All Articlesအခြားရောဂါများအထွေထွေရောဂါများ

ဖျားနာနေစဉ် မလုပ်သင့်သောအရာများ

1 Mins read

ဖျားနာနေစဉ် မလုပ်သင့်သောအရာများ

အားလုံးပဲကျန်းခန့်သာလို့ မာပါစခင်ဗျာ။

မိုးအေးအေးနဲ့ ဖျားပြီးကြပြီလား???

ဖျားပြီးတဲ့သူတွေရော မဖျားရသေးတဲ့သူတွေအတွက်ပါ စကားလေးနည်းနည်းပြောမယ်နော်။ ဘာပြောမှာလဲဆိုတော့ ဖျားနာနေစဉ်မလုပ်သင့်တဲ့အချက်ကလေးတွေအကြာင်းပြောမှာပဲ ဖြစ်ပါတယ်။ မဖျားသေးရင်ပဲခေတ်မမှီတော့မလိုဖြစ်နေတဲ့ တုပ်ကွေးရာသီမှာ ဒီအချက်လေးတွေကိုတော့သိထားသင့်ပါတယ်လေ။

ဖျားနာနေစဉ် မလုပ်သင့်တဲ့အရာတွေက ဘာတွေလဲ???

၁။စောင်အထူကြီးပတ်၊လေဝင်လေထွက်မကောင်းတဲ့အနွေးထည်ထူထူကြီးဝတ်ဆင်ထားခြင်းဟာ သင့်ကိုစမတ်မဖြစ်စေပါဘူး။ ကိုယ်ကပူရတဲ့အထဲ ၎င်းတို့ကပါခန္ဓာကိုယ်အပူချိန်ကိုပိုမိုမြင့်တက်စေနိုင်ပါတယ်။

၂။ဖျားနာတဲ့သူတွေဟာ အဖျားကြောင့်ပါးစပ်ပျက်မစားချင်ရုံမက၊ဖျားရင်အစာမစားရဘူးဆိုတဲ့လွဲမှားတဲ့အယူအဆတွေကြောင့်ပါ အစားအသောက်မဝင်တတ်ကြပါဘူး။ဒါဟာမှားယွင်းပါတယ်၊နာလန်ထမြန်ဖို့အတွက်နဲ့ ခွန်အားအတွက် အစာအာဟာရကမရှိမဖြစ်လိုအပ်ပါတယ်။

၃။မိမိဖာသာ အဆင်ပြေမယ်ထင်တဲ့ဆေးများသောက်သုံးခြင်းဟာလဲ မလုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။ စပ်ဆေးများ၊အခြားဖျားနာသူ လူနာများသောက်တဲ့ဆေးများကိုလိုက်လံသောက်ခြင်းဟာ သင့်ကိုပိုကောင်းဖို့ထက် ပိုမိုဆိုးရွားစေနိုင်ပါတယ်။

၄။ပဋီဇီဝ ပိုးသတ်ဆေးများအား မိမိစိတ်ရှိအတိုင်း(သို့)ဆေးဆိုင်များမှစပ်ပေးသည့်အတိုင်း အလွယ်တကူသောက်သုံးနေခြင်းဟာတော့ အတော့်ကိုမလုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။ ဖျားတိုင်းပိုးသတ်ဆေးမလိုသလို၊လိုရင်လဲ ဘယ်ရောဂါ၊ဘယ်လူနာ၊ဘယ်ဆေး၊ဘယ်လောက်ပမာဏဆိုတာကို ဆရာဝန်ကဆုံးဖြတ်ပြီး လိုအပ်ရင်ညွှန်းပါလိမ့်မယ်။ ကျွန်တော်ကျွန်မကတော့ဖြင့် အမောက်ဆေလ်လေး၊မက်ထရိုလေးဘယ်လောက်သောက်လာတယ်ဆိုတာဟာ စမတ်ကိုဒေါင်းစေရုံသာမက ဆေးယဉ်ပါးမှုတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ် သိဘို့။

၅။ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းဟာလဲ ဖျားနာခြင်းကိုပိုမိုတာရှည်စေပြီး လူကိုထပ်၍ထပ်၍ပင်ပန်းနွမ်းလျစေတဲ့အရာပဲဖြစ်ပါတယ်။ တုပ်ကွေးကြီးနဲ့ Gymမှာ တရှူးရှူးတရှဲရှဲ၊နှပ်တွေထွက်၊မနိုင်ဝန်ထမ်းနေရတဲ့သင်ဟာ ဘော်ဒီလှလှလေးမရပဲ ကံမကောင်းရင်ဆေးရုံပါတန်းရောက်သွားနိုင်ပါတယ်။ ဘော်ဒီလှလှလေးနဲ့ ကျန်းမာသန်စွမ်းခြင်းဆိုတာ ဖျားနာချိန်ရက်ပိုင်းလေးနဲ့ ပျောက်ပျက်မသွားနိုင်ပါဘူး၊နားကြပါ။

၆။လက်ကိုင်ပဝါ၊အဝတ်အစား၊အသုံးအဆောင်များကို ဖျားနာနေစဉ်အခြားသူများနဲ့ မျှဝေမသုံးစွဲပါနဲ့၊အခြားသူတွေပါ ကူးကုန်ပါလိမ့်မယ်။

၇။ဖျားနာနေစဉ် အလုပ်သွား၊အပြင်ထွက်ခြင်းများဟာလဲ မလုပ်ရမယ့်အရာတွေဖြစ်ပါတယ်။ သင်မရှိမှဖြစ်မယ့်အလုပ်၊နေရာဆိုတာမရှိပါဘူး၊ရှိလဲ ချေပစ်ပါ(နေမကောင်းဘူး၊မလာနိုင်ဘူး၊လစာတိုးပေးလို့?) လူကြားသူကြားထဲသွားပြီး ကိုယ့်အတွက်လဲပင်ပန်းပြီးအလုပ်မတွင်၊သူတစ်ပါးတွေကိုလဲရောဂါပိုးတွေဖြန့်ပြီး ဒုက္ခပေးတာမျိုးတွေမလုပ်သင့်ဘာ။

ကဲ ကဲ အားလုံးပဲ ဖျားနာတဲ့အချိန်မှာဒါလေးတွေမလုပ်မိကြဖို့ အသိပေးပြောကြားရင်းနဲ့ တုပ်ကွေးဝဋ်ဆင်းရဲမှ ကင်းလွတ်နိုင်ကြပါစေကြောင်း။

dr.ye’lwin mm

ဖ်ားနာေနစဥ္ မလုပ္သင့္ေသာအရာမ်ား

အားလံုးပဲက်န္းခန္႕သာလို႕ မာပါစခင္ဗ်ာ။

မိုးေအးေအးနဲ႕ ဖ်ားၿပီးၾကၿပီလား???

ဖ်ားၿပီးတဲ့သူေတြေရာ မဖ်ားရေသးတဲ့သူေတြအတြက္ပါ စကားေလးနည္းနည္းေျပာမယ္ေနာ္။ ဘာေျပာမွာလဲဆိုေတာ့ ဖ်ားနာေနစဥ္မလုပ္သင့္တဲ့အခ်က္ကေလးေတြအၾကာင္းေျပာမွာပဲ ျဖစ္ပါတယ္။ မဖ်ားေသးရင္ပဲေခတ္မမွီေတာ့မလိုျဖစ္ေနတဲ့ တုပ္ေကြးရာသီမွာ ဒီအခ်က္ေလးေတြကိုေတာ့သိထားသင့္ပါတယ္ေလ။

ဖ်ားနာေနစဥ္ မလုပ္သင့္တဲ့အရာေတြက ဘာေတြလဲ???

၁။ေစာင္အထူႀကီးပတ္၊ေလဝင္ေလထြက္မေကာင္းတဲ့အေႏြးထည္ထူထူႀကီးဝတ္ဆင္ထားျခင္းဟာ သင့္ကိုစမတ္မျဖစ္ေစပါဘူး။ ကိုယ္ကပူရတဲ့အထဲ ၎တို႕ကပါခႏၶာကိုယ္အပူခ်ိန္ကိုပိုမိုျမင့္တက္ေစႏိုင္ပါတယ္။

၂။ဖ်ားနာတဲ့သူေတြဟာ အဖ်ားေၾကာင့္ပါးစပ္ပ်က္မစားခ်င္ရံုမက၊ဖ်ားရင္အစာမစားရဘူးဆိုတဲ့လြဲမွားတဲ့အယူအဆေတြေၾကာင့္ပါ အစားအေသာက္မဝင္တတ္ၾကပါဘူး။ဒါဟာမွားယြင္းပါတယ္၊နာလန္ထျမန္ဖို႕အတြက္နဲ႕ ခြန္အားအတြက္ အစာအာဟာရကမရွိမျဖစ္လိုအပ္ပါတယ္။

၃။မိမိဖာသာ အဆင္ေျပမယ္ထင္တဲ့ေဆးမ်ားေသာက္သံုးျခင္းဟာလဲ မလုပ္သင့္တဲ့အခ်က္ပဲျဖစ္ပါတယ္။ စပ္ေဆးမ်ား၊အျခားဖ်ားနာသူ လူနာမ်ားေသာက္တဲ့ေဆးမ်ားကိုလိုက္လံေသာက္ျခင္းဟာ သင့္ကိုပိုေကာင္းဖို႕ထက္ ပိုမိုဆိုးရြားေစႏိုင္ပါတယ္။

၄။ပဋီဇီဝ ပိုးသတ္ေဆးမ်ားအား မိမိစိတ္ရွိအတိုင္း(သို႕)ေဆးဆိုင္မ်ားမွစပ္ေပးသည့္အတိုင္း အလြယ္တကူေသာက္သံုးေနျခင္းဟာေတာ့ အေတာ့္ကိုမလုပ္သင့္တဲ့အခ်က္ပဲျဖစ္ပါတယ္။ ဖ်ားတိုင္းပိုးသတ္ေဆးမလိုသလို၊လိုရင္လဲ ဘယ္ေရာဂါ၊ဘယ္လူနာ၊ဘယ္ေဆး၊ဘယ္ေလာက္ပမာဏဆိုတာကို ဆရာဝန္ကဆံုးျဖတ္ၿပီး လိုအပ္ရင္ၫႊန္းပါလိမ့္မယ္။ ကၽြန္ေတာ္ကၽြန္မကေတာ့ျဖင့္ အေမာက္ေဆလ္ေလး၊မက္ထ႐ိုေလးဘယ္ေလာက္ေသာက္လာတယ္ဆိုတာဟာ စမတ္ကိုေဒါင္းေစရံုသာမက ေဆးယဥ္ပါးမွဳေတြကိုပါ ျဖစ္ေပၚေစႏိုင္ပါတယ္ သိဘို႕။

၅။ျပင္းထန္ေသာကိုယ္လက္လွဳပ္ရွားမွဳမ်ားျပဳလုပ္ျခင္းဟာလဲ ဖ်ားနာျခင္းကိုပိုမိုတာရွည္ေစၿပီး လူကိုထပ္၍ထပ္၍ပင္ပန္းႏြမ္းလ်ေစတဲ့အရာပဲျဖစ္ပါတယ္။ တုပ္ေကြးႀကီးနဲ႕ Gymမွာ တရွဴးရွဴးတရွဲရွဲ၊ႏွပ္ေတြထြက္၊မႏိုင္ဝန္ထမ္းေနရတဲ့သင္ဟာ ေဘာ္ဒီလွလွေလးမရပဲ ကံမေကာင္းရင္ေဆးရံုပါတန္းေရာက္သြားႏိုင္ပါတယ္။ ေဘာ္ဒီလွလွေလးနဲ႕ က်န္းမာသန္စြမ္းျခင္းဆိုတာ ဖ်ားနာခ်ိန္ရက္ပိုင္းေလးနဲ႕ ေပ်ာက္ပ်က္မသြားႏိုင္ပါဘူး၊နားၾကပါ။

၆။လက္ကိုင္ပဝါ၊အဝတ္အစား၊အသံုးအေဆာင္မ်ားကို ဖ်ားနာေနစဥ္အျခားသူမ်ားနဲ႕ မွ်ေဝမသံုးစြဲပါနဲ႕၊အျခားသူေတြပါ ကူးကုန္ပါလိမ့္မယ္။

၇။ဖ်ားနာေနစဥ္ အလုပ္သြား၊အျပင္ထြက္ျခင္းမ်ားဟာလဲ မလုပ္ရမယ့္အရာေတြျဖစ္ပါတယ္။ သင္မရွိမွျဖစ္မယ့္အလုပ္၊ေနရာဆိုတာမရွိပါဘူး၊ရွိလဲ ေခ်ပစ္ပါ(ေနမေကာင္းဘူး၊မလာႏိုင္ဘူး၊လစာတိုးေပးလို႕?) လူၾကားသူၾကားထဲသြားၿပီး ကိုယ့္အတြက္လဲပင္ပန္းၿပီးအလုပ္မတြင္၊သူတစ္ပါးေတြကိုလဲေရာဂါပိုးေတြျဖန္႔ၿပီး ဒုကၡေပးတာမ်ဳိးေတြမလုပ္သင့္ဘာ။

ကဲ ကဲ အားလံုးပဲ ဖ်ားနာတဲ့အခ်ိန္မွာဒါေလးေတြမလုပ္မိၾကဖို႕ အသိေပးေျပာၾကားရင္းနဲ႕ တုပ္ေကြးဝဋ္ဆင္းရဲမွ ကင္းလြတ္ႏိုင္ၾကပါေစေၾကာင္း။

dr.ye’lwin mm

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…