္ ၾကက္ဆူဆီကို အသားမာေနရာ စိမ့္ဝင္ေအာင္ႏွိပ္နယ္လိမ္းေပးပါ။ညအိပ္ရင္ လိမ္းထားတဲ့ေနရာကို တိပ္ကပ္ၿပီးအိပ္ပါ။မနက္မိုးလငိးရင္ျဖည္ၿပီး တေနကုန္ ၾကက္ဆူဆီခဏခဏလိမ္းေပးပါ။ရက္ၾကာလာတာနဲ႔အမၽွ သိသိသာသာသက္သာလာပါလိမ့္မယ္။
မယ္တင္( ေဆး ၁)