ရာသီမဟုတ်ဘဲသွေးဆင်းတဲ့အခါ
အမျိုးသမီးတွေမှာ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းကို Disfunctional Uterine Bleeding(DUB)လို့ခေါ်ပါတယ်။ အဓိကအားဖြင့် ရာသီချိန်မဟုတ်ဘဲသွေးဆင်းတာဖြစ်ပေမယ့် ရာသီလာနေစဉ်ကာလမှာလည်း ပုံမှန်မဟုတ်ဘဲသွေးဆင်းတာကဖြစ်နိုင်ပါသေးတယ်။ သံသယဖြစ်စရာ သွေးဆင်းပုံတွေကတော့ ရာသီလာတာများခြင်း၊ သွေးဆင်းတဲ့အခါမှာ သွေးခဲခပ်ကြီးကြီးများပါလာခြင်း၊ ခုနစ်ရက်ထက်ကျော်၍သွေးဆင်းခြင်း၊ နောက်ဆုံးရာသီလာပြီး နှစ်ဆယ့်တစ်ရက်တောင်မတိုင်ခင်မှာ နောက်တစ်ခါရာသီပြန်လာခြင်း၊ ရာသီတစ်ခုနဲ့တစ်ခုကြားမှာ သွေးစများဆင်းခြင်း စတာတွေပဲဖြစ်ပါတယ်။
တခြားလက္ခဏာတွေကတော့
-ရင်သားများနာကျင်ခြင်း
-ဗိုက်ထဲတွင်လေပွပြီးမအီမသာခံစားရခြင်း
-ဆီးစပ်နာကျင်ကိုက်ခဲခြင်း စတာတွေဖြစ်ပါတယ်။
တကယ်လို့အောက်ပါဝေဒနာတွေကို ခံစားနေရရင်တော့ အမြန်ဆုံးဆေးရုံ၊ဆေးခန်းသွားပြသင့်ပါတယ်။အဲဒီအချက်တွေကတော့
-မူးဝေခြင်း
-သတိလစ်ခြင်း
-အားနည်းခြင်း
-သွေးပေါင်ကျခြင်း
-နှလုံးခုန်မြန်ခြင်း
-အသားအရေများဖျော့တော့လာခြင်း
-နာကျင်ခြင်း
-သွေးတုံးသွေးခဲများဆင်းခြင်း
-တစ်နာရီတစ်ခါ pad လဲနေရခြင်း စသည့်အချက်များပဲဖြစ်ပါတယ်။
DUB ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။
(၁) PCOS လို့ခေါ်တဲ့ Polycystic Ovary Syndrome မှာလည်း သွေးဆင်းနိုင်ပါတယ်။ အဲဒီရောဂါဟာ ဟော်မုန်းမညီမျှဘဲ sex hormones ပိုထွက်တဲ့ရောဂါပါ။ အဲဒီအခြေအနေမှာ estrogen နဲ့ progesterone ဟော်မုန်းတွေမညီမျှခြင်းဖြစ်ပြီးတော့ ရာသီလာတာတွေ ပုံမှန်မဟုတ်ဖြစ်တတ်ပါတယ်။
(၂) သားအိမ်ရဲ့နံရံတစ်ရှူးတွေဟာ သားအိမ်ပြင်ပနေရာတွေမှာ သွားပြီးဖွံ့ဖြိုးတဲ့ Endometriosis ဆိုတဲ့ရောဂါကြောင့်လည်း DUB ဖြစ်နိုင်ပါတယ်။
(၃)သားအိမ်တွင်းတွင် အသားစ၊အလုံးများရှိခြင်း(Uterine Polyps/Uterine Fibroid) ကြောင့်လည်း DUB ရနိုင်ပါတယ်။
(၄)နောက်တစ်ချက်ကတော့ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကြောင့်ပါ။ Gonorrhoea (ဂနို)နဲ့ Chlamydia လိုလိင်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတွေမှာ ရာသီမဟုတ်ဘဲ သွေးဆင်းစေပါတယ်။
ဒီရောဂါဖြစ်တဲ့အခါမှာ များသောအားဖြင့် Combined Oral Contraceptive လို့ခေါ်တဲ့နေ့စဉ်သောက်တားဆေးကိုသုံးပြီး ကုသကြပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးဖြစ်ရတဲ့ ရောဂါအခြေခံပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေမတူညီနိုင်ပါဘူး။ ဒါကြောင့် ရောဂါလက္ခဏာတွေပြသလာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးပြပြီး ရောဂါကိုစမ်းသပ်စစ်ဆေးပြီးမှသာ ဆေးကုသမှုခံယူသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ရာသီမဟုတ္ဘဲေသြးဆင္းတဲ့အခါ
အမ်ိဳးသမီးေတြမွာ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းျခင္းကို Disfunctional Uterine Bleeding(DUB)လို႔ေခၚပါတယ္။ အဓိကအားျဖင့္ ရာသီခ်ိန္မဟုတ္ဘဲေသြးဆင္းတာျဖစ္ေပမယ့္ ရာသီလာေနစဥ္ကာလမွာလည္း ပံုမွန္မဟုတ္ဘဲေသြးဆင္းတာကျဖစ္ႏိုင္ပါေသးတယ္။ သံသယျဖစ္စရာ ေသြးဆင္းပံုေတြကေတာ့ ရာသီလာတာမ်ားျခင္း၊ ေသြးဆင္းတဲ့အခါမွာ ေသြးခဲခပ္ႀကီးႀကီးမ်ားပါလာျခင္း၊ ခုနစ္ရက္ထက္ေက်ာ္၍ေသြးဆင္းျခင္း၊ ေနာက္ဆံုးရာသီလာၿပီး ႏွစ္ဆယ့္တစ္ရက္ေတာင္မတိုင္ခင္မွာ ေနာက္တစ္ခါရာသီျပန္လာျခင္း၊ ရာသီတစ္ခုနဲ႔တစ္ခုၾကားမွာ ေသြးစမ်ားဆင္းျခင္း စတာေတြပဲျဖစ္ပါတယ္။
တျခားလကၡဏာေတြကေတာ့
-ရင္သားမ်ားနာက်င္ျခင္း
-ဗိုက္ထဲတြင္ေလပြၿပီးမအီမသာခံစားရျခင္း
-ဆီးစပ္နာက်င္ကိုက္ခဲျခင္း စတာေတြျဖစ္ပါတယ္။
တကယ္လို႔ေအာက္ပါေဝဒနာေတြကို ခံစားေနရရင္ေတာ့ အျမန္ဆံုးေဆးရံု၊ေဆးခန္းသြားျပသင့္ပါတယ္။အဲဒီအခ်က္ေတြကေတာ့
-မူးေဝျခင္း
-သတိလစ္ျခင္း
-အားနည္းျခင္း
-ေသြးေပါင္က်ျခင္း
-ႏွလံုးခုန္ျမန္ျခင္း
-အသားအေရမ်ားေဖ်ာ့ေတာ့လာျခင္း
-နာက်င္ျခင္း
-ေသြးတံုးေသြးခဲမ်ားဆင္းျခင္း
-တစ္နာရီတစ္ခါ pad လဲေနရျခင္း စသည့္အခ်က္မ်ားပဲျဖစ္ပါတယ္။
DUB ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။
(၁) PCOS လို႔ေခၚတဲ့ Polycystic Ovary Syndrome မွာလည္း ေသြးဆင္းႏိုင္ပါတယ္။ အဲဒီေရာဂါဟာ ေဟာ္မုန္းမညီမွ်ဘဲ sex hormones ပိုထြက္တဲ့ေရာဂါပါ။ အဲဒီအေျခအေနမွာ estrogen နဲ႔ progesterone ေဟာ္မုန္းေတြမညီမွ်ျခင္းျဖစ္ၿပီးေတာ့ ရာသီလာတာေတြ ပံုမွန္မဟုတ္ျဖစ္တတ္ပါတယ္။
(၂) သားအိမ္ရဲ႕နံရံတစ္ရႉးေတြဟာ သားအိမ္ျပင္ပေနရာေတြမွာ သြားၿပီးဖြံ႕ၿဖိဳးတဲ့ Endometriosis ဆိုတဲ့ေရာဂါေၾကာင့္လည္း DUB ျဖစ္ႏိုင္ပါတယ္။
(၃)သားအိမ္တြင္းတြင္ အသားစ၊အလံုးမ်ားရွိျခင္း(Uterine Polyps/Uterine Fibroid) ေၾကာင့္လည္း DUB ရႏိုင္ပါတယ္။
(၄)ေနာက္တစ္ခ်က္ကေတာ့ လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြေၾကာင့္ပါ။ Gonorrhoea (ဂႏို)နဲ႔ Chlamydia လိုလိင္ကေနတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြမွာ ရာသီမဟုတ္ဘဲ ေသြးဆင္းေစပါတယ္။
ဒီေရာဂါျဖစ္တဲ့အခါမွာ မ်ားေသာအားျဖင့္ Combined Oral Contraceptive လို႔ေခၚတဲ့ေန႔စဥ္ေသာက္တားေဆးကိုသံုးၿပီး ကုသၾကပါတယ္။ ဒါေပမယ့္ တစ္ဦးနဲ႔တစ္ဦးျဖစ္ရတဲ့ ေရာဂါအေျခခံေပၚမူတည္ၿပီး ကုသမႈနည္းလမ္းေတြမတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ ေရာဂါလကၡဏာေတြျပသလာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔အျမန္ဆံုးျပၿပီး ေရာဂါကိုစမ္းသပ္စစ္ေဆးၿပီးမွသာ ေဆးကုသမႈခံယူသင့္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)