သားအိမ်ဆိုသည်မှာ သစ်တော်သီးပုံသဏ္ဍန်ရှိပြီး အမျိုးသမီးများ၏ တင်ပဆုံတွင်းတည်ရှိနေသော မျိုးပွားအင်္ရါတစ်ခုပဲဖြစ်ပါတယ် ။ အခေါင်းပေါက်ရှိပြီး ထူထဲသော နံရံများက ဖုံးအုပ်ပေးထားပါတယ် ။ သားအိမ်ရဲ့ အောက်ပိုင်း သုံးပုံတစ်ပုံဟာ မိန်းမကိုယ်နဲ့ တစ်ဆက်တည်းရှိနေပါတယ် ။ ထိပ်ပိုင်းမှာတော့ ဥပြွန်နှစ်ခုဟာ ဘယ်ဘယ်နဲ့ညာဘက်မှာရှိနေပြီး သားဥအိမ်နဲ့ချိတ်ဆက်ထားပါတယ် ။

သားအိမ်ကို ကြွက်သားကဲ့သို့အရွတ်လေးခုဖြင့် ထိန်းထားပါတယ် ။သားအိမ်ဟာ ပုံမှန်အားဖြင့် ဆီးအိမ်အပေါ်ကို မှီပြီး ရှေ့ဘက်သို့ ကိုင်းနေတတ်ပါတယ် ။ တချို့သော အမျိုးသမီးတွေမှာ တော့ သားအိမ်ဟာ လိမ်နေသကဲ့သို့ရှိပြီး နောက်ဖက်သို့ မှီနေသည့်အနေအထားတွေ့ရပါတယ် ။ ဒါကြောင့် ဆီးအိမ်အပေါ်မှာရှိမနေဘဲ စအိုအပေါ် အနောက်ဘက်မှာတွေ့ရမှာပါ ။

ဒါကို မူမမှန်သော သားအိမ်လို့ပြောရန်ခက်ခဲပါတယ် ။ ဘာကြောင့်လဲဆိုတော့ ပုံသဏ္ဍန်ကွဲလွဲခြင်းသာဖြစ်ပြီးကျန်သော သားအိမ်အစိတ်အပိုင်း လုပ်ဆောင်မှုအားလုံးဟာ အတူတူပဲဖြစ်နေလို့ဖြစ်ပါတယ် ။ ဒီလို သားအိမ်မျိုးအနေဖြင့် ပြသနာဖြစ်လေ့မရှိသော်လည်း တချို့အမျိုးသမီးများတွင် လိင်ဆက်ဆံစဉ် နာကျင်ခြင်းကဲ့သို့ ဆိုးဝါးသော အခြေအနေများ ကြုံနိုင်ပါတယ် ။

ဒီလိုနောက်ပြန်ရှိနေတဲ့ သားအိမ်ဟာ မွေးကတည်းကဖြစ်လာပြီး တခြားဖြစ်စေတဲ့အကြောင်းရင်းများအနေနဲ့ တင်ပဆုံတွင်းရောဂါများရှိခြင်း ၊ ခွဲစိတ်ပြီး အမာရွတ်မှ အလေးချိန်ဖြင့် နောက်ကို ဆွဲထားခြင်း ပြုတ်ကျခြင်း ချော်လဲခြင်းတို့ကြောင့် ဖြစ်စေနိုင်ပါတယ် ။

ဒီလို သားအိမ်ဟာ နောက်ပြန်ရှိနေပြီး တခြားရောဂါတစ်ခုခုနဲ့ တွဲရှိနေသောအခါမျိုးတွင်

* လိင်ဆက်ဆံစဉ် နာကျင်ခြင်း

* လိင်ဆက်ဆံရာတွင် အပေါ်မှ နေသောအခါ သက်တောင့်သက်သာမရှိခြင်း

* ရာသီလာစဉ် နာကျင်ခြင်း

* ခါးနာခြင်း

* ဆီးပိုးမကြာခဏဝင်ခြင်း

* ကိုယ်ဝန်ပျက်ကျခြင်း

* အစောပိုင်းကိုယ်ဝန်အရွယ်အစားသည် ရှိသင့်သည်ထက် ကြီးမားနေခြင်း

တို့ဖြစ်နိုင်ပါတယ် ။

ဒါကြောင့် လိင်ပိုင်းဆိုင်ရာပြသနာများရှိလာနိုင်ပြီး အိမ်ထောင်ရေးအဆင်မပြေမှုများ ဆက်ဆံမှုများကြုံတွေ့ရနိုင်ပါတယ် ။

ထို့အပြင် သားဆက်ခြားရာမှာ အသုံးပြုတဲ့ IUCD ကဲ့သို့ သားအိမ်တွင်းပစ္စည်းထည့်တဲ့အခါ မွေးလမ်းကြောင်းကနေခွဲစိတ်မှုများ လုပ်ရတဲ့အခါမျိုