All Articlesမျိုးဆက်ပွားကျန်းမာရေး

အမျိုးသမီးများမှာဆီးစပ်အောင့်ခြင်း

1 Mins read

အမျိုးသမီးများမှာဆီးစပ်အောင့်ခြင်း

နာကျင်တာ၊ အောင့်တာတွေဟာ လူ့ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေးဖြစ်နိုင်ပါတယ်။ နာကျင်တာတွေအကုန်လုံးကို တိတိကျကျရောဂါသတ်မှတ်နိုင်အောင်၊ သေချာညွှန်ပြနိုင်အောင် ခန္ဓာကိုယ်ကို ခန္ဓာဗေဒမှာခွဲ ခြားထားပါတယ်။ လူ့ဝမ်းဗိုက်ကိုလည်း နေရာကိုးခုခွဲခြားထားပါတယ်။ ဗိုက်အောင့်တယ်ဆိုရင် ဘယ်နားကအောင့်တာလည်းလို့ မေးမြန်းတာတွေ့ဖူးကြုံဖူးကြမှာပါ။ အဆိုပါမေးခွန်းအတွက်အဖြေကိုလိုက်ပြီး ဘယ်နားမှာတော့ ဘာရောဂါဖြစ်နေနိုင်တယ်ဆိုပြီး ရောဂါအမည်တပ်ပြီးကုသမှုပေးရပါတယ်။ အဆိုပါနေရာတွေထဲမှာဆီးစပ်ကလည်းတစ်နေရာပါပါတယ်။ ဒါ့အပြင်ဆီးစပ်ကိုက်တာအောင့်တာကလည်း အရေးကြီးပါတယ်။

အမျိုးသမီးတွေမှာ ဆီးစပ်အောင့်ရင် တစ်ခါတစ်လေပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်နိုင်ပါတယ်။ လေထိုးလို့အောင်တာ၊ အစာမကျေတာစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီးခဏနေတာနဲ့ပျောက်သွားနိုင်ပါတယ်။ နောက်ထပ်ဖြစ်လေ့ရှိတာကတော့ သားဥကြွေတာနဲ့ ရာသီလာစဉ်မှာအောင့်တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်တွေကြောင့်အောင့်တာကတော့ တစ်ဦးနဲ့တစ်ဦးတူချင်မှတူပါလိမ့်မယ်။ အချို့က လစဉ်လတိုင်းအောင့်ပြီးအချို့ကတော့ တစ်ခါတစ်လေမှအောင့်တတ်ပါတယ်။ အချို့ကတော့မျိုးဥကြွေချိန်မှအောင့်ပြီး အချို့ကတောရာသီလာနေချိန်မှာအောင့်တတ်ပါတယ်။ ဗိုက်အောင့်တဲ့နေရာကလည်း ဆီးစပ်မှာအောင့်သလို ချက်တည့်တည့်ကအောင့်တာ၊ ဆီးစပ်ရဲ့ဘယ်ညာမှာအောင့်တာ၊ ဗိုက်တစ်ပြင်လုံးအောင့်တာတွေလည်းရှိနိုင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တာကတော့ သားအိမ်မှာအလုံးတည်တာဖြစ်နိုင်ပါတယ်။ သားအိမ်မှာအလုံးတည်လာရင်ဆီးစပ်အောင့်တာအပြင် ရာသီလာတဲ့ပုံစံလည်းပြောင်းလဲလာပါတယ်။ နဂိုကရာသီလာရင် 3-5ရက်သာကြာပေမယ့် နောက်ပိုင်းမှာရာသီလာတာပိုကြာလာတာ၊ ပမာဏပိုများလာတာ၊ရာသီလာနေကြတိုင်းလုံးဝမနာမကျင်ခဲ့ပေမယ့်နောက်ပိုင်းမှနာလာတာတွေနဲ့ ယှဉ်တွဲနေနိုင်ပါတယ်။ endometriosisလို့ခေါ်တဲ့ရောဂါတစ်မျိုးကြောင့်လည်း ဆီးစပ်နာနိုင်ပါသေးတယ်။ အဆိုပါရောဂါကတော့ သားအိမ်ရဲ့tissueတွေဟာ သားအိမ်ထဲမှာရှိနေတဲ့အပြင် အခြားနေရာတွေမှာရောက်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။
ဥပမာ အူလမ်းကြောင်းမှာရှိနေရင် ရာသီလာရင်စအိုကသွေးထွက်တာမျိူးနဲ့တွဲနေနိုင်ပါတယ်။

သားဥအိမ်မှာအရေအိတ်တည်တာ၊ သားဥအိမ်ကင်ဆာတွေမှာလည်း ဆီးစပ်အောင့်နိုင်ပါတယ်။ အဆိုပါရောဂါတွေမှာတော့ ရာသီလာတဲ့အပေါ်သက်ရောက်နိုင်တဲ့အပြင် ဗိုက်မှာအလုံးအကြိတ်တွေစမ်းမိတာ၊ ပိန်လာတာတွေနဲ့တွဲနေနိုင်ပါတယ်။ ဆီးလမ်းကြောင်ပိုးဝင်တာကလည်း ဆီးစပ်အောင့်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ချမ်းတုန်ပြီးဖျားတာ၊ ဆီးပူဆီးကျဉ်တာ၊ ဆီးသွားရမကောင်းတာတွေနဲ့ တွဲပြီးရောဂါပြနိုင်ပါတယ်။
အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ကတော့ နေရာမှာပြီးကိုယ်ဝန်တည်ရာကနေဆီးစပ်အောင့်လာနိုင်သလို အဆိုပါကိုယ်ဝန်ပျက်ရင်လည်း အောင့်နိုင်ပါတယ်။ ဗိုက်အရမ်းအောင့်လာတာ၊ သွေးတွေအများကြီးဆင်းတာ၊ ဖြူဖတ်ဖြူရော်ဖြစ်ပြီးသတိလစ်သွားတာ၊ ခြေဖျားလက်ဖျားတွေအေးစက်လာတာ၊ ဆီးလုံးဝမထွက်တော့တာ၊ ဆီးသွားနည်းတာတွေဟာ။ အဆိုပါရောဂါနဲ့ကိုက်ညီနေနိုင်ပါတယ်။

အမျိုးသားအမျိုးသမီးခွဲခြားမထားပဲ ဆီးစပ်အောင့်နိုင်တာတွေလည်းရှိပါတယ်။ အူအတက်ရောင်တာ၊ ဝမ်းချုပ်တာကြောင့်လည်းအောင့်နိုင်ပါတယ်။ အူအတက်ရောင်ရင်တော့ဖျားတာနဲ့ပါတွဲနိုင်ပြီး ဝမ်းချုပ်နေတယ်ဆိုရင်တော့ ဝမ်းပျော့အောင်လုပ်တာနဲ့ပျောက်သွားနိူင်ပါတယ်။ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကလည်း ဆီးစပ်အောင့်နိုင်ပါတယ်။ အူလမ်းကြောင်းမှာရောင်တဲ့ရောဂါတွေ၊ အူမကြီးကင်ဆာတွေစတာတွေမှာလဘယည်း ဆီးစပ်အောင့်နိုင် ပါတယ်။ ဝမ်းကိုက်ရင်လည်းအောင့်လေ့အောင့်ထရှိသလို ကေိာက်ကပ်မှာကျောက်တည်တာ၊ဆီးလမ်းကြောင်းမှာကျောက်တည်တာတွေကလည်း ဆီးစပ်အောင့်စေပါတယ်။

ဆီးစပ်အောင့်ပြီဆိုတာနဲ့ရောဂါတွေဖြစ်နေပြီလားလို့ တန်းပြီးစဉ်းစားလို့မရသလို ပျောက်သွားမှာပါဆိုပြီးလည်းစဉ်းစားလို့မရပါဘူး။ မိမိရဲ့အခြေအနေကိုတွက်ဆပြီးသတိထားနေရပါမယ်။ မူမမှန်တာတွေ့တာနဲ့တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး ထိထိရောက်ရောက်ကုသမှ ရောဂါကျွမ်းခြင်းကိုရှောင်ကြဉ်နိုင်မှာဖြစ်ပါတယ်။

Dr. ZZ

အမ်ဳိးသမီးမ်ားမွာဆီးစပ္ေအာင့္ျခင္း

နာက်င္တာ၊ ေအာင့္တာေတြဟာ လူ႕ခႏၶာကိုယ္တစ္ခုလံုး ေနရာမေရြးျဖစ္ႏိုင္ပါတယ္။ နာက်င္တာေတြအကုန္လံုးကို တိတိက်က်ေရာဂါသတ္မွတ္ႏိုင္ေအာင္၊ ေသခ်ာၫႊန္ျပႏိုင္ေအာင္ ခႏၶာကိုယ္ကို ခႏၶာေဗဒမွာခဲြ ျခားထားပါတယ္။ လူ႕ဝမ္းဗိုက္ကိုလည္း ေနရာကိုးခုခြဲျခားထားပါတယ္။ ဗိုက္ေအာင့္တယ္ဆိုရင္ ဘယ္နားကေအာင့္တာလည္းလို႔ ေမးျမန္းတာေတြ႕ဖူးႀကံဳဖူးၾကမွာပါ။ အဆိုပါေမးခြန္းအတြက္အေျဖကိုလိုက္ၿပီး ဘယ္နားမွာေတာ့ ဘာေရာဂါျဖစ္ေနႏိုင္တယ္ဆိုၿပီး ေရာဂါအမည္တပ္ၿပီးကုသမႈေပးရပါတယ္။ အဆိုပါေနရာေတြထဲမွာဆီးစပ္ကလည္းတစ္ေနရာပါပါတယ္။ ဒါ့အျပင္ဆီးစပ္ကိုက္တာေအာင့္တာကလည္း အေရးႀကီးပါတယ္။

အမ်ဳိးသမီးေတြမွာ ဆီးစပ္ေအာင့္ရင္ တစ္ခါတစ္ေလပံုမွန္ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ႏိုင္ပါတယ္။ ေလထိုးလို႔ေအာင္တာ၊ အစာမေက်တာစတာေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္။ သာမန္ျဖစ္႐ိုးျဖစ္စဥ္ျဖစ္ၿပီးခဏေနတာနဲ႔ေပ်ာက္သြားႏိုင္ပါတယ္။ ေနာက္ထပ္ျဖစ္ေလ့ရိွတာကေတာ့ သားဥေႂကြတာနဲ႔ ရာသီလာစဥ္မွာေအာင့္တာျဖစ္ပါတယ္။ အဆိုပါျဖစ္စဥ္ေတြေၾကာင့္ေအာင့္တာကေတာ့ တစ္ဦးနဲ႔တစ္ဦးတူခ်င္မွတူပါလိမ့္မယ္။ အခ်ဳိ႕က လစဥ္လတိုင္းေအာင့္ၿပီးအခ်ဳိ႕ကေတာ့ တစ္ခါတစ္ေလမွေအာင့္တတ္ပါတယ္။ အခ်ဳိ႕ကေတာ့မ်ဳိးဥေႂကြခ်ိန္မွေအာင့္ၿပီး အခ်ဳိ႕ကေတာရာသီလာေနခ်ိန္မွာေအာင့္တတ္ပါတယ္။ ဗိုက္ေအာင့္တဲ့ေနရာကလည္း ဆီးစပ္မွာေအာင့္သလို ခ်က္တည့္တည့္ကေအာင့္တာ၊ ဆီးစပ္ရဲ႕ဘယ္ညာမွာေအာင့္တာ၊ ဗိုက္တစ္ျပင္လံုးေအာင့္တာေတြလည္းရိွႏိုင္ပါတယ္။

ေနာက္ထပ္ျဖစ္ႏိုင္တာကေတာ့ သားအိမ္မွာအလံုးတည္တာျဖစ္ႏိုင္ပါတယ္။ သားအိမ္မွာအလံုးတည္လာရင္ဆီးစပ္ေအာင့္တာအျပင္ ရာသီလာတဲ့ပံုစံလည္းေျပာင္းလဲလာပါတယ္။ နဂိုကရာသီလာရင္ 3-5ရက္သာၾကာေပမယ့္ ေနာက္ပိုင္းမွာရာသီလာတာပိုၾကာလာတာ၊ ပမာဏပိုမ်ားလာတာ၊ရာသီလာေနၾကတိုင္းလံုးဝမနာမက်င္ခဲ့ေပမယ့္ေနာက္ပိုင္းမွနာလာတာေတြနဲ့ ယွဉ္တြဲေနႏိုင္ပါတယ္။ endometriosisလို႔ေခၚတဲ့ေရာဂါတစ္မ်ဳိးေၾကာင့္လည္း ဆီးစပ္နာႏိုင္ပါေသးတယ္။ အဆိုပါေရာဂါကေတာ့ သားအိမ္ရဲ႕tissueေတြဟာ သားအိမ္ထဲမွာရိွေနတဲ့အျပင္ အျခားေနရာေတြမွာေရာက္ေနတဲ့အေျခအေနမ်ဳိးျဖစ္ပါတယ္။
ဥပမာ အူလမ္းေၾကာင္းမွာရိွေနရင္ ရာသီလာရင္စအိုကေသြးထြက္တာမ်ဴိးနဲ႔တြဲေနႏိုင္ပါတယ္။

သားဥအိမ္မွာအေရအိတ္တည္တာ၊ သားဥအိမ္ကင္ဆာေတြမွာလည္း ဆီးစပ္ေအာင့္ႏိုင္ပါတယ္။ အဆိုပါေရာဂါေတြမွာေတာ့ ရာသီလာတဲ့အေပၚသက္ေရာက္ႏိုင္တဲ့အျပင္ ဗိုက္မွာအလံုးအႀကိတ္ေတြစမ္းမိတာ၊ ပိန္လာတာေတြနဲ႔တြဲေနႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္ပိုးဝင္တာကလည္း ဆီးစပ္ေအာင့္ေစတဲ့အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ခ်မ္းတုန္ၿပီးဖ်ားတာ၊ ဆီးပူဆီးက်ဥ္တာ၊ ဆီးသြားရမေကာင္းတာေတြနဲ႔ တြဲၿပီးေရာဂါျပႏိုင္ပါတယ္။
အိမ္ေထာင္သည္အမ်ဳိးသမီးေတြအေနနဲ႔ကေတာ့ ေနရာမွာၿပီးကိုယ္ဝန္တည္ရာကေနဆီးစပ္ေအာင့္လာႏိုင္သလို အဆိုပါကိုယ္ဝန္ပ်က္ရင္လည္း ေအာင့္ႏိုင္ပါတယ္။ ဗိုက္အရမ္းေအာင့္လာတာ၊ ေသြးေတြအမ်ားႀကီးဆင္းတာ၊ ျဖဴဖတ္ျဖဴေရာ္ျဖစ္ၿပီးသတိလစ္သြားတာ၊ ေျခဖ်ားလက္ဖ်ားေတြေအးစက္လာတာ၊ ဆီးလံုးဝမထြက္ေတာ့တာ၊ ဆီးသြားနည္းတာေတြဟာ။ အဆိုပါေရာဂါနဲ႔ကိုက္ညီေနႏိုင္ပါတယ္။

အမ်ဳိးသားအမ်ဳိးသမီးခြဲျခားမထားပဲ ဆီးစပ္ေအာင့္ႏိုင္တာေတြလည္းရိွပါတယ္။ အူအတက္ေရာင္တာ၊ ဝမ္းခ်ဳပ္တာေၾကာင့္လည္းေအာင့္ႏိုင္ပါတယ္။ အူအတက္ေရာင္ရင္ေတာ့ဖ်ားတာနဲ႔ပါတြဲႏိုင္ၿပီး ဝမ္းခ်ဳပ္ေနတယ္ဆိုရင္ေတာ့ ဝမ္းေပ်ာ့ေအာင္လုပ္တာနဲ႔ေပ်ာက္သြားႏိူင္ပါတယ္။ အူလမ္းေၾကာင္းဆိုင္ရာေရာဂါေတြကလည္း ဆီးစပ္ေအာင့္ႏိုင္ပါတယ္။ အူလမ္းေၾကာင္းမွာေရာင္တဲ့ေရာဂါေတြ၊ အူမႀကီးကင္ဆာေတြစတာေတြမွာလဘယည္း ဆီးစပ္ေအာင့္ႏိုင္ ပါတယ္။ ဝမ္းကိုက္ရင္လည္းေအာင့္ေလ့ေအာင့္ထရိွသလို ေကိာက္ကပ္မွာေက်ာက္တည္တာ၊ဆီးလမ္းေၾကာင္းမွာေက်ာက္တည္တာေတြကလည္း ဆီးစပ္ေအာင့္ေစပါတယ္။

ဆီးစပ္ေအာင့္ၿပီဆိုတာနဲ႔ေရာဂါေတြျဖစ္ေနၿပီလားလို႔ တန္းၿပီးစဥ္းစားလို႔မရသလို ေပ်ာက္သြားမွာပါဆိုၿပီးလည္းစဥ္းစားလို႔မရပါဘူး။ မိမိရဲ႕အေျခအေနကိုတြက္ဆၿပီးသတိထားေနရပါမယ္။ မူမမွန္တာေတြ႕တာနဲ႔တတ္ကြၽမ္းသူေတြနဲ႔တိုင္ပင္ၿပီး ထိထိေရာက္ေရာက္ကုသမွ ေရာဂါကြၽမ္းျခင္းကိုေရွာင္ၾကဥ္ႏိုင္မွာျဖစ္ပါတယ္။

Dr. ZZ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *