သင်္ကြန်ရေနဲ့ ကကြမယ့်ကလေးတွေလား၊ သင်္ကြန်ရေကြောင့် ကုတ်ကြရမယ့်ကလေးတွေလား

သားသားမီးမီးတို့ရေ မကြာခင်မှာ သင်္ကြန်အတာပွဲတော်ကြီးရောက်လာတော့မှာဆိုတော့ သားသားမီးမီးတို့အားလုံး ရေဆော့ဖို့ပြင်ဆင်နေကြပြီပေါ့။ ရေပက်ကြရေလောင်းကြတဲ့အခါမှာ အဝီစိရေတွင်းရေကန်တွေကနေ ပိုက်နဲ့သွယ်ပြီးပက်ကြတာမျိုးတွေရှိပေမယ့် တစ်ချို့နေရာတွေမှာ ကန်ရေ မြောင်းရေတွေဟာ ရေပက်တဲ့အထဲမှာ ပါလာတတ်တာကိုလဲသိထားရမှာပေါ့။ အဲဒီအခါ သားသားမီးမီးတို့အရေပြားပေါ်မှာ ဖြစ်လာနိုင်တဲ့ရောဂါလေးတွေအကြောင်းကို ဦးဦးရှင်းပြမယ်နော်။

“ညစ်ပတ်-ဓာတ်မတည့်-ယားနာ”

ညစ်ပတ်တဲ့ရေတွေမှာ ရွှံ့၊နုန်းတွေပါလာတတ်တာကြောင့် ဒီရွှံ့ပုပ်ရေတွေမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ၊ ပိုးမွှားတွေကြောင့်သားသားမီးမီးတို့အရေပြားမှာယားပြီး အင်ပြင်တွေ၊ ယားနာတွေဖြစ်လာနိုင်တာပေါ့ကွယ်။ ဒီအခါမှာ ကုတ်လေ ပိုယားလေ အဲဒီကနေ ပိုပိုပြီးပွားလေဖြစ်လာတဲ့အခါ တစ်ကိုယ်လုံးယားယံယတဲ့အထိဖြစ်သွားနိုင်တာပေါ့။

“ယားလို့ကုတ်- ကုတ်တော့ပေါက်ပြဲ – ပိုးဝင်ပြီးပြည်တွေစွဲ”

အဲ..အပေါ်ကပြောသလို ယားတဲ့အခါ သားသားမီးမီးတို့က ယားတဲ့နေရာကို လက်သည်းကြီးတွေနဲ့ကုတ်မယ်။ ကုတ်တဲ့အခါအရမ်းယားလေ ခပ်ပြင်းပြင်းကုတ်လေဆိုတော့ သားသားမီးမီးတို့အရေပြားကနုနုလေးလေ။ ခပ်ပြင်းပြင်းကုတ်တဲ့ဒဏ်ကို ဘယ်ခံနိုင်မလဲ။ ဒီတော့ အရေပြားကပေါက်ပြဲ၊ အဲဒီအခါ လက်သည်းကြားမှာရှိတဲ့ပိုးကောင်လေးတွေက အရေပြားထဲဝင်ပြီးပွားလာတော့ ကုတ်တဲ့နေရာမှာ ပြည်တွေတည်ကုန်ရော။ တစ်ဖြည်းဖြည်းနဲ့ ပိုးကပိုပွားလာတဲ့အခါ သွေးကြောထဲရောက်ပြီး တစ်ကိုယ်လုံးကိုပါပျံ့သွားနိုင်တာပေါ့ကွယ်။

“ဝိုင်းဝိုင်းလေးဆို အထင်မသေးနဲ့ သူ့နာမည်က ပွေးတဲ့ကွယ်”

သင်္ကြန်ရေကကူးနိုင်တဲ့ နောက်ရောဂါတစ်မျိုးကတော့ ပွေးတဲ့ကွယ်။ သူကတော့ ခန္ဓာကိုယ်ဘယ်နေရာမှာမဆိုပေါက်နိုင်တယ်တဲ့။ ပွေးကွက် ဆိုတဲ့အတိုင်း အကွက်လိုက် အရွယ်အသေးအကြီးဆိုဒ်စုံ ကိုယ်ပေါ်မှာပေါက်နိုင်သတဲ့။ ယားတာကလဲ အားရှိပါးရှိကို ကုတ်ရအောင်ယားတာတဲ့။ အဲဒီတော့ ကုတ်လေ လက်သည်းကြားကပိုးတွေဝင်လေ ပွေးနဲ့ဒီပိုးတွေနဲ့ပေါင်းပြီး သားသားမီးမီးတို့ကို နှိပ်စက်လေဖြစ်တတ်တဲ့အတွက် သတိထားပြီးကုသရမယ်ကွဲ့။ နောက်ပြီး ပွေးဟာမှိုရောဂါတစ်မျိုးဖြစ်လို့ မှိုရောဂါကိုနိုင်တဲ့လိမ်းဆေးပေးမှပျောက်မယ်တဲ့ကွယ်။

“မိတ်ဆွေမဟုတ်တဲ့ မိတ်”

မိတ်ဆိုတာကတော့ သားသားမီးမီးတို့ သင်္ကြန်မှာအဖြစ်အများဆုံးပဲပေါ့။ နေပူထဲမှာရေစိုတယ် ရေပက်ခံတယ်။ အိမ်ပြန်ရောက်တော့မိတ်တွေထွက်ကရောမို့လား။ မိတ်ကတော့ အချိန်တန်ရင် ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အလွန်ယားတာမို့ သားသားမီးမီးတို့တအားနေရခက်တာပေါ့။ မိတ်အတွက်ကိုတော့ အယားပြေမယ့် ဆေးအေးလေးလူးလူးပေးရင်သက်သာပါတယ်ကွယ်။

“ခြေသည်းကိုဆွဲကာခွာ.. ကမ္ဘာစစ်ကနှိပ်စက်နည်းလော”

သားသားမီးမီးဆို့ သတိမပြုမိလိုက်လို့ သင်္ကြန်အပြီးတစ်ပတ်လောက်ကျမှ အရမ်းခံရခက်လာတဲ့ အရေပြားရောဂါတစ်မျိုးရှိတယ်။
သင်္ကြန်တုန်းကတော့ ပျော်ပျော်ကြီးကဲရင်း ရေနူးနေတဲ့ခြေထောက်ကို သစ်ငုတ်နဲ့တိုက်မိလိုက်တာ သိပ်မနာဘူးပေါ့။ ဟော.. သုံးရက်လောက်လဲနေရော ခြေစွယ်ငုတ်သလိုလို ခြေသည်းထောင့်လေးကနာလာပြီ။ နောက်ထပ်သုံးရက်လောက်နေတော့ ခြေသည်းထောင့်မှာ ပြည်တည်ပြီး ရင်းလာဖောင်းလာပြီ။ နောက်ဆုံးကျတော့ လမ်းတောင်လျှောက်ဖို့မထောက်နိုင်လို့ ပြည်တွေခွဲထုတ်၊ ခြေသည်းခွံကိုခွာပြီးဆေးထည့်ရတဲ့အထိဖြစ်သွားတတ်တယ်ကွဲ့။ ဒါကြောင့် ခြေထောက်ကိုထိမိခိုက်မိရင်မပေါ့ကြနဲ့သားသားမီးမီးတို့ရေ။

“ဂရုစိုက်စရာ တစ်ကိုယ်ရေကျန်းမာ”

ဒါကြောင့် သင်္ကြန်လည်တဲ့သားသားမီးမီးများ ပျော်ပျော်ကြီးကစားပြီးပြန်လာတိုင်းမှာ

  • ရေချိုးပါ။ ဆပ်ပြာနဲ့သေသေချာချာပွတ်တိုက်ပြီးချိုးပါ။ ဆေးဆပ်ပြာသုံးပြီးချိုးနိုင်သလို ရိုးရိုးဆပ်ပြာနဲ့ချိုးလို့လဲရပါတယ်။
  • ရေချိုးတဲ့အခါ သဲ၊ရွှံ့တွေကပ်နေနိုင်တဲ့ ကြားတွေကိုသေချာဆေးပါ။ ဆော့ကစားပြီးပြန်လာတိုင်းခေါင်းလျှော်ပါ။
  • ရေချိုးပြီးလျှင် သန့်ရှင်းသောအဝတ်များဝတ်ပါ။
  • ယားယံပါက အယားပြေလိုးရှင်းလိမ်းပေးနိုင်ပါတယ်။

အကယ်၍ ယားဖုများအလွန်များလာတဲ့အခါ၊ ပြည်ဖုတည်တဲ့အခါ၊ ခြေစွယ်ငုတ်တဲ့အခါ နီးစပ်ရာဆေးပေးခန်းတွေကိုသွားပြီး ကုသပါလို့တိုက်တွန်းရင်း ပျော်ရွှင်စရာသင်္ကြန်အခါလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။

သားသားမီးမီးတို့ရဲ့ဦးဦးဒေါက်တာ
စိုင်းမြတ်သူ

သၾကၤန္ေရနဲ႔ ကၾကမယ့္ကေလးေတြလား၊ သၾကၤန္ေရေၾကာင့္ ကုတ္ၾကရမယ့္ကေလးေတြလား

သားသားမီးမီးတို႔ေရ မၾကာခင္မွာ သၾကၤန္အတာပြဲေတာ္ႀကီးေရာက္လာေတာ့မွာဆိုေတာ့ သားသားမီးမီးတို႔အားလံုး ေရေဆာ့ဖို႔ျပင္ဆင္ေနၾကၿပီေပါ့။ ေရပက္ၾကေရေလာင္းၾကတဲ့အခါမွာ အဝီစိေရတြင္းေရကန္ေတြကေန ပိုက္နဲ႔သြယ္ၿပီးပက္ၾကတာမ်ိဳးေတြ႐ွိေပမယ့္ တစ္ခ်ိဳ႕ေနရာေတြမွာ ကန္ေရ ေျမာင္းေရေတြဟာ ေရပက္တဲ့အထဲမွာ ပါလာတတ္တာကိုလဲသိထားရမွာေပါ့။ အဲဒီအခါ သားသားမီးမီးတို႔အေရျပားေပၚမွာ ျဖစ္လာႏိုင္တဲ့ေရာဂါေလးေတြအေၾကာင္းကို ဦးဦး႐ွင္းျပမယ္ေနာ္။

“ညစ္ပတ္-ဓာတ္မတည့္-ယားနာ”

ညစ္ပတ္တဲ့ေရေတြမွာ ရႊံ႕၊ႏုန္းေတြပါလာတတ္တာေၾကာင့္ ဒီရႊံ႕ပုပ္ေရေတြမွာပါဝင္တဲ့ ဓာတ္ပစၥည္းေတြ၊ ပိုးမႊားေတြေၾကာင့္သားသားမီးမီးတို႔အေရျပားမွာယားၿပီး အင္ျပင္ေတြ၊ ယားနာေတြျဖစ္လာႏိုင္တာေပါ့ကြယ္။ ဒီအခါမွာ ကုတ္ေလ ပိုယားေလ အဲဒီကေန ပိုပိုၿပီးပြားေလျဖစ္လာတဲ့အခါ တစ္ကိုယ္လံုးယားယံယတဲ့အထိျဖစ္သြားႏိုင္တာေပါ့။

“ယားလို႔ကုတ္- ကုတ္ေတာ့ေပါက္ျပဲ – ပိုးဝင္ၿပီးျပည္ေတြစြဲ”

