Do you have a friend who is suffering from depression?
စိတ်ကျန်းမာရေးအထွေထွေရောဂါများ

Do you have a friend who is suffering from depression?

1 Mins read

သင့်မှာစိတ်ကျဝေဒနာခံစားနေရတဲ့သူငယ်ချင်းတယောက်ရှိနေပါလား?

ဒါဆိုရင်တော့သင်တယောက်ထဲမဟုတ်ပါဘူး။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ အမေရိကန်ရဲ့ အရွယ်ရောက်ပြီးသူ ရရာခိုင်နှုန်းခန့်က စိတ်ကျဝေဒနာကို ခံစားနေရပါတယ်။

ကမ္ဘာတဝှမ်းမှ ကလေးလူကြီး သန်း၃ဝဝခန့်ဟာစိတ်ကျဝေဒနာခံစားနေရသူတွေပဲဖြစ်ပါတယ်။ ဖြစ်ပုံဖြစ်နည်းမတူညီကြလို့ တစ်ချို့က စိတ်ကျလို့ကျမှန်းမသိဖြစ်နေတတ်ပါတယ်။

သင့်ရဲ့သူငယ်ချင်းမိတ်ဆွေကိုကြည့်ရတာ

-ဝမ်းနည်းနေတဲ့ပုံစံ

-အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေတဲ့ပုံစံ

-ကိစ္စတစ်ခုခုအပေါ်အဆိုးမြင်နေတဲ့ပုံစံ

-သာမာန်ထက်စကားပြောဆိုရခက်ခဲနေတဲ့ပုံစံ

-အလွယ်တကူစိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံစံတွေရှိနေရင်တော့ စိတ်ကျဝေဒနာအစပြုနေပြီလို့သုံးသပ်နိုင်ပါတယ်။

နောက်ထပ်လက္ခဏာတွေအနေနဲ့ တကိုယ်ရည်သန့်ရှင်းရေးကို အလေးမထားတော့တာ၊ အိပ်စက်ချိန်ပြသနာရှိလာတာ ပုံမှန်လုပ်နေကျ အလုပ်တွေကို အာရုံမရှ်ိတော့တာ၊ ဘာကိုမှစိတ်မဝင်စားပဲသေဆုံးခြင်းကိုပဲတဖွဖွပြောနေတတ်တာမျိုးတွေလည်းဖြစ်နေတတ်ပါတယ်။

အဲ့ဒီလိုအခါမျိုးမှာလုပ်ဆောင်ပေးသင့်တာကတော့ သူပြောချင်တဲ့စကားတွေကို နားထောင်ပေးနိုင် ဖို့လိုပါတယ်။သူ့ရင်ထဲကပြောချင်နေတဲ့စကားတွေအတွက် ပိုပြီး ပြောထွက် လာဖို့ကူညီပေးသင့်သလို ဒါကဘာအဓိပ္ပါယ်ရှိလဲဆိုတာမျိုးမေးခွန်းပြန်ထုတ်ဖို့လည်းလိုပါတယ်။

ဒါ့အပြင်သူ့အတွက် အပြောင်းအလဲဖြစ်စေမယ့် အတွေးအခေါ်မျိုးတွေကိုလည်း ပြောပြပေးနိုင်ရပါမယ်။

နောက်ပြီးသူပုံမှန်လုပ်တောင်ရမယ့် စိတ်ကျဝေဒနာအတွက် ကုသရမယ့်အချိန်တွေကို ပျက်မသွားအောင် ကူညီပေးဖို့လိုပါတယ်။ သူ့ကိုဘေးကနေ စောင့်ရှောက်ကူညီပေးသင့်ပြီးဆရာဝန်နဲ့တွေ့ရမယ့်အချိန် ဆေးသောက်ရမယ့်အချိန်တွေကို မပျက်အောင် သတိထားပေးသင့်ပါတယ်။ သင်ကသူယုံကြည်ရ သူတစ်ယောက် ဖြစ်လာပြီဆိုရင်တော့သူ့ကို လူတွေကြားထဲပြန်လည်ရောက်ရှိစေဖို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားသင့်ပါတယ်။ အသင်းအဖွဲ့လေးတွေမှာ သွားရောက်ပါဝင်တာ၊ ပရဟိတတစ်ခုခုလုပ်ပေးတာ၊ ယောဂသင်တန်းလေးတွေတက်တာ၊ ငယ်သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲလေးတွေလုပ်ပေးတာတွေက သူတို့ကို စိတ်အပြောင်းအလဲတစ်ခုဖြစ်လာစေမှာ အမှန်ပါ။

သူတို့ကိုကူညီပေးချိန်မှာ အရေးကြီးတာကတော့စိတ်ရှည်သည်းခံပေးဖို့လိုပါတယ်။

သူတို့ဟာတရက်မှာစိတ်ပျော်နေတတ်ပေမယ့် နောက်ရက်မှာတော့စိတ်အခြေအနေဆိုးရွားနေ တတ်သူတွေဖြစ်တာကြောင့်တစ်နေ့တာအတွက်ကောင်းအောင်ကြိုးစားပေးဖို့ပဲတွေးပြီးကူညီပေးသင့်ပါတယ်။

စိတ်ကျဝေဒနာဟာများသောအားဖြင့် ဝမ်းနည်းအားငယ်ခြင်းဆိုပေမယ့် ဒေါသထွက်ခြင်း၊ စိတ်ပူပန်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ စိတ်ရှုပ်လွယ်ခြင်း၊ စိတ်ပင်ပန်းလွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကြဉ်ခြင်းစတာတွေကလည်းစိတ်ကျခြင်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

စိတ်ကျနေတဲ့မိတ်ဆွေသူငယ်ချင်းရှေ့မှာ ရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေကတော့

သူတို့ကိုအပြစ်တင်တာ၊ သူတပါးနဲ့နှိုင်းယှဉ်တာ၊ ဆုံးဖြတ်ချက်တစ်ခုခုကိုဝင်ချပေးတာ၊ သူတို့ကို စိတ်ရှုပ်ထွေးစေမယ့် အပြုအမူမျိုးတွေကို လုပ်တာမျိုးကနေရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီးသူတို့ရဲ့အခြေအနေတွေ တိုးတက်လာတဲ့အခါမှာလည်း သူတို့ရဲ့စိတ်ပိုင်း၊ရုပ်ပိုင်းရပ်တည်ချက်တွေကို သူတပါးအပေါ်မှီခိုမနေဖို့ကို ကူညီပေးရပါမယ်။ သူတို့ဘာသာသူတို့ကိုယ်ပိုင်ရပ်တည်ချက်တစ်ခုရှိလာအောင် ဘေးကနေဖေးမပေးမယ်ဆိုရင်တော့  စိတ်ကျဝေဒနာတွေကနေ သက်သာရာရလာကြမှာပဲဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…