နှစ်ရှည်ခံ ကိုယ်ဝန်တားနည်းနှစ်ခုရဲ့ ကွာခြားချက် (၇)ချက်
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
အမျိုးသမီးတစ်ယောက်အနေနဲ့ ကာလရှည်ကြာ ကိုယ်ဝန်တားတော့မယ်ဆိုရင် အသုံးပြုလို့ ရတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ လက်မောင်းထဲထည့်တာနဲ့ သားအိမ်ထဲထည့်တာပါ။ အဲဒီနှစ်ခုထဲက ရွေးချယ်ရတော့မယ်ဆိုတဲ့အခါ ကိုယ်နဲ့ ဘယ်ဟာသင့်တော်သလဲ စဉ်းစားနိုင်စေဖို့ ဒီ ၂ နည်းကြားထဲက ကွာခြားချက်လေးတွေကို ပြောပြချင်ပါတယ်။
၁။ ကုန်ကျစရိတ်
လက်မောင်းထဲထည့်တဲ့ပစ္စည်းကို အစိုးရဆေးရုံတချို့မှာ အခမဲ့ထည့်ပေးနေတာမျိုး ရှိပေမယ့် တခြားဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင်တော့ သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ကုန်ကျနိုင်ပါတယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်းကတော့ ဈေးပိုသက်သာတယ်။ သောင်းဂဏန်းလောက်ပဲ ကုန်ပါမယ်။
၂။ နှစ်အရေအတွက်
လက်မောင်းထဲထည့်တာက ၃ နှစ်ခံ၊ ၄ နှစ်ခံ၊ ၅ နှစ်ခံ စသဖြင့် ရှိပါတယ်။ ၃ နှစ်ခံကတော့ တစ်ချောင်းတည်း၊ ၄ နှစ်နဲ့ ၅ နှစ်ခံတွေကတော့ နှစ်ချောင်းကို အင်္ဂလိပ်အက္ခရာ V ပုံစံ ထည့်ရပါတယ်။ သားအိမ်ထဲထည့်တာကတော့ ၅နှစ်ခံ ရှိသလို၊ ၁၀ နှစ်ခံလည်း ရှိတယ်။ နှစ်များများ တားထားချင်တဲ့သူတွေဆို ၁၀ နှစ်ခံအထိ ရွေးလို့ရပါတယ်။
၃။ ကလေးမမွေးဖူးသေးရင်
လက်မောင်းထဲထည့်တာကတော့ ရှင်းပါတယ်၊ ကလေးမမွေးဖူးသေးလည်း ထည့်လို့ရတယ်။ သားအိမ်ထဲထည့်တာကတော့ ဆရာဝန်တွေက များသောအားဖြင့် မထည့်ပေးကြဘူး။ ပထမအကြောင်းရင်းက မတော်တဆ ထည့်နေရင်းနဲ့ ပိုးဝင်သွားရင် လုံး၀ ကလေးမရတော့တာမျိုး ဖြစ်မှာစိုးလို့၊ ဒါပေမယ့် ဒါက သေချာပိုးသတ်ထားတဲ့ ပစ္စည်းတွေသုံးမယ်ဆို ပြဿနာမရှိဘူး။ နောက်အကြောင်းရင်းတစ်ခုကတော့ ထည့်ရခက်လို့။ ဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အက္ခရာ T ပုံစံ၊ Y ပုံစံ ပစ္စည်းတွေက အရွယ်အစားသေးလာတာမို့ ကလေးမမွေးဖူးသေးပေမယ့်လည်း ထည့်လို့ရတယ်။ သက်သောင့်သက်သာ ရှိပါတယ်။ ဦးစားပေးရွေးချယ်ရမယ် မဟုတ်ပေမယ့် ကျန်တဲ့ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေ သုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့အခါမှာတော့ သားအိမ်ထဲထည့်တာကိုလည်း ရွေးချယ်လို့ရတယ် ဆိုတာလေး သိစေချင်တာပါ။
၄။ ထည့်ဖို့မသင့်တော်တဲ့ အခြေအနေတွေ
လက်မောင်းထဲထည့်တာက ဟော်မုန်းပါတာမို့ ရင်သားကင်ဆာ၊ အသည်းရောဂါ၊ Deep vein thrombosis လို့ခေါ်တဲ့ သွေးပြန်ကြောမှာ သွေးခဲပိတ်တဲ့ရောဂါတွေမှာဆိုရင် မသုံးသင့်ပါဘူး။ သားအိမ်ထဲထည့်တဲ့ပစ္စည်းကတော့ သားအိမ်ထဲမှာထည့်မှာမို့ သားအိမ်အနေအထားမမှန်တာ၊ သားအိမ်နှစ်ခွ ဖြစ်နေတာ၊ သားအိမ်ရောင်ရမ်းနေတာ၊ ကာလသားရောဂါ ကူးစက်ခံထားရတာ၊ ကူးစက်ခံရနိုင်ချေများတာ စတဲ့ အခြေအနေတွေမှာဆို သုံးလို့မသင့်တော်ပါဘူး။
၅။ ဓမ္မတာပေါ်ခြင်း
လက်မောင်းထဲထည့်တဲ့ပစ္စည်းက ၃ လခံထိုးဆေးနဲ့ အထဲမှာပါတဲ့ဟော်မုန်းချင်း တူပါတယ်။ ဒီဟော်မုန်းရဲ့ အာနိသင်က မမျိုးဥကို မကြွေအောင် ပိတ်ပေးတဲ့အပြင် သားအိမ်နံရံက အလွှာတွေကိုလည်း ထူမလာအောင် လုပ်ပေးတယ်။
တကယ်တော့ ရာသီလာတယ်ဆိုတာက မိန်းကလေးတစ်ယောက်ဟာ အပျိုဖြစ်ပြီဆိုရင် တစ်လကိုတစ်ခါ မမျိုးဥကြွေတယ်။ အဲဒီလို ကြွေတာနဲ့တစ်ပြိုင်တည်းမှာ သားအိမ်နံရံကလည်း ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ တကယ်လု့ိမျိုး သုက်ပိုးနဲ့ မမျိုးဥနဲ့ မပေါင်းလိုက်ရဘူးဆိုရင် အဲဒီမမျိုးသက သေသွားတယ်။ သန္ဓေလည်း အောင်တော့မှာ မဟုတ်တဲ့အတွက် ခုနက ထူထဲထားတဲ့ သားအိမ်နံရံကလည်း ကွာကျလာတယ်။ အဲဒီလို သေသွားတဲ့မမျိုးဥနဲ့ သားအိမ်နံရံက အလွှာတွေကွာကျလာတာကို ရာသီလာတယ်လို့ ခေါ်တယ်။
အခု သူက မမျိုးဥကို မကြွေအောင်လုပ်ပေးတဲ့အပြင် သားအိမ်နံရံကို ထူမလာအောင်လည်း လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ အဆင်ပြေနိုင်ပါ့မလားဆိုတာလေး သေချာစဉ်းစားစေချင်ပါတယ်။
သားအိမ်ထဲထည့်တဲ့ပစ္စည်းကတော့ မမျိုးဥကို ဘာအနှောင့်အယှက်မှ မပေးဘူး။ သုက်ပိုးတွေကိုပဲ ဖျက်ဆီးတယ်။ ဒါကြောင့်မို့ ဒီပစ္စည်းထည့်မယ်ဆို ုတစ်လကိုတစ်ခါ ပုံမှန်ရာသီပေါ်လိမ့်မယ်။ ခုနကပြောသလို ရာသီပေါ်မှ နေလို့ထိုင်လို့ကောင်းတာ ဆိုတဲ့ အမျိုးသမီးတွေဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ရင် အဆင်ပြေနိုင်ပါတယ်။
၆။ ဘေးထွက်ဆိုးကျိုး
သားဆက်ခြားနည်းအားလုံးမှာ အသုံးပြုစမှာ ရာသီသွေးကမောက်ကမဖြစ်တာတွေ ရှိနိုင်ပါတယ်။ လုံးဝမပေါ်တာ၊ နှစ်ပတ်တစ်ခါလောက် လာတာ စသဖြင့် ပုံမမှန်ဖြစ်နိုင်ပြီး နောက်ပိုင်းမှာတော့ အသားကျသွားပါလိမ့်မယ်။
လက်မောင်းထဲထည့်တဲ့ပစ္စည်းကတော့ ဟော်မုန်းပါတာမို့ ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ရင်သားတွေတင်းပြီးနာတာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ စသဖြင့် ရှိပါတယ်။ တချို့လည်း ရာသီမပေါ်တာကြာတော့ အသားမဲလာတယ် ဆိုတာမျိုးတွေလည်း ကြုံရပါတယ်။
သားအိမ်ထဲထည့်မယ်ဆိုရင်တော့ ဒီပစ္စည်းက ဟော်မုန်းမပါတာကြောင့် ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံစားရနိုင်ဘူး။ ထည့်ပြီးစမှာ ဗိုက်နည်းနည်းအောင့်တာမျိုး ရှိမယ်။ နောက်ပိုင်း ရာသီလာတဲ့အခါမှာ အရင်ကထက် ရက်ပိုရှည်သွားတာ၊ ပမာဏပိုများလာတာ၊ နည်းနည်းပိုပြီး အောင့်တတ်တာဆိုတာမျိုးတွေတော့ ဖြစ်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ပြောချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်မှုချင်း မတူနိုင်ကြဘူး ဆိုတာပါပဲ။ လက်မောင်းထဲထည့်လို့ တစ်ယောက်က အဆင်ပြေပေမယ့် နောက်တစ်ယောက်က ပြေချင်မှပြေမယ်။ ဒီလိုပဲ သားအိမ်ထဲထည့်လို့ တစ်ယောက်က သွေးတွေတအားဆင်းပြီး အဆင်မပြေဖြစ်နေပေမယ့် နောက်တစ်ယောက်က ပြေချင်ပြေနေမယ်။ ဒါကြောင့်မို့ သူများလုပ်လို့ ကိုယ်လိုက်လုပ်မယ်ဆိုတာထက် ကိုယ့်နဲ့သင့်တော်တဲ့နည်းကိုသာ ရွေးစေချင်ပါတယ်။
နောက်တစ်ခုက ဒီဘေးထွက်ဆိုးကျိုးတွေက ဖြစ်ကိုဖြစ်ရမယ်လည်း မဟုတ်ပါဘူး။ ထိန်းလို့ရပါတယ်။ ဥပမာ လက်မောင်းထဲပစ္စည်းထည့်လို့ ဝကိုဝရမယ်လို့ ဘယ်သူကမှ မပြောပါဘူး။ မဝချင်ရင် ထိန်းလို့ရတယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ အစားလျှော့မယ်ဆိုတာတွေ လုပ်နိုင်ပါတယ်။ ပစ္စည်းကြောင့် ဝတာထက် အသက်အရွယ်၊ ခန္ဓာကိုယ်ပြောင်းလဲမှုတွေနဲ့ အစားအသောက်ပုံစံကြောင့် အဓိက ဝရတာပါ။ ဒီလိုပဲ၊ သွေးတွေဆင်းလာတယ်ဆိုလည်း ဆေးခန်းပြန်ပြပြီး လိုအပ်တဲ့ဆေး သောက်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အလွန်အကျွံ မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။
၇။ အရေးပေါ်ကိုယ်ဝန်တားနည်း
လက်မောင်းထဲထည့်တဲ့ပစ္စည်းက လိင်မဆက်ဆံခင် ကြိုတင်ပြီး အသုံးပြုထားရတာမျိုးဖြစ်ပြီး သားအိမ်ထဲထည့်တဲ့ပစ္စည်းမှာတော့ ထူးခြားချက်တစ်ခု ရှိပါတယ်။ အဲဒါက အရေးပေါ်ကိုယ်ဝန်တားနည်းအနေနဲ့လည်း အသုံးပြုလို့ရတယ် ဆိုတာပါပဲ။ အကာအကွယ်မဲ့ ဆက်ဆံမိပြီး နာရီ ၁၂၀ အတွင်းမှာ ထည့်မယ်ဆိုရင် အရေးပေါ် ကိုယ်ဝန်တားပေးတယ်။ ထည့်ပေးမယ့်သူဆီ လာနေရဦးမှာမို့ အရေးပေါ် ကိုယ်ဝန်တားဆေးတွေလောက်တော့ သုံးရအဆင်မပြေပေမယ့် အဲဒီဆေးတွေထက် ပိုထိရောက်တယ်။ အရေးပေါ်တားပြီးသွားတဲ့ နောက်ပိုင်းမှာလည်း ပုံမှန်ကိုယ်ဝန်တားတဲ့အနေနဲ့ ဆက်ထည့်ထားလိုက်လို့ရပါတယ်။
၈။ ထည့်ပြီးသွားတဲ့အခါ
လက်မောင်းထဲ ပစ္စည်းထည့်ပြီးသွားတဲ့အခါ ၃ ရက်လောက်တော့ ပတ်တီးစည်းထားဖို့ လိုပါတယ်။ အနာကပ်ခွာကိုတော့ ၅ ရက်ကပ်ထားရမယ်။ အဲဒီ ၅ ရက်အတွင်း ရေမစိုရဘူး။ ၅ ရက်ပြည့်သွားလို့ ကပ်ခွာ ခွာလိုက်တဲ့အခါ အနာမကျက်သေးတာ၊ ပြည်တည်နေတာတွေဖြစ်ရင်တော့ ပြန်ပြရမယ်။ ဒါကလည်း ရေသာမထိမိဘူးဆိုရင် မဖြစ်နိုင်သလောက်ပဲ။ နောက်ပိုင်းမှာတော့ အေးအေးဆေးဆေး နေရုံပဲ၊ အလေးအပင် မမရဘူးဆိုတာမျိုးလည်း မရှိဘူး။
သားအိမ်ထဲပစ္စည်းထည့်တာကတော့ တစ်လကိုတစ်ခါ ရာသီပေါ်ပြီးတိုင်းမှာ စမ်းကြည့်ရမယ်။ ဒါမှ ကိုယ့်သားအိမ်ထဲ ပစ္စည်းရှိမရှိ သိနိုင်မှာ။ အထူးသဖြင့် ထည့်စ လတွေမှာတော့ သတိလေးထားပြီး စမ်းကြည့်ဖို့လိုပါမယ်။ အရင်ကတော့ သားအိမ်ထဲထည့်ပြီး အမျိုးသားနဲ့ ၇ ရက် မဆက်ဆံဘဲ ရှောင်ရမယ်ဆိုတာမျိုး မှာတတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ မလိုအပ်ဘူးဆိုပြီး မပြောတော့ပါဘူး။ များသောအားဖြင့် ထည့်ပေးတဲ့ ဆရာဝန်တွေက ထည့်ပြီး တစ်လပြည့်တဲ့အချိန်မှာ တစ်ခေါက်ပြန်လာပြဖို့တော့ ချိန်းတတ်ကြပါတယ်။ အဲဒီအတိုင်း ပြန်ပြပြီး စနစ်တကျ စစ်ဆေးမှုခံယူနိုင်မယ်ဆို အကောင်းဆုံးပါပဲ။
အဓိကအကျဆုံးကတော့ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ပါပဲ။ လက်မောင်းထဲထည့်တာက စမ်းလို့လည်း လွယ်လွယ်ကူကူရတယ်၊ မြင်လည်းမြင်နေရတယ်၊ ဘယ်သူကမှလည်း နင်တော့ လက်မောင်းကင်ဆာ ဖြစ်မယ်ဆိုတာမျိုး လာမပြောဘူး။ သားအိမ်ထဲကျတော့ မတူဘူး။ မြင်လည်းမြင်မနေရဘူး၊ စမ်းဖို့ကလည်း ခက်တယ်။ ဒီကြားထဲမှာ သားအိမ်ကင်ဆာဖြစ်မယ်တို့၊ အနာဖြစ်မယ်တို့ ဆိုတဲ့ကောလဟာလတွေကလည်း ကြားရသေးတယ်။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ပစ္စည်းထည့်ပြီးသွားလို့ အစာအိမ်အောင့်လည်း ဒါကြောင့်၊ ခေါင်းကိုက်လည်း ဒါကြောင့်၊ ဝလာလည်း ဒါကြောင့် ဆိုပြီး အစိုးရိမ်လွန်တတ်ကြတယ်။ တကယ်တော့ ဒီပစ္စည်းက သားအိမ်ထဲမှာပဲ အလုပ်လုပ်တယ်၊ သားအိမ်နဲ့ မွေးလမ်းကြောင်းမဟုတ်တဲ့ တခြားနေရာမှာ ရောဂါရှိနေလို့ သူ့ကိုသုံးလို့မရဘူး ဆိုတာမျိုး မရှိသလို၊ သူ့ကိုထည့်လိုက်လို့ တခြားတစ်နေရာမှာ ရောဂါသွားဖြစ်တယ်ဆိုတာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ပစ္စည်းထည့်ထားတဲ့ အမျိုးသမီးတွေက အကြောက်လွန်နေကြတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘာဖြစ်ဖြစ် ဒီပစ္စည်းကြောင့်လို့ပဲ ထင်တယ်၊ ပြန်ထုတ်မယ်လုပ်တယ်၊ ဒီတော့ ကိုယ်နဲ့ အဆင်မပြေတဲ့ ဟော်မုန်းပါတဲ့ကိုယ်ဝန်တားနည်းတွေ ပြန်သုံးရတယ်။ ဒါကြောင့်မို့ မလိုအပ်တာတွေကို စိုးရိမ်မနေဘဲ ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်ဝန်တားနည်းကို ရွေးချယ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။
ပြောခဲ့ပြီးသမျှ အနှစ်ပြန်ချုပ်ရရင်တော့ နည်းလမ်းနှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ ဘယ်နည်းလမ်းက ပိုကောင်းတယ်ရယ်လို့ မဟုတ်ဘဲ ကိုယ်နဲ့သင့်တော်မယ့်နည်းလမ်းကို ကျွမ်းကျင်တဲ့ဆရာဝန်၊ ဆရာမနဲ့ အသေးစိတ်ဆွေးနွေးမေးမြန်းတိုင်ပင်ပြီး ရွေးချယ်နိုင်ကြဖို့ပဲ လိုပါတယ်။
ႏွစ္ရွည္ခံ ကုိယ္၀န္တားနည္းႏွစ္ခုရဲ႕ ကြာျခားခ်က္ (၇)ခ်က္
ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ
အမ်ိဳးသမီးတစ္ေယာက္အေနနဲ႕ ကာလရွည္ၾကာ ကုိယ္၀န္တားေတာ့မယ္ဆုိရင္ အသံုးျပဳလို႕ ရတဲ့ နည္းလမ္းႏွစ္ခု ရွိပါတယ္။ လက္ေမာင္းထဲထည္႕တာနဲ႕ သားအိမ္ထဲထည္႕တာပါ။ အဲဒီႏွစ္ခုထဲက ေရြးခ်ယ္ရေတာ့မယ္ဆုိတဲ့အခါ ကိုယ္နဲ႕ ဘယ္ဟာသင့္ေတာ္သလဲ စဥ္းစားႏုိင္ေစဖို႕ ဒီ ၂ နည္းၾကားထဲက ကြာျခားခ်က္ေလးေတြကို ေျပာျပခ်င္ပါတယ္။
၁။ ကုန္က်စရိတ္
လက္ေမာင္းထဲထည္႕တဲ့ပစၥည္းကုိ အစိုးရေဆးရံုတခ်ိဳ႕မွာ အခမဲ့ထည္႕ေပးေနတာမ်ိဳး ရွိေပမယ့္ တျခားေဆးရံု၊ ေဆးခန္းေတြမွာဆုိရင္ေတာ့ ေသာင္းဂဏန္းကေန သိန္းဂဏန္းထိ ကုန္က်ႏုိင္ပါတယ္။ သားအိမ္ထဲထည္႕တဲ့ပစၥည္းကေတာ့ ေစ်းပုိသက္သာတယ္။ ေသာင္းဂဏန္းေလာက္ပဲ ကုန္ပါမယ္။
၂။ ႏွစ္အေရအတြက္
လက္ေမာင္းထဲထည္႕တာက ၃ ႏွစ္ခံ၊ ၄ ႏွစ္ခံ၊ ၅ ႏွစ္ခံ စသျဖင့္ ရွိပါတယ္။ ၃ ႏွစ္ခံကေတာ့ တစ္ေခ်ာင္းတည္း၊ ၄ ႏွစ္နဲ႕ ၅ ႏွစ္ခံေတြကေတာ့ ႏွစ္ေခ်ာင္းကို အဂၤလိပ္အကၡရာ V ပံုစံ ထည္႕ရပါတယ္။ သားအိမ္ထဲထည္႕တာကေတာ့ ၅ႏွစ္ခံ ရွိသလို၊ ၁၀ ႏွစ္ခံလည္း ရွိတယ္။ ႏွစ္မ်ားမ်ား တားထားခ်င္တဲ့သူေတြဆို ၁၀ ႏွစ္ခံအထိ ေရြးလို႕ရပါတယ္။
၃။ ကေလးမေမြးဖူးေသးရင္
လက္ေမာင္းထဲထည္႕တာကေတာ့ ရွင္းပါတယ္၊ ကေလးမေမြးဖူးေသးလည္း ထည္႕လုိ႕ရတယ္။ သားအိမ္ထဲထည္႕တာကေတာ့ ဆရာ၀န္ေတြက မ်ားေသာအားျဖင့္ မထည္႕ေပးၾကဘူး။ ပထမအေၾကာင္းရင္းက မေတာ္တဆ ထည္႕ေနရင္းနဲ႕ ပုိး၀င္သြားရင္ လံုး၀ ကေလးမရေတာ့တာမ်ိဳး ျဖစ္မွာစုိးလို႕၊ ဒါေပမယ့္ ဒါက ေသခ်ာပိုးသတ္ထားတဲ့ ပစၥည္းေတြသံုးမယ္ဆုိ ျပႆနာမရွိဘူး။ ေနာက္အေၾကာင္းရင္းတစ္ခုကေတာ့ ထည္႕ရခက္လုိ႕။ ဒီေနာက္ပုိင္းမွာ ေပၚလာတဲ့ အကၡရာ T ပံုစံ၊ Y ပံုစံ ပစၥည္းေတြက အရြယ္အစားေသးလာတာမုိ႕ ကေလးမေမြးဖူးေသးေပမယ့္လည္း ထည္႕လုိ႕ရတယ္။ သက္ေသာင့္သက္သာ ရွိပါတယ္။ ဦးစားေပးေရြးခ်ယ္ရမယ္ မဟုတ္ေပမယ့္ က်န္တဲ့ ေဟာ္မုန္းပါတဲ့ သားဆက္ျခားနည္းေတြ သံုးဖုိ႔ ဘယ္လိုမွမျဖစ္ႏုိင္ဘူးဆုိတဲ့အခါမွာေတာ့ သားအိမ္ထဲထည္႕တာကိုလည္း ေရြးခ်ယ္လုိ႔ရတယ္ ဆုိတာေလး သိေစခ်င္တာပါ။
၄။ ထည္႔ဖုိ႕မသင့္ေတာ္တဲ့ အေျခအေနေတြ
လက္ေမာင္းထဲထည္႕တာက ေဟာ္မုန္းပါတာမို႕ ရင္သားကင္ဆာ၊ အသည္းေရာဂါ၊ Deep vein thrombosis လို႔ေခၚတဲ့ ေသြးျပန္ေၾကာမွာ ေသြးခဲပိတ္တဲ့ေရာဂါေတြမွာဆုိရင္ မသံုးသင့္ပါဘူး။ သားအိမ္ထဲထည္႕တဲ့ပစၥည္းကေတာ့ သားအိမ္ထဲမွာထည္႕မွာမို႕ သားအိမ္အေနအထားမမွန္တာ၊ သားအိမ္ႏွစ္ခြ ျဖစ္ေနတာ၊ သားအိမ္ေရာင္ရမ္းေနတာ၊ ကာလသားေရာဂါ ကူးစက္ခံထားရတာ၊ ကူးစက္ခံရႏုိင္ေခ်မ်ားတာ စတဲ့ အေျခအေနေတြမွာဆို သံုးလုိ႔မသင့္ေတာ္ပါဘူး။
၅။ ဓမၼတာေပၚျခင္း
လက္ေမာင္းထဲထည္႕တဲ့ပစၥည္းက ၃ လခံထုိးေဆးနဲ႕ အထဲမွာပါတဲ့ေဟာ္မုန္းခ်င္း တူပါတယ္။ ဒီေဟာ္မုန္းရဲ႕ အာနိသင္က မမ်ိဳးဥကို မေၾကြေအာင္ ပိတ္ေပးတဲ့အျပင္ သားအိမ္နံရံက အလႊာေတြကိုလည္း ထူမလာေအာင္ လုပ္ေပးတယ္။
တကယ္ေတာ့ ရာသီလာတယ္ဆုိတာက မိန္းကေလးတစ္ေယာက္ဟာ အပ်ိဳျဖစ္ျပီဆုိရင္ တစ္လကိုတစ္ခါ မမ်ိဳးဥေၾကြတယ္။ အဲဒီလို ေၾကြတာနဲ႕တစ္ျပိဳင္တည္းမွာ သားအိမ္နံရံကလည္း ထူထဲလာတယ္၊ ဘာလုိ႔ဆုိေတာ့ မမ်ိဳးဥနဲ႔ သုက္ပုိးနဲ႔ေပါင္းၿပီး သေႏၶမ်ားေအာင္သြားခဲ့ရင္ သားအိမ္မွာ သေႏၶတည္ႏုိ္င္ေအာင္လို႔။ တကယ္လု႔ိမ်ိဳး သုက္ပုိးနဲ႕ မမ်ိဳးဥနဲ႕ မေပါင္းလုိက္ရဘူးဆိုရင္ အဲဒီမမ်ိဳးသက ေသသြားတယ္္။ သေႏၶလည္း ေအာင္ေတာ့မွာ မဟုတ္တဲ့အတြက္ ခုနက ထူထဲထားတဲ့ သားအိမ္နံရံကလည္း ကြာက်လာတယ္။ အဲဒီလို ေသသြားတဲ့မမ်ိဳးဥနဲ႕ သားအိမ္နံရံက အလႊာေတြကြာက်လာတာကို ရာသီလာတယ္လို႔ ေခၚတယ္။
အခု သူက မမ်ိဳးဥကို မေၾကြေအာင္လုပ္ေပးတဲ့အျပင္ သားအိမ္နံရံကို ထူမလာေအာင္လည္း လုပ္ေပးလုိက္ေတာ့ ေအာက္ကုိ ဘာမွကြာက်လာစရာ မရွိေတာ့ဘူး။ ဒီေတာ့ ရာသီေသြးလည္း မဆင္းေတာ့ဘူးေပါ့။ ဆုိလိုတာက ေသြးမေပၚတာဟာ အထဲမွာ အပုပ္ေတြေအာင္း၊ အလံုးေတြတည္၊ ကင္ဆာၿဖစ္မွာမဟုတ္ဘူး၊ ေသြးအေနနဲ႔ ဆင္းလာစရာမရွိလို႔သာ ၿဖစ္တယ္ ဆိုတာေလး သိေစခ်င္ပါတယ္။ ဒါေၾကာင့္ ေသြးမေပၚတာ စိတ္ပူစရာ မလိုဘူး။ စိတ္ေအးလက္ေအး ေနလို႔ရတယ္။ ဒါေပမယ့္ ကၽြန္မက ေသြးေပၚမွၾကိဳက္တာ ဆုိရင္ေတာ့ ဒီနည္းလမ္းကို ေရြးခ်ယ္ဖို႕ အဆင္ေျပႏုိင္ပါ့မလားဆုိတာေလး ေသခ်ာစဥ္းစားေစခ်င္ပါတယ္။
သားအိမ္ထဲထည္႕တဲ့ပစၥည္းကေတာ့ မမ်ိဳးဥကို ဘာအေႏွာင့္အယွက္မွ မေပးဘူး။ သုက္ပုိးေတြကိုပဲ ဖ်က္ဆီးတယ္။ ဒါေၾကာင့္မို႕ ဒီပစၥည္းထည္႕မယ္ဆုိ ုတစ္လကိုတစ္ခါ ပံုမွန္ရာသီေပၚလိမ့္မယ္။ ခုနကေျပာသလို ရာသီေပၚမွ ေနလုိ႕ထုိင္လို႕ေကာင္းတာ ဆုိတဲ့ အမ်ိဳးသမီးေတြဆုိရင္ေတာ့ ဒီနည္းလမ္းကုိ ေရြးခ်ယ္ရင္ အဆင္ေျပႏုိင္ပါတယ္။
၆။ ေဘးထြက္ဆုိးက်ိဳး
သားဆက္ျခားနည္းအားလံုးမွာ အသံုးျပဳစမွာ ရာသီေသြးကေမာက္ကမျဖစ္တာေတြ ရွိႏုိိင္ပါတယ္။ လံုး၀မေပၚတာ၊ ႏွစ္ပတ္တစ္ခါေလာက္ လာတာ စသျဖင့္ ပံုမမွန္ျဖစ္ႏုိင္ျပီး ေနာက္ပုိင္းမွာေတာ့ အသားက်သြားပါလိမ့္မယ္။
လက္ေမာင္းထဲထည္႕တဲ့ပစၥည္းကေတာ့ ေဟာ္မုန္းပါတာမို႕ ေဟာ္မုန္းရဲ႕ေဘးထြက္ဆုိးက်ိဳးေတြ ခံစားရႏုိင္ပါတယ္။ ေခါင္းမူးတာ၊ ေခါင္းကုိက္တာ၊ ရင္သားေတြတင္းျပီးနာတာ၊ ကုိယ္အေလးခ်ိန္ အေျပာင္းအလဲျဖစ္တာ စသျဖင့္ ရွိပါတယ္။ တခ်ိဳ႕လည္း ရာသီမေပၚတာၾကာေတာ့ အသားမဲလာတယ္ ဆုိတာမ်ိဳးေတြလည္း ၾကံဳရပါတယ္။
သားအိမ္ထဲထည္႕မယ္ဆုိရင္ေတာ့ ဒီပစၥည္းက ေဟာ္မုန္းမပါတာေၾကာင့္ ေဟာ္မုန္းရဲ႕ေဘးထြက္ဆုိးက်ိဳးေတြ မခံစားရႏုိင္ဘူး။ ထည္႔ျပီးစမွာ ဗုိက္နည္းနည္းေအာင့္တာမ်ိဳး ရွိမယ္။ ေနာက္ပုိင္း ရာသီလာတဲ့အခါမွာ အရင္ကထက္ ရက္ပိုရွည္သြားတာ၊ ပမာဏပုိမ်ားလာတာ၊ နည္းနည္းပုိျပီး ေအာင့္တတ္တာဆုိတာမ်ိဳးေတြေတာ့ ျဖစ္ႏုိင္ပါတယ္။
ေဘးထြက္ဆုိးက်ိဳးေတြနဲ႕ ပတ္သက္လုိ႔ ေျပာခ်င္တာကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ တံု႕ျပန္မႈခ်င္း မတူႏုိင္ၾကဘူး ဆုိတာပါပဲ။ လက္ေမာင္းထဲထည္႕လုိ႕ တစ္ေယာက္က အဆင္ေျပေပမယ့္ ေနာက္တစ္ေယာက္က ေျပခ်င္မွေျပမယ္။ ဒီလုိပဲ သားအိမ္ထဲထည္႕လုိ႕ တစ္ေယာက္က ေသြးေတြတအားဆင္းျပီး အဆင္မေျပျဖစ္ေနေပမယ့္ ေနာက္တစ္ေယာက္က ေျပခ်င္ေျပေနမယ္။ ဒါေၾကာင့္မုိ႕ သူမ်ားလုပ္လို႔ ကုိယ္လုိက္လုပ္မယ္ဆုိတာထက္ ကုိယ့္နဲ႕သင့္ေတာ္တဲ့နည္းကိုသာ ေရြးေစခ်င္ပါတယ္။
ေနာက္တစ္ခုက ဒီေဘးထြက္ဆိုးက်ိဳးေတြက ျဖစ္ကုိျဖစ္ရမယ္လည္း မဟုတ္ပါဘူး။ ထိန္းလို႕ရပါတယ္။ ဥပမာ လက္ေမာင္းထဲပစၥည္းထည္႕လုိ႕ ၀ကို၀ရမယ္လုိ႔ ဘယ္သူကမွ မေျပာပါဘူး။ မ၀ခ်င္ရင္ ထိန္းလို႔ရတယ္၊ ေလ့က်င့္ခန္းလုပ္မယ္၊ အစားေလွ်ာ့မယ္ဆုိတာေတြ လုပ္ႏုိင္ပါတယ္။ ပစၥည္းေၾကာင့္ ၀တာထက္ အသက္အရြယ္၊ ခႏၶာကုိယ္ေျပာင္းလဲမႈေတြနဲ႕ အစားအေသာက္ပံုစံေၾကာင့္ အဓိက ၀ရတာပါ။ ဒီလုိပဲ၊ ေသြးေတြဆင္းလာတယ္ဆိုလည္း ေဆးခန္းျပန္ျပျပီး လုိအပ္တဲ့ေဆး ေသာက္လုိက္ရင္ အဆင္ေျပသြားႏုိင္ပါတယ္။ ဒါေၾကာင့္မို႕ အလြန္အကၽြံ မစိုးရိမ္ၾကဖုိ႔ ေျပာခ်င္ပါတယ္။
၇။ အေရးေပၚကုိယ္၀န္တားနည္း
လက္ေမာင္းထဲထည္႔တဲ့ပစၥည္းက လိင္မဆက္ဆံခင္ ၾကိဳတင္ျပီး အသံုးျပဳထားရတာမ်ိဳးျဖစ္ျပီး သားအိမ္ထဲထည္႕တဲ့ပစၥည္းမွာေတာ့ ထူးျခားခ်က္တစ္ခု ရွိပါတယ္။ အဲဒါက အေရးေပၚကုိယ္၀န္တားနည္းအေနနဲ႕လည္း အသံုးျပဳလုိ႔ရတယ္ ဆုိတာပါပဲ။ အကာအကြယ္မဲ့ ဆက္ဆံမိျပီး နာရီ ၁၂၀ အတြင္းမွာ ထည္႕မယ္ဆုိရင္ အေရးေပၚ ကုိယ္၀န္တားေပးတယ္။ ထည္႔ေပးမယ့္သူဆီ လာေနရဦးမွာမုိ႕ အေရးေပၚ ကုိယ္၀န္တားေဆးေတြေလာက္ေတာ့ သံုးရအဆင္မေျပေပမယ့္ အဲဒီေဆးေတြထက္ ပိုထိေရာက္တယ္။ အေရးေပၚတားျပီးသြားတဲ့ ေနာက္ပိုင္းမွာလည္း ပံုမွန္ကုိယ္၀န္တားတဲ့အေနနဲ႕ ဆက္ထည္႕ထားလိုက္လုိ႕ရပါတယ္။
၈။ ထည္႔ျပီးသြားတဲ့အခါ
လက္ေမာင္းထဲ ပစၥည္းထည္႔ျပီးသြားတဲ့အခါ ၃ ရက္ေလာက္ေတာ့ ပတ္တီးစည္းထားဖုိ႕ လုိပါတယ္။ အနာကပ္ခြာကိုေတာ့ ၅ ရက္ကပ္ထားရမယ္။ အဲဒီ ၅ ရက္အတြင္း ေရမစိုရဘူး။ ၅ ရက္ျပည္႕သြားလို႕ ကပ္ခြာ ခြာလုိက္တဲ့အခါ အနာမက်က္ေသးတာ၊ ျပည္တည္ေနတာေတြျဖစ္ရင္ေတာ့ ျပန္ျပရမယ္။ ဒါကလည္း ေရသာမထိမိဘူးဆုိရင္ မျဖစ္ႏုိင္သေလာက္ပဲ။ ေနာက္ပိုင္းမွာေတာ့ ေအးေအးေဆးေဆး ေနရံုပဲ၊ အေလးအပင္ မမရဘူးဆိုတာမ်ိဳးလည္း မရွိဘူး။
သားအိမ္ထဲပစၥည္းထည္႕တာကေတာ့ တစ္လကိုတစ္္ခါ ရာသီေပၚျပီးတုိင္းမွာ စမ္းၾကည္႕ရမယ္။ ဒါမွ ကုိ္ယ့္သားအိမ္ထဲ ပစၥည္းရွိမရွိ သိႏုိင္မွာ။ အထူးသျဖင့္ ထည္႕စ လေတြမွာေတာ့ သတိေလးထားျပီး စမ္းၾကည္႕ဖို႔လိုပါမယ္။ အရင္ကေတာ့ သားအိမ္ထဲထည္႕ျပီး အမ်ိဳးသားနဲ႕ ၇ ရက္ မဆက္ဆံဘဲ ေရွာင္ရမယ္ဆုိတာမ်ိဳး မွာတတ္ၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ မလုိအပ္ဘူးဆုိျပီး မေျပာေတာ့ပါဘူး။ မ်ားေသာအားျဖင့္ ထည္႔ေပးတဲ့ ဆရာ၀န္ေတြက ထည္႔ျပီး တစ္လျပည္႕တဲ့အခ်ိန္မွာ တစ္ေခါက္ျပန္လာျပဖို႔ေတာ့ ခ်ိန္းတတ္ၾကပါတယ္။ အဲဒီအတုိင္း ျပန္ျပျပီး စနစ္တက် စစ္ေဆးမႈခံယူႏုိင္မယ္ဆုိ အေကာင္းဆုံးပါပဲ။
အဓိကအက်ဆံုးကေတာ့ အမ်ိဳးသမီးေတြရဲ႕ စိတ္ခံစားခ်က္ပါပဲ။ လက္ေမာင္းထဲထည္႕တာက စမ္းလို႕လည္း လြယ္လြယ္ကူကူရတယ္၊ ျမင္လည္းျမင္ေနရတယ္၊ ဘယ္သူကမွလည္း နင္ေတာ့ လက္ေမာင္းကင္ဆာ ျဖစ္မယ္ဆုိတာမ်ိဳး လာမေျပာဘူး။ သားအိမ္ထဲက်ေတာ့ မတူဘူး။ ျမင္လည္းျမင္မေနရဘူး၊ စမ္းဖုိ႕ကလည္း ခက္တယ္။ ဒီၾကားထဲမွာ သားအိမ္ကင္ဆာျဖစ္မယ္တုိ႕၊ အနာျဖစ္မယ္တုိ႕ ဆုိတဲ့ေကာလဟာလေတြကလည္း ၾကားရေသးတယ္။ ဒီေတာ့ အမ်ိဳးသမီးေတြအေနနဲ႕ ပစၥည္းထည္႕ျပီးသြားလို႔ အစာအိမ္ေအာင့္လည္း ဒါေၾကာင့္၊ ေခါင္းကုိုက္လည္း ဒါေၾကာင့္၊ ၀လာလည္း ဒါေၾကာင့္ ဆုိျပီး အစိုးရိမ္လြန္တတ္ၾကတယ္။ တကယ္ေတာ့ ဒီပစၥည္းက သားအိမ္ထဲမွာပဲ အလုပ္လုပ္တယ္၊ သားအိမ္နဲ႕ ေမြးလမ္းေၾကာင္းမဟုတ္တဲ့ တျခားေနရာမွာ ေရာဂါရွိေနလို႔ သူ႕ကိုသံုးလို႔မရဘူး ဆုိတာမ်ိဳး မရွိသလို၊ သူ႕ကိုထည္႕လိုက္လုိ႕ တျခားတစ္ေနရာမွာ ေရာဂါသြားျဖစ္တယ္ဆုိတာမ်ိဳးလည္း မရွိဘူး။ ဒါေပမယ့္လည္း ပစၥည္းထည္႕ထားတဲ့ အမ်ိဳးသမီးေတြက အေၾကာက္လြန္ေနၾကတဲ့အခါမွာ ခႏၶာကုိယ္မွာ ဘာျဖစ္ျဖစ္ ဒီပစၥည္းေၾကာင့္လို႔ပဲ ထင္တယ္၊ ျပန္ထုတ္မယ္လုပ္တယ္၊ ဒီေတာ့ ကုိယ္နဲ႕ အဆင္မေျပတဲ့ ေဟာ္မုန္းပါတဲ့ကုိယ္၀န္တားနည္းေတြ ျပန္သံုးရတယ္။ ဒါေၾကာင့္မုိ႕ မလုိအပ္တာေတြကို စိုးရိမ္မေနဘဲ ကုိယ္နဲ႕သင့္ေတာ္တဲ့ ကုိယ္၀န္တားနည္းကို ေရြးခ်ယ္ႏုိင္ဖုိ႔ သိပ္အေရးၾကီးပါတယ္။
ေျပာခဲ့ျပီးသမွ် အႏွစ္ျပန္ခ်ဳပ္ရရင္ေတာ့ နည္းလမ္းႏွစ္ခုလံုးမွာ အားသာခ်က္၊ အားနည္းခ်က္ကုိယ္စီ ရွိၾကပါတယ္။ ဘယ္နည္းလမ္းက ပုိေကာင္းတယ္ရယ္လုိ႔ မဟုတ္ဘဲ ကုိယ္နဲ႕သင့္ေတာ္မယ့္နည္းလမ္းကုိ ကၽြမ္းက်င္တဲ့ဆရာ၀န္၊ ဆရာမနဲ႕ အေသးစိတ္ေဆြးေႏြးေမးျမန္းတုိင္ပင္ျပီး ေရြးခ်ယ္ႏုိင္ၾကဖုိ႔ပဲ လုိပါတယ္။