အဲ..အေပၚကေျပာသလို ယားတဲ့အခါ သားသားမီးမီးတို႔က ယားတဲ့ေနရာကို လက္သည္းႀကီးေတြနဲ႔ကုတ္မယ္။ ကုတ္တဲ့အခါအရမ္းယားေလ ခပ္ျပင္းျပင္းကုတ္ေလဆုိေတာ့ သားသားမီးမီးတို႔အေရျပားကႏုႏုေလးေလ။ ခပ္ျပင္းျပင္းကုတ္တဲ့ဒဏ္ကို ဘယ္ခံႏိုင္မလဲ။ ဒီေတာ့ အေရျပားကေပါက္ျပဲ၊ အဲဒီအခါ လက္သည္းၾကားမွာ႐ွိတဲ့ပိုးေကာင္ေလးေတြက အေရျပားထဲဝင္ၿပီးပြားလာေတာ့ ကုတ္တဲ့ေနရာမွာ ျပည္ေတြတည္ကုန္ေရာ။ တစ္ျဖည္းျဖည္းနဲ႔ ပိုးကပိုပြားလာတဲ့အခါ ေသြးေၾကာထဲေရာက္ၿပီး တစ္ကိုယ္လံုးကိုပါပ်ံ့သြားႏိုင္တာေပါ့ကြယ္။

“ဝိုင္းဝိုင္းေလးဆို အထင္မေသးနဲ႔ သူ႔နာမည္က ေပြးတဲ့ကြယ္”

သၾကၤန္ေရကကူးႏိုင္တဲ့ ေနာက္ေရာဂါတစ္မ်ိဳးကေတာ့ ေပြးတဲ့ကြယ္။ သူကေတာ့ ခႏၶာကိုယ္ဘယ္ေနရာမွာမဆိုေပါက္ႏိုင္တယ္တဲ့။ ေပြးကြက္ ဆိုတဲ့အတိုင္း အကြက္လိုက္ အရြယ္အေသးအႀကီးဆိုဒ္စံု ကိုယ္ေပၚမွာေပါက္ႏိုင္သတဲ့။ ယားတာကလဲ အား႐ွိပါး႐ွိကုိ ကုတ္ရေအာင္ယားတာတဲ့။ အဲဒီေတာ့ ကုတ္ေလ လက္သည္းၾကားကပိုးေတြဝင္ေလ ေပြးနဲ႔ဒီပိုးေတြနဲ႔ေပါင္းၿပီး သားသားမီးမီးတို႔ကို ႏွိပ္စက္ေလျဖစ္တတ္တဲ့အတြက္ သတိထားၿပီးကုသရမယ္ကြဲ႔။ ေနာက္ၿပီး ေပြးဟာမိႈေရာဂါတစ္မ်ိဳးျဖစ္လို႔ မိႈေရာဂါကိုႏိုင္တဲ့လိမ္းေဆးေပးမွေပ်ာက္မယ္တဲ့ကြယ္။

“မိတ္ေဆြမဟုတ္တဲ့ မိတ္”

မိတ္ဆိုတာကေတာ့ သားသားမီးမီးတို႔ သၾကၤန္မွာအျဖစ္အမ်ားဆံုးပဲေပါ့။ ေနပူထဲမွာေရစိုတယ္ ေရပက္ခံတယ္။ အိမ္ျပန္ေရာက္ေတာ့မိတ္ေတြထြက္ကေရာမို႔လား။ မိတ္ကေတာ့ အခ်ိန္တန္ရင္ ျပန္ေပ်ာက္သြားတတ္ပါတယ္။ ဒါေပမယ့္ အလြန္ယားတာမို႔ သားသားမီးမီးတို႔တအားေနရခက္တာေပါ့။ မိတ္အတြက္ကိုေတာ့ အယားေျပမယ့္ ေဆးေအးေလးလူးလူးေပးရင္သက္သာပါတယ္ကြယ္။

“ေျခသည္းကိုဆြဲကာခြာ.. ကမၻာစစ္ကႏွိပ္စက္နည္းေလာ”

သားသားမီးမီးဆို႔ သတိမျပဳမိလိုက္လို႔ သၾကၤန္အၿပီးတစ္ပတ္ေလာက္က်မွ အရမ္းခံရခက္လာတဲ့ အေရျပားေရာဂါတစ္မ်ိဳး႐ွိတယ္။
သၾကၤန္တုန္းကေတာ့ ေပ်ာ္ေပ်ာ္ႀကီးကဲရင္း ေရႏူးေနတဲ့ေျခေထာက္ကို သစ္ငုတ္နဲ႔တိုက္မိလိုက္တာ သိပ္မနာဘူးေပါ့။ ေဟာ.. သံုးရက္ေလာက္လဲေနေရာ ေျခစြယ္ငုတ္သလိုလို ေျခသည္းေထာင့္ေလးကနာလာၿပီ။ ေနာက္ထပ္သံုးရက္ေလာက္ေနေတာ့ ေျခသည္းေထာင့္မွာ ျပည္တည္ၿပီး ရင္းလာေဖာင္းလာၿပီ။ ေနာက္ဆံုးက်ေတာ့ လမ္းေတာင္ေလ်ွာက္ဖို႔မေထာက္ႏိုင္လို႔ ျပည္ေတြခြဲထုတ္၊ ေျခသည္းခြံကုိခြာၿပီးေဆးထည့္ရတဲ့အထိျဖစ္သြားတတ္တယ္ကြဲ႔။ ဒါေၾကာင့္ ေျခေထာက္ကိုထိမိခိုက္မိရင္မေပါ့ၾကနဲ႔သားသားမီးမီးတို႔ေရ။

“ဂ႐ုစိုက္စရာ တစ္ကိုယ္ေရက်န္းမာ”

ဒါေၾကာင့္ သၾကၤန္လည္တဲ့သားသားမီးမီးမ်ား ေပ်ာ္ေပ်ာ္ႀကီးကစားၿပီးျပန္လာတိုင္းမွာ

  • ေရခ်ိဳးပါ။ ဆပ္ျပာနဲ႔ေသေသခ်ာခ်ာပြတ္တိုက္ၿပီးခ်ိဳးပါ။ ေဆးဆပ္ျပာသံုးၿပီးခ်ိဳးႏိုင္သလို ႐ိုး႐ိုးဆပ္ျပာနဲ႔ခ်ိဳးလို႔လဲရပါတယ္။
  • ေရခ်ိဳးတဲ့အခါ သဲ၊ရႊံ႕ေတြကပ္ေနႏိုင္တဲ့ ၾကားေတြကိုေသခ်ာေဆးပါ။ ေဆာ့ကစားၿပီးျပန္လာတိုင္းေခါင္းေလ်ွာ္ပါ။
  • ေရခ်ိဳးၿပီးလ်ွင္ သန္႔႐ွင္းေသာအဝတ္မ်ားဝတ္ပါ။
  • ယားယံပါက အယားေျပလိုး႐ွင္းလိမ္းေပးႏိုင္ပါတယ္။

အကယ္၍ ယားဖုမ်ားအလြန္မ်ားလာတဲ့အခါ၊ ျပည္ဖုတည္တဲ့အခါ၊ ေျခစြယ္ငုတ္တဲ့အခါ နီးစပ္ရာေဆးေပးခန္းေတြကိုသြားၿပီး ကုသပါလို႔တိုက္တြန္းရင္း ေပ်ာ္ရႊင္စရာသၾကၤန္အခါေလးျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္ဗ်ာ။

သားသားမီးမီးတို႔ရဲ႕ဦးဦးေဒါက္တာ
စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *