All Articlesအခြားရောဂါများအထွေထွေရောဂါများ

ခေါင်းကိုက်နေစဉ် မလုပ်သင့်သောအရာများ

1 Mins read

ခေါင်းကိုက်နေစဉ် မလုပ်သင့်သောအရာများ

လူတွေကိုမကြာခန ဒုက္ခတွေပေး၊အလုပ်အကိုင်တွေပျက်၊စိတ်တွေပါညစ်စေတတ်တဲ့ ဝေဒနာ။ ခေါင်းကိုက်ရင် ဘယ်လောက်ခံစားရခက်လဲလူတိုင်းနီးပါးအသိ။
အဲ့ဒီလိုခေါင်းကိုက်တဲ့အခါမျိုးမှာ ရှောင်ကြဉ်သင့်တဲ့၊မလုပ်သင့်တဲ့အရာလေးတွေအကြောင်းကို ဒီတစ်ခေါက်မှာပြောပြချင်ပါတယ်။

ခေါင်းကိုက်နေစဉ်မလုပ်ရမှာတွေက ဘာတွေလဲ???

၁။ဆေးသောက်၊ဆေးခန်းပြရန်နောက်ကျနေခြင်း၊အချိန်ဆွဲခြင်း။ အချိန်တန်ပျောက်သွားမှာပါဆို၍ဆေးမသောက်ပဲနေခြင်း၊ဆေးထိုးဆေးစားရမှာကြောက်၍ဆေးခန်းမပြပဲနေခြင်းတို့ဟာ ရောဂါဝေဒနာကိုပိုမိုဆိုးရွားစေရုံမက အသက်အန္တာရယ်ပါရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းကိုက်ခြင်းဟာပြင်းထန်သောရောဂါများ(ဥပမာ-ဦးနှောက်သွေးကြောပေါက်ခြင်း၊ဦးနှောက်အမြေးပါးရောင်ခြင်း စသည်)နှင့် ဆက်နွှယ်နေလို့ပဲဖြစ်ပါတယ်။

၂။ကဖင်းဓါတ်များ အလွန်အကျွံစားသုံးခြင်း။ ၎င်းဟာ ခေါင်းကိုက်ခြင်းကိုပိုမိုဆိုးရွားစေပါတယ်။ တစ်ရက်ကို ကဖင်းဓါတ် ၂၀၀မီလီဂရမ်(ကော်ဖီ ၂ခွက်ခန့်)ထက်ပိုမိုသောက်သုံးနေတယ်ဆိုရင်တော့ လျှော့သင့်ပါတယ်။

၃။ဆရာဝန်နှင့်မပြပဲ မိမိဖာသာဆေးများရွေးချယ်သောက်ခြင်း၊စပ်ဆေးများသောက်ခြင်း။ ကောင်းနိုးရာရာဆေးများရွေးချယ်သောက်ခြင်း၊ဗီတာမင်ဆေးများ၊စပ်ဆေးများနှင့်အခြားတိုင်းရင်းဆေးများအား မိမိသဘောအတိုင်းသောက်သုံးခြင်းဟာ ရောဂါကိုမသက်သာစေပဲ ပိုမိုကြာရှည်စေနိုင်ပါတယ်။

၄။အစားအစာမစားခြင်း။ ခေါင်းကိုက်၍၊ခေါင်းမထောင်နိုင်၍ဆိုပြီးအစားမစားပဲနေခြင်းဟာ သွေးတွင်းဂလူးကို့စ်ကိုကျစေပြီး ခေါင်းကိုက်ခြင်းကိုပိုမိုတာရှည်စေနိုင်ပါတယ်။

၅။အခြားရောဂါလက္ခဏာများကိုလျစ်လျူရှုခြင်း။ ခေါင်းကိုက်ရုံမက အခြားလက္ခဏာများဖြစ်သော အန်ခြင်း၊အသိဝေဝါးခြင်း၊ဖျားခြင်း၊ဇက်ကြောများတောင့်တင်းခြင်းစတဲ့လက္ခဏာများအပြင် ဆေးသောက်နေလျှက်ခေါင်းကိုက်ပိုမိုပြင်းထန်လာခြင်းတို့ဟာ လျစ်လျူရှုသင့်တဲ့အရာတွေမဟုတ်ပါဘူး။ ၎င်းလက္ခဏာများပါခေါင်းကိုက်ခြင်းနှင့်အတူတွဲ၍ခံစားလာရပါက ဆရာဝန်နှင့်ချက်ချင်းပြသ၍ကုသမှုခံယူသင့်ပါတယ်။

