All Articlesကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Does baby’s poop color indicate specific health condition?

1 Mins read

ကလေးငယ်ရဲ့ဝမ်းအရောင်

မေမေတို့ဟာ ကိုယ့်ရဲ့သားသမီးငယ်လေးတွေကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်ကြပါတယ်။ အဲဒီအခါမှာ ဝမ်းအရောင်ကအစ ဂရုစိုက်ကြည့်တတ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အကြည့်ပါ။ သားသားမီးမီးလေးတို့ရဲ့ ဝမ်းအရောင်တွေဟာ ဘယ်လိုကျန်းမာရေးအခြေအနေတွေကို ပြသနေလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

*ဝမ်းအရောင် စိမ်းစိမ်းလေး (Green baby poop)

သံဓာတ်အားဖြည့်ဆေးတိုက်ထားတဲ့ ကလေးငယ်တွေမှာ ဝမ်းအရောင်စိမ်းတတ်ပါတယ်။ အသက် လေးလကနေ ခြောက်လအထိကလေးငယ်တွေကို အစိမ်းရောင်အသီးအရွက်နဲ့ အစားအစာတွေကျွေးမိရင်လည်း ဝမ်းကစိမ်းတတ်ပါတယ်။

*လိမ္မော်၊အဝါ၊အညို( Orange,Yellow,Brown Baby poop)

ဒီအရောင်တွေကတော့ မိခင်နို့တိုက်ကျွေးခြင်း၊ နို့ဘူးတိုက်ခြင်းခံရတဲ့ ကလေးတွေသွားတဲ့ ပုံမှန်ဝမ်းအရောင်ပါပဲ။

*ဝမ်းထဲမှာ အနက်ရောင်သွေးပါလာခြင်း

တစ်ခါတစ်လေဝမ်းထဲမှာ သွေးစ အနက်ရောင်အနည်းငယ်ပါလာတတ်ပါတယ်။ အဲဒါဟာ နို့တိုက်မိခင်ရဲ့ နို့သီးခေါင်းကွဲပြီး သွေးထွက်တာကနေ ကလေးငယ်စို့မိပြီး အစာချေပြီးဝမ်းထဲကနေပြန်ထွက်လာတဲ့သွေးဖြစ်ပါတယ်။ ဒါပေမယ့်သေချာအောင် ဆရာဝန်နဲ့တိုင်ပင်ရင်ပိုကောင်းပါတယ်။

အရေးကြီးလက္ခဏာများ

ကလေးငယ်ရဲ့ဝမ်းနဲ့ပတ်သက်ပြီး ဆေးရုံ၊ဆေးခန်းချက်ချင်းသွားသင့်တဲ့ အခြေအနေတွေရှိပါတယ်။

*ဝမ်းအရည်တွေသွားရင် ရောဂါပိုးတစ်ခုခုကူးစက်တာ ဒါမှမဟုတ် ဓာတ်မတည့်တာ တစ်ခုခုဖြစ်နိုင်ပါတယ်။ မကုသဘဲထားရင် ရေဓာတ်ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။

*ဝမ်းတွေက မာကျစ်ပြီး အခဲလေးတွေဖြစ်နေရင် အစာမာစားလို့ ကလေးငယ်ဝမ်းချုပ်နေတာလည်းဖြစ်နိုင်ပါတယ်။ ပဲ သို့မဟုတ် နို့ကို ဓာတ်မတည့်တာလည်းဖြစ်နိုင်ပါတယ်။

*ဝမ်းထဲမှာ အချွဲတွေပါနေရင် ရောဂါပိုးတစ်ခုခုကူးစက်တာလည်းဖြစ်နိုင်ပါတယ်။

*ဝမ်းဖြူဖြူတွေသွားရင် ကလေးငယ်ရဲ့ အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ အရောင်ဖြူတာဟာ အစာချေဖို့ အသည်းကနေ သည်းခြေရည်မပါတာကိုပြတာပါ။ မေမေတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်တဲ့အခြေအနေတွေဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သိရှိနိုင်ဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ကေလးငယ္ရဲ႕ဝမ္းအေရာင္

ေမေမတို႔ဟာ ကိုယ့္ရဲ႕သားသမီးငယ္ေလးေတြကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္တတ္ၾကပါတယ္။ အဲဒီအခါမွာ ဝမ္းအေရာင္ကအစ ဂ႐ုစိုက္ၾကည့္တတ္ပါတယ္။ ဒါဟာ ေကာင္းမြန္တဲ့အၾကည့္ပါ။ သားသားမီးမီးေလးတို႔ရဲ႕ ဝမ္းအေရာင္ေတြဟာ ဘယ္လိုက်န္းမာေရးအေျခအေနေတြကို ျပသေနလဲဆိုတာ ေဖာ္ျပေပးခ်င္ပါတယ္။

*ဝမ္းအေရာင္ စိမ္းစိမ္းေလး (Green baby poop)

သံဓာတ္အားျဖည့္ေဆးတိုက္ထားတဲ့ ကေလးငယ္ေတြမွာ ဝမ္းအေရာင္စိမ္းတတ္ပါတယ္။ အသက္ ေလးလကေန ေျခာက္လအထိကေလးငယ္ေတြကို အစိမ္းေရာင္အသီးအရြက္နဲ႔ အစားအစာေတြေကြ်းမိရင္လည္း ဝမ္းကစိမ္းတတ္ပါတယ္။

*လိေမၼာ္၊အဝါ၊အညိဳ( Orange,Yellow,Brown Baby poop)

ဒီအေရာင္ေတြကေတာ့ မိခင္ႏို႔တိုက္ေကြ်းျခင္း၊ ႏို႔ဘူးတိုက္ျခင္းခံရတဲ့ ကေလးေတြသြားတဲ့ ပံုမွန္ဝမ္းအေရာင္ပါပဲ။

*ဝမ္းထဲမွာ အနက္ေရာင္ေသြးပါလာျခင္း

တစ္ခါတစ္ေလဝမ္းထဲမွာ ေသြးစ အနက္ေရာင္အနည္းငယ္ပါလာတတ္ပါတယ္။ အဲဒါဟာ ႏို႔တိုက္မိခင္ရဲ႕ ႏို႔သီးေခါင္းကြဲၿပီး ေသြးထြက္တာကေန ကေလးငယ္စို႔မိၿပီး အစာေခ်ၿပီးဝမ္းထဲကေနျပန္ထြက္လာတဲ့ေသြးျဖစ္ပါတယ္။ ဒါေပမယ့္ေသခ်ာေအာင္ ဆရာဝန္နဲ႔တိုင္ပင္ရင္ပိုေကာင္းပါတယ္။

အေရးႀကီးလကၡဏာမ်ား

ကေလးငယ္ရဲ႕ဝမ္းနဲ႔ပတ္သက္ၿပီး ေဆးရံု၊ေဆးခန္းခ်က္ခ်င္းသြားသင့္တဲ့ အေျခအေနေတြရွိပါတယ္။

*ဝမ္းအရည္ေတြသြားရင္ ေရာဂါပိုးတစ္ခုခုကူးစက္တာ ဒါမွမဟုတ္ ဓာတ္မတည့္တာ တစ္ခုခုျဖစ္ႏိုင္ပါတယ္။ မကုသဘဲထားရင္ ေရဓာတ္ဆံုးရွံုးမႈျဖစ္ႏိုင္ပါတယ္။

*ဝမ္းေတြက မာက်စ္ၿပီး အခဲေလးေတြျဖစ္ေနရင္ အစာမာစားလို႔ ကေလးငယ္ဝမ္းခ်ဳပ္ေနတာလည္းျဖစ္ႏိုင္ပါတယ္။ ပဲ သို႔မဟုတ္ ႏို႔ကို ဓာတ္မတည့္တာလည္းျဖစ္ႏိုင္ပါတယ္။

*ဝမ္းထဲမွာ အခြ်ဲေတြပါေနရင္ ေရာဂါပိုးတစ္ခုခုကူးစက္တာလည္းျဖစ္ႏိုင္ပါတယ္။

*ဝမ္းျဖဴျဖဴေတြသြားရင္ ကေလးငယ္ရဲ႕ အစာေျခစနစ္မွာ ျပႆနာရွိေနတာျဖစ္ႏိုင္ပါတယ္။ အေရာင္ျဖဴတာဟာ အစာေခ်ဖို႔ အသည္းကေန သည္းေျခရည္မပါတာကိုျပတာပါ။ ေမေမေတြအေနနဲ႔ ဆရာဝန္နဲ႔တိုင္ပင္သင့္တဲ့အေျခအေနေတြျဖစ္ပါတယ္။

ကေလးငယ္ေတြရဲ႕ က်န္းမာေရးအေျခအေနေတြကို သိရွိႏိုင္ဖို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *