ခက်ခဲသောရေချိုးချိန်များ

“ရေမချိုးချင်ဘူး…ရေမချိုးဘူး….ဗြဲ! ”

“နင်ရေမချိုးတာ ဘယ်နရက်ရှိနေပြီလဲ? ရုပ်က ကြောင်ချီးရုပ်ဖြစ် နေပြီ!!!လာအခု…ဒီနေ့တော့ ရေချိုးကိုချိုးရမယ်…. မချိုးလို့မရဘူး!”

ဒီအချိန်ဆို ဒီအသံတွေကြားနေကျ….

အမနဲ့ သူ့သား ညနေစောင်းရေချိုးချိန်ဆို နပန်းသတ်ရပြီလေ…

ဟုတ်ပါတယ်…ဒီလို လေးငါးခြောက်နှစ်အရွယ်ကလေးတွေက ရေချိုးသိပ်ကြောက်ကြတာ…

အမေဖြစ်သူတွေကလည်း ကိုယ့်သားသမီးကို သနပ်ခါးအဖွေးသားနဲ့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လှလှပပထားချင်….

ကလေးတွေကလည်း ရေချိုးရမယ်ဆို အကြောက်အကန်ငြင်း…

ဘယ်လိုဖြေရှင်းကြမလဲ?

ဒါလေးတွေလုပ်ကြည့်လို့ရပါတယ်….

(1)ရေချိုးကန်ထဲမှာ ရေပေါ် ပေါလောပေါ်တဲ့ အရုပ်လေးတွေထည့်ထားပေးပြီး ကလေးအားပေးဆော့ထားပါ။ ဒီနည်းလမ်းဟာ ကလေးအများစုနှစ်သက်တဲ့ရေချိုးနည်း တစ်ခုဖြစ်ပါတယ်။

(2)အလွယ်တကူလှမ်းယူလို့ရမယ့်အနီးအနားမှာ မျက်နှာသုတ် ပဝါအခြောက်တစ်ခုထားပေးထားပါ။ (ကလေးအများစုရေချိုးကြောက်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ မျက်လုံးထဲရေဝင်ပြီး စပ်မှာကိုကြောက်တာပါ။ဒါကိုဖြေရှင်းဖို့ အရိုးရှင်းဆုံးနည်းလမ်းကတော့ အနားမှာ မျက်နှာသုတ်လို့ရမယ့် အဝတ်ခြောက်တစ်ခု ထားပေးခြင်းပါပဲ။)

(3)တီဗီအစီအစဉ်တွေကို ရပ်ထားပေးပါ။ကလေးတွေရေချိုးဖို့ ငြင်းဆန်တဲ့ ဒုတိယအကြောင်းရင်းတစ်ခုက သူတို့လေးတွေ ကြည့်နေတဲ့ ကာတွန်းကားတွေ၊တီဗီအစီအစဉ်တွေ လွတ်သွားမှာ ကြောက်လို့ပါ။ဒါဆိုရင်တော့….သူကြည့်နေတဲ့ ဇာတ်ကားကို ခဏရပ်ထားပေးမှာဖြစ်ကြောင်း(ဒါမှမဟုတ်)ထိုအစီအစဉ်ကို ပြန်ကြည့်လို့ရအောင် ကူးယူပေးထားမှာဖြစ်ကြောင်း နားလည်အောင်သေချာ ပြောပြပါ။

(4)ကစားစရာတွေကို ရေချိုးတဲ့ဆီ ယူသွားခွင့်ပေးပါ။ သူတို့လေးတွေဟာ ဆော့ကစားနေချိန်မှာ ဆော့နေတာကို ရပ်ပြီး ရေချိုးဖို့ ငြင်းဆန်မှာအသေအချာပါပဲ။ဆော့နေတဲ့အရုပ်ကို ရေချိုးတဲ့ဆီယူသွားပြီး ပေးဆော့လိုက်ခြင်းဟာလည်း ဖြေရှင်းနည်း တစ်ခုပါပဲ။

(5)ရေချိုးခန်းမီးကို ခပ်မှိန်မှိန်ထားပြီး ရေချိုးကန်ထဲမှာ အနုမြူပါတဲ့ အရုပ်လေးတွေထည့်ထားပေးမယ်ဆိုရင်လည်း သင့်ကလေး အကြိုက်တွေ့စေမယ့်ရေချိုးချိန်လေးဖြစ်စေမှာပါပဲ။

(6)ဆပ်ပြာကိုအသုံးပြုပြီး ဆပ်ပြာပူဖောင်းလေးတွေမှုတ်ပြခြင်းဟာလည်း သင့်ကလေး သဘောကျစေမယ့်နည်းလမ်းတစ်ခုပါပဲ။

(7)ရေကိုအရောင်ပြောင်းစေတယ့် ပစ္စည်းလေးတွေသုံးပြီး ရေချိုးကန်ထဲကရေကိုတစ်နေ့တမျိုးမတူညီတဲ့ အရောင်လေးတွေအမျိုးမျိုးပြောင်းပြီး ရေချိုးပေးခြင်းဟာလည်း သင့်ကလေးအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ရေချိုးချိန်လေးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

အထက်ပါနည်းလမ်းလေးတွေကို သုံးကြည့်ပြီး ခက်ခဲတဲ့ ရေချိုးချိန်လေးတွေကို ကျော်ဖြတ်နိုင်ကြပါစေ မေမေတို့ရေ!

မေ(ဆေး ၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *