ကိုယ်ဝန်ဆောင်နေစဉ်မူးဝေခြင်း
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ မိခင်လောင်းတွေအတွက် ပူပန်သောကတွေများတတ်တဲ့အချိန်ဖြစ်ပါတယ်။ မိခင်အတွက်ကော ကလေးအတွက်ပါ စိုးရိမ်စိတ်တွေများရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အန်တာ၊ ဗိုက်နာတာ၊ မူးဝေတာ၊ ခြေလက်တွေဖောတာ စတာတွေကလည်း မိခင်လောင်းတွေကြုံနေကြဖြစ်ပါတယ်။ ခေါင်းမူးတာ၊ မိုက်ခနဲဖြစ်တာတွေကလည်း ကြုံတွေ့တတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာခေါင်းမူးတာကတော့ အကြောင်းရင်းတွေအများကြီး ရှိနိုင်ပါတယ်။ အမှန်တကယ်ကတော့ ကိုယ်ဝန်ဆောင်နေချိန်ခေါင်းမူးတာက ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်နေချိန်တလျှောက်လုံးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဘာကြောင့်ခေါင်းမူးတာလည်းဆိုရင် အကြောင်းအရာတွေကတော့အများအပြားရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းဓာတ်အပြောင်းအလဲတွေဖြစ်ပေါ်လာပါတယ်။ အဲဒီလိုဖြစ်ပေါ်လာရင် သွေးကြောတွေကျယ်လာပြီး ဦးနှောက်ကိုသွေးရောက်တာနည်းပါလာနိုင်ပြီး မူးဝေတာဖြစ်စေနိုင်ပါတယ်။ အဲဒီလိုသွေးကြောတွေကျယ်လာတာက ရင်သွေးငယ်ဆီကိုသွေးပိုရောက်စေနိုင်တယ်ဆိုပေမယ့် မိခင်ကိုတော့သွေးရောက်တာနည်းသွားနိုင်တာမို့ မူးဝေတာတွေဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ မိခင်ရဲ့သားအိမ်တွင်းမှာ ရင်သွေးကတဖြည်းဖြည်းကြီးထွားလာပြီး သားအိမ်ကဝမ်းဗိုက်ထဲမှာရှိတဲ့ သွေးကြောတွေကိုဖိပြီး ဦးနှောက်ကိုသွေးရောက်တာနည်းသွားရင်လည်း မူးဝေစေနိုင်ပါတယ်။ နောက်ထပ် မူးဝေစေနိုင်တဲ့အကြောင်းတစ်ခုကတော့ သွေးတွင်းအချိုဓာတ်လျော့နည်းလာလို့ဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ်နည်းလာတဲ့အခါမှာ မူးဝေတာဖြစ်နိုင်သလို ရင်တုန်တာ၊ ခြေဖျားလက်ဖျား တွေအေးတာ၊ ချွေးစေးတွေထွက်တာလည်းဖြစ်နိုင်ပါတယ်။
ဦးနှောက်ကိုသွေးရောက်တာနည်းရင် မူးဝေနိုင်တာကြောင့်အဓိကအနေနဲ့တော့ သွေးလည်းပတ်မှုကောင်းအောင်နေထိုင်ပြီး မူးဝေတာကို လျော့ချနိုင်ပါတယ်။ မတ်တပ်အကြာကြီးရပ်နေရင်သွေးရောက်တာနည်းနိုင်တာကြောင့် မတ်တပ်ကြာကြာမရပ်ဖို့နဲ့ ရပ်ရတော့မယ်ဆိုရင်လည်း ငြိမ်နေတာမျိူးမလုပ်ပဲ လမ်းလျှောက်သင့်ပါတယ်။ ဒါမှသာ ခြေသလုံးကြွက်သားတွေက သွေးကြောတွေကိုကောင်းကောင်းညှစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသွေးကောင်းကောင်းလည်ပတ်နိုင်မှာဖြစ်ပါတယ်။
အထိုင်အထရုတ်တရက်လုပ်တာ တွေကို ရှောင်ကြဉ်ဖို့လည်းလိုအပ်ပါတယ်။ အထိုင်အထမှာလည်းမူးဝေစေနိုင်တာမို့ ဂရုစိုက်ကြရမှာဖြစ်ပါတယ်။ အစားအသောက်မဝင်တာ၊ အိပ်ရေးပျက်တာတွေကလည်း အားနည်းပြီးမူးဝေစေနိုင်တာကြောင့် နေထိုင်စားသောက်ပုံကလည်းအရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာမူးဝေတာက ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက်မပိုနိုင်သလို စိုးရိမ်ဖို့လည်းမလိုအပ်ပါဘူး။ နေထိုင်ပုံပြောင်းလဲလိုက်ရုံနဲ့အဆင်ပြေနိုင်သလို ဆေးအနည်းငယ်သောက်ရုံနဲ့လည်း ကုသနိုင်ပါတယ်။ မူးဝေရုံတင်မကပဲ သွေးဆင်းတာ၊ ရေဆင်းတာ၊ ဗိုက်နာတာ၊ ကလေးမလှုပ်တာ စတာတွေနဲ့ယှဉ်တွဲပြီးရှိလာပြီဆိုရင်တော့ တတ်ကျွမ်းသူတွေနဲ့ ကုသဖို့လိုအပ်ပြီး။ ကုသမှုခံယူမှသာနောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
Dr. ZZ
ကိုယ္ဝန္ေဆာင္ေနစဥ္မူးေဝျခင္း
ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုတာ မိခင္ေလာင္းေတြအတြက္ ပူပန္ေသာကေတြမ်ားတတ္တဲ့အခ်ိန္ျဖစ္ပါတယ္။ မိခင္အတြက္ေကာ ကေလးအတြက္ပါ စိုးရိမ္စိတ္ေတြမ်ားရပါတယ္။ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ အန္တာ၊ ဗိုက္နာတာ၊ မူးေဝတာ၊ ေျခလက္ေတြေဖာတာ စတာေတြကလည္း မိခင္ေလာင္းေတြႀကံဳေနၾကျဖစ္ပါတယ္။ ေခါင္းမူးတာ၊ မိုက္ခနဲျဖစ္တာေတြကလည္း ႀကံဳေတြ႕တတ္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာေခါင္းမူးတာကေတာ့ အေၾကာင္းရင္းေတြအမ်ားႀကီး ရိွႏိုင္ပါတယ္။ အမွန္တကယ္ကေတာ့ ကိုယ္ဝန္ေဆာင္ေနခ်ိန္ေခါင္းမူးတာက ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ေဆာင္ေနခ်ိန္တေလွ်ာက္လံုးျဖစ္ေလ့ျဖစ္ထရိွပါတယ္။ ဘာေၾကာင့္ေခါင္းမူးတာလည္းဆိုရင္ အေၾကာင္းအရာေတြကေတာ့အမ်ားအျပားရိွႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ရဲ႕ခႏၶာကိုယ္မွာ ေဟာ္မုန္းဓာတ္အေျပာင္းအလဲေတြျဖစ္ေပၚလာပါတယ္။ အဲဒီလိုျဖစ္ေပၚလာရင္ ေသြးေၾကာေတြက်ယ္လာၿပီး ဦးေႏွာက္ကိုေသြးေရာက္တာနည္းပါလာႏိုင္ၿပီး မူးေဝတာျဖစ္ေစႏိုင္ပါတယ္။ အဲဒီလိုေသြးေၾကာေတြက်ယ္လာတာက ရင္ေသြးငယ္ဆီကိုေသြးပိုေရာက္ေစႏိုင္တယ္ဆိုေပမယ့္ မိခင္ကိုေတာ့ေသြးေရာက္တာနည္းသြားႏိုင္တာမို႔ မူးေဝတာေတြျဖစ္ႏိုင္ပါတယ္။
