Do babies get Covid

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်တတ်လား

လေ့လာတွေ့ရှိချက်တွေအရ မွေးကင်းစကလေးငယ်တွေမှာ ကိုဗစ်ကူးစက်မှုကနည်းပါးသလို လက္ခဏာပြသမှု မှာလည်းအပျော့စားသာရှိတယ်လိုသိရပါတယ်။ ယခုချိန်ထိ အချက်အလက်တွေအရ အသက် ၁၈နှစ်အောက် ကလေးငယ်တွေရဲ့ရောဂါဖြစ်ပွားမှုက ၈.၅ရာခိုင်နုှန်းသာရှိပြီး အသက်သေဆုံးမှုလည်းနည်းပါးပါတယ်။ ကလေးတွေမှာဖြစ်ပွားမှုနည်းရခြင်း အကြောင်းရင်းတွေထဲမှာ ကလေးတွေက လူကြီးတွေလောက် ရောဂါအခံတွေမရှိသေးတာကလည်းအချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့သဘောက ပုံမှန်ဖြစ်နေတဲ့ရောဂါအခံတွေကို ပိုပြင်းထန်စေဖိုရာ အားပေးလေ့ရှိပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ဆီးချိုသွေးတိုးနှလုံးစတဲ့ဝေဒနာတွေမရှိသေးဘဲ ကျန်းမာနေသေးတာမို ကလေးတွေအနေနဲ့ ရောဂါပိုးဝင်ရောက်တဲ့အခါ ပြင်းထန်မုှနည်းပါးတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ရောဂါလုံးဝမဖြစ်ဘူးလိုတရားသေတွေးလိုမရသေးဘဲ ရောဂါပြင်းထန်တတ်တဲ့ ကလေးငယ်တွေလည်းရှိပါတယ်။ အဲ့ဒါကတော့ နဂိုရှိရင်းစွဲကျန်းမာရေးအခြေခံပြသနာရှိတဲ့ ကလေးငယ်တွေပဲဖြစ်ပါတယ်။ မွေးရာပါကင်ဆာရောဂါ လိုမျိုး ကျန်းမာရေးမကောင်းတဲ့ကလေးတွေမှာတော့ ကိုဗစ်ဝင်ရောက်တဲ့အခါ အထူးကြပ်မတ်ကုသ မှုခံယူကြရပါတယ်။

ရှားရှားပါးပါးကူးစက်ခံရတဲ့ကလေးတွေအနေနဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် သေဆုံးခြင်းများလည်းရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အလွန်ကူးစက်မြန်တဲ့ Delta မျိုးကွဲအပါအဝင် တခြားသောမျိုးကွဲတွေဟာ ကာကွယ်ဆေးထိုးနှံမှုနည်းတဲ့နေရာတွေမှာ ပြန့်ပွားနေဆဲဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့ကလေးငယ်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခွင့်အလမ်း ကိုလျော့ချဖိုအတွက် လူများရာနေရာများကိုရှောင်ရှားသင့်သလို Maskတပ်ခြင်း လက်ဆေးခြင်းတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။
ကလေးတွေမှာ ရောဂါပိုးကူးစက်တဲ့ အခါဖြစ်တတ်တဲ့လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှူရက်ခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ အနံ့အရသာဆုံးရှုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရေယိုနှာပိတ်ခြင်း၊ ပျိုအံခြင်းတွေပဲဖြစ်ပါတယ်။ ရောဂါ အခံမရှိတဲ့ ကလေးငယ်တွေအနေနဲ့တော့ ဖြစ်လိုက်မှန်းတောင်မသိဘဲ ပျောက်ကင်းသွားတတ်ပါတယ်။

ဒါပေမယ့်လည်း CDCရဲ့လေ့လာမှုအရ တချိုကလေးတွေမှာတော့ ရောဂါပိုးဖြစ်တဲ့အခါ ပြင်းထန်နိုင်ပါတယ်။ အဲ့ဒါကတော့ နိုင်ငံရွှေ့ပြောင်းနေထိုင်ကြရတဲ့ကလေးငယ်များ၊ လမစေ့ဘဲမွေးလာတဲ့ကလေးငယ်များ၊ အဝလွန်နေတဲ့ကလေးငယ်များနဲ့ နာတာရှည်အဆုတ်ရောဂါရှိတဲ့ကလေးငယ်များပဲဖြစ်ပါတယ်။ မိဘတွေအနေနဲ့ မိမိတိုကလေးငယ်ရဲ့ကျန်းမာရေးကိုသတိထားစောင့်ကြည့်သင့်ပြီး ၂၄နာရီကျော် အောင်ဖျား နာနေပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ လက္ခဏာတွေပေါ်လာတဲ့အခါ သက်ဆိုင်ရာ ကလေးဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။

ကိုဗစ်ကာကွယ်ဖိုရာအခြေခံအချက်တွေဖြစ်တဲ့ လက်ကိုသေချာဆေးပေးတာ ရေသေချာချိုး ပေးတာ အာဟာရပြည့်ဝတဲ့ အစားအစာတွေကျွေးပေးတာ မိသားစု အပြင်သိပ်မသွားဘဲ အိမ်မှာပဲပျော်အောင်ထားပေးတာတွေက ကလေးတွေမှာဖြစ်ဖိုရာခိုင်နုှန်း နည်းပါးသွားစေနိုင်ပါတယ်။ ငွေကြေးချမ်းသာတဲ့နိုင်ငံတွေမှာတော့ အသက် ၁ဝနှစ်ကျော်လာသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတာတွေလုပ်ဆောင်နေကြပါတယ်။
ဒေါက်တာနိုင်း(ဆေး-၁)

MyDoctor Telemedicine Application
Related posts
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

WizAct 24 နဲ့ အိမ်မှာရှိတဲ့ အခန်းတစ်ခန်းချင်းစီကို ဘယ်လို ပိုးသတ်သန့်ရှင်းကြမလဲ

1 Mins read
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအရ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ အိမ်ထဲက မကြာခဏ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ပိုးသတ်သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ နေ့တိုင်း တစ်အိမ်လုံးက ရှိသမျှနေရာတွေကို သန့်ရှင်းရေး လုပ်စရာ မလိုပါဘူး။ ပိုးမွှားတွေ ရှိနေတတ်တဲ့…
Covid - 19ကူးစက်တတ်သောရောဂါများနေထိုင်မှုပုံစံ

ကိုယ်နဲ့ အခြားသူတွေ အားလုံး ဘေးကင်းစေဖို့ ပုံမှန် ပိုးသတ်ပေးသင့်တဲ့ အိမ်အပြင်က နေရာတွေ

1 Mins read
ကိုဗစ်-၁၉ ဆိုတဲ့ ရောဂါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက စိတ်ကူးနဲ့တောင် မတွေးဖူးတဲ့ ပုံစံမျိုးနဲ့ လူသားတွေရဲ့ ဘဝကို ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်စေခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း ဒီဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကထွက်တဲ့ သေးငယ်တဲ့ အမှုန်အမွှားလေးတွေ၊ လေထုထဲကနေ၊ ပိုးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်ပါတယ်။ သတိထားရမှာက…
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

သင့်ကလေးငယ်ဖုန်းသုံးတတ်တာခေတ်မီတာလား

1 Mins read
ကလေးဘဝမှာ ကစားသင့်သလောက်ကစားတာ လှုပ်ရှားတာဟာ ကလေးအတွက် ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ ခန္ဒာကိုယ်ဖွံ့ဖြိုးမှုထောက်ပံ့ပေးသလို ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ကလေးနဲ့ မဆိုင်သေးတဲ့ စမတ်ဖုနး်တွေကို သုံးစွဲမှုများတာက ကလေးအတွက် လှုပ်ရှားမှုတွေကိုလည်း နညး်ပါးသွားစေသလို စိတ်အလိုမကျမှု တွေသာများလာစေပါတယ်။ ကလေးကို ငြိမ်အောင် အမြဲသုံးခိုင်းထားပြီး ပြန်ပြီးလျော့ရတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ…

Leave a Reply

Your email address will not be published. Required fields are marked *