ပါဝင်သောဆေး-Metoclopramide resinate
ဆေးပုံစံ-ဆေးတောင့်ပုံစံ
အသုံးပြုနိုင်သော ရောဂါများ-အစာမျိုပြွန်နှင့် အစာအိမ်လှုပ်ရှားမှုကို အားပေးပါသည်။ ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ အချို့ဆေးများ၏ ဆေးဒဏ်မခံနိုင်ခြင်း၊ ကျို့ထိုးခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အက်ဆစ်အထွက်များခြင်း၊ အစာအိမ်အက်ဆစ် အပေါ်သို့ဆန်တက်၍ အစာမျိုပြွန်ရောင်ခြင်း၊ မေ့ဆေးသုံးထားသူများနှင့် ခွဲစိတ်ပြီးစလူနာများ၊ ဓာတ်ကင်ခြင်းကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများ။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၁ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
ဘေးထွက်ဆိုးကျိုး-အိပ်ငိုက်ခြင်း၊ နှုန်းခြင်း၊ အူနှင့်ဆိုင်သော ပြဿနာများ၊ ခေါင်းမူးခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Phenothiazine, atropine စသောဆေးများနှင့် ဓာတ်ပြုမှုများရှိပါသည်။
ဒေါက်တာချို(ဆေး ၁)