ဒါ့အျပင္ ကိုယ္ဝန္ရင့္လာတာနဲ႔အမွ် မိခင္ရဲ႕သားအိမ္တြင္းမွာ ရင္ေသြးကတျဖည္းျဖည္းႀကီးထြားလာၿပီး သားအိမ္ကဝမ္းဗိုက္ထဲမွာရိွတဲ့ ေသြးေၾကာေတြကိုဖိၿပီး ဦးေႏွာက္ကိုေသြးေရာက္တာနည္းသြားရင္လည္း မူးေဝေစႏိုင္ပါတယ္။ ေနာက္ထပ္ မူးေဝေစႏိုင္တဲ့အေၾကာင္းတစ္ခုကေတာ့ ေသြးတြင္းအခ်ဳိဓာတ္ေလ်ာ့နည္းလာလို႔ျဖစ္ပါတယ္။ ေသြးတြင္းအခ်ဳိဓာတ္နည္းလာတဲ့အခါမွာ မူးေဝတာျဖစ္ႏိုင္သလို ရင္တုန္တာ၊ ေျခဖ်ားလက္ဖ်ား ေတြေအးတာ၊ ေခြၽးေစးေတြထြက္တာလည္းျဖစ္ႏိုင္ပါတယ္။
ဦးေႏွာက္ကိုေသြးေရာက္တာနည္းရင္ မူးေဝႏိုင္တာေၾကာင့္အဓိကအေနနဲ႔ေတာ့ ေသြးလည္းပတ္မႈေကာင္းေအာင္ေနထိုင္ၿပီး မူးေဝတာကို ေလ်ာ့ခ်ႏိုင္ပါတယ္။ မတ္တပ္အၾကာႀကီးရပ္ေနရင္ေသြးေရာက္တာနည္းႏိုင္တာေၾကာင့္ မတ္တပ္ၾကာၾကာမရပ္ဖို႔နဲ႔ ရပ္ရေတာ့မယ္ဆိုရင္လည္း ၿငိမ္ေနတာမ်ဴိးမလုပ္ပဲ လမ္းေလွ်ာက္သင့္ပါတယ္။ ဒါမွသာ ေျခသလံုးႂကြက္သားေတြက ေသြးေၾကာေတြကိုေကာင္းေကာင္းညႇစ္ၿပီး ခႏၶာကိုယ္တစ္ခုလံုးေသြးေကာင္းေကာင္းလည္ပတ္ႏိုင္မွာျဖစ္ပါတယ္။
အထိုင္အထ႐ုတ္တရက္လုပ္တာ ေတြကို ေရွာင္ၾကဥ္ဖို႔လည္းလိုအပ္ပါတယ္။ အထိုင္အထမွာလည္းမူးေဝေစႏိုင္တာမို႔ ဂ႐ုစိုက္ၾကရမွာျဖစ္ပါတယ္။ အစားအေသာက္မဝင္တာ၊ အိပ္ေရးပ်က္တာေတြကလည္း အားနည္းၿပီးမူးေဝေစႏိုင္တာေၾကာင့္ ေနထိုင္စားေသာက္ပံုကလည္းအေရးျကီးပါတယ္။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာမူးေဝတာက ျဖစ္႐ိုးျဖစ္စဥ္တစ္ခုထက္မပိုႏိုင္သလို စိုးရိမ္ဖို႔လည္းမလိုအပ္ပါဘူး။ ေနထိုင္ပံုေျပာင္းလဲလိုက္႐ံုနဲ႔အဆင္ေျပႏိုင္သလို ေဆးအနည္းငယ္ေသာက္႐ံုနဲ႔လည္း ကုသႏိုင္ပါတယ္။ မူးေဝ႐ံုတင္မကပဲ ေသြးဆင္းတာ၊ ေရဆင္းတာ၊ ဗိုက္နာတာ၊ ကေလးမလႈပ္တာ စတာေတြနဲ႔ယွဥ္တြဲၿပီးရိွလာၿပီဆိုရင္ေတာ့ တတ္ကြၽမ္းသူေတြနဲ႔ ကုသဖို႔လိုအပ္ၿပီး။ ကုသမႈခံယူမွသာေနာက္ဆက္တြဲဆိုးက်ဳိးေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။
Dr. ZZ