၆။အရက်/ဝိုင်နီသောက်သုံးခြင်း။ ခေါင်းကိုက်သက်သာအောင်ဆို၍ အရက်သောက်သုံးခြင်းဟာ ဝေဒနာကိုမသက်သာပဲပိုမိုလို့သာဆိုးရွားစေမှာဖြစ်ပါတယ်။

၇။အိပ်ရေးဝဝ မအိပ်ခြင်း။ အိပ်ရေးမဝတဲ့အခါ ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေရုံမက အိပ်ရေးပျက်ခြင်းဟာလဲခေါင်းကိုက်ခြင်းကိုပိုမိုပြင်းထန်စေနိုင်ပါတယ်။

၈။ပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ခြင်း။ ခေါင်းကိုက်စဉ်လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်ခြင်းဟာ အဆိုးဘက်ကိုသာ သာလို့များပြားစေမှာဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ခေါင်းကိုက်တဲ့အခါဘယ်အရာတွေကို မလုပ်ပဲရှောင်ကြဉ်ရမလဲဆိုတာ မှတ်မိလောက်ကြပြီထင်ပါတယ်။

ခေါင်းကိုက်ခြင်းကင်းဝေးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
dr.ye’lwin mm

ေခါင္းကိုက္ေနစဥ္ မလုပ္သင့္ေသာအရာမ်ား

လူေတြကိုမၾကာခန ဒုကၡေတြေပး၊အလုပ္အကိုင္ေတြပ်က္၊စိတ္ေတြပါညစ္ေစတတ္တဲ့ ေဝဒနာ။ ေခါင္းကိုက္ရင္ ဘယ္ေလာက္ခံစားရခက္လဲလူတိုင္းနီးပါးအသိ။
အဲ့ဒီလိုေခါင္းကိုက္တဲ့အခါမ်ဳိးမွာ ေရွာင္ၾကဥ္သင့္တဲ့၊မလုပ္သင့္တဲ့အရာေလးေတြအေၾကာင္းကို ဒီတစ္ေခါက္မွာေျပာျပခ်င္ပါတယ္။

ေခါင္းကိုက္ေနစဥ္မလုပ္ရမွာေတြက ဘာေတြလဲ???

၁။ေဆးေသာက္၊ေဆးခန္းျပရန္ေနာက္က်ေနျခင္း၊အခ်ိန္ဆြဲျခင္း။ အခ်ိန္တန္ေပ်ာက္သြားမွာပါဆို၍ေဆးမေသာက္ပဲေနျခင္း၊ေဆးထိုးေဆးစားရမွာေၾကာက္၍ေဆးခန္းမျပပဲေနျခင္းတို႕ဟာ ေရာဂါေဝဒနာကိုပိုမိုဆိုးရြားေစရံုမက အသက္အႏၲာရယ္ပါရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေခါင္းကိုက္ျခင္းဟာျပင္းထန္ေသာေရာဂါမ်ား(ဥပမာ-ဦးေႏွာက္ေသြးေၾကာေပါက္ျခင္း၊ဦးေႏွာက္အေျမးပါးေရာင္ျခင္း စသည္)ႏွင့္ ဆက္ႏႊယ္ေနလို႔ပဲျဖစ္ပါတယ္။

၂။ကဖင္းဓါတ္မ်ား အလြန္အကၽြံစားသံုးျခင္း။ ၎ဟာ ေခါင္းကိုက္ျခင္းကိုပိုမိုဆိုးရြားေစပါတယ္။ တစ္ရက္ကို ကဖင္းဓါတ္ ၂၀၀မီလီဂရမ္(ေကာ္ဖီ ၂ခြက္ခန္႕)ထက္ပိုမိုေသာက္သံုးေနတယ္ဆိုရင္ေတာ့ ေလွ်ာ့သင့္ပါတယ္။

၃။ဆရာဝန္ႏွင့္မျပပဲ မိမိဖာသာေဆးမ်ားေရြးခ်ယ္ေသာက္ျခင္း၊စပ္ေဆးမ်ားေသာက္ျခင္း။ ေကာင္းႏိုးရာရာေဆးမ်ားေရြးခ်ယ္ေသာက္ျခင္း၊ဗီတာမင္ေဆးမ်ား၊စပ္ေဆးမ်ားႏွင့္အျခားတိုင္းရင္းေဆးမ်ားအား မိမိသေဘာအတိုင္းေသာက္သံုးျခင္းဟာ ေရာဂါကိုမသက္သာေစပဲ ပိုမိုၾကာရွည္ေစႏိုင္ပါတယ္။

၄။အစားအစာမစားျခင္း။ ေခါင္းကိုက္၍၊ေခါင္းမေထာင္ႏိုင္၍ဆိုၿပီးအစားမစားပဲေနျခင္းဟာ ေသြးတြင္းဂလူးကို႕စ္ကိုက်ေစၿပီး ေခါင္းကိုက္ျခင္းကိုပိုမိုတာရွည္ေစႏိုင္ပါတယ္။

၅။အျခားေရာဂါလကၡဏာမ်ားကိုလ်စ္လ်ဴရွဳျခင္း။ ေခါင္းကိုက္ရံုမက အျခားလကၡဏာမ်ားျဖစ္ေသာ အန္ျခင္း၊အသိေဝဝါးျခင္း၊ဖ်ားျခင္း၊ဇက္ေၾကာမ်ားေတာင့္တင္းျခင္းစတဲ့လကၡဏာမ်ားအျပင္ ေဆးေသာက္ေနလွ်က္ေခါင္းကိုက္ပိုမိုျပင္းထန္လာျခင္းတို႕ဟာ လ်စ္လ်ဴရွဳသင့္တဲ့အရာေတြမဟုတ္ပါဘူး။ ၎လကၡဏာမ်ားပါေခါင္းကိုက္ျခင္းႏွင့္အတူတြဲ၍ခံစားလာရပါက ဆရာဝန္ႏွင့္ခ်က္ခ်င္းျပသ၍ကုသမွဳခံယူသင့္ပါတယ္။

၆။အရက္/ဝိုင္နီေသာက္သံုးျခင္း။ ေခါင္းကိုက္သက္သာေအာင္ဆို၍ အရက္ေသာက္သံုးျခင္းဟာ ေဝဒနာကိုမသက္သာပဲပိုမိုလို႕သာဆိုးရြားေစမွာျဖစ္ပါတယ္။

၇။အိပ္ေရးဝဝ မအိပ္ျခင္း။ အိပ္ေရးမဝတဲ့အခါ ေခါင္းကိုက္ျခင္းကိုျဖစ္ေပၚေစရံုမက အိပ္ေရးပ်က္ျခင္းဟာလဲေခါင္းကိုက္ျခင္းကိုပိုမိုျပင္းထန္ေစႏိုင္ပါတယ္။

၈။ျပင္းထန္ေသာေလ့က်င့္ခန္းမ်ားျပဳလုပ္ျခင္း။ ေခါင္းကိုက္စဥ္ေလ့က်င့္ခန္းျပင္းထန္စြာျပဳလုပ္ျခင္းဟာ အဆိုးဘက္ကိုသာ သာလို႕မ်ားျပားေစမွာျဖစ္ပါတယ္။ ကဲ ဒီေလာက္ဆိုရင္ ေခါင္းကိုက္တဲ့အခါဘယ္အရာေတြကို မလုပ္ပဲေရွာင္ၾကဥ္ရမလဲဆိုတာ မွတ္မိေလာက္ၾကၿပီထင္ပါတယ္။

ေခါင္းကိုက္ျခင္းကင္းေဝးၿပီး က်န္းမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ။
dr.ye’lwin mm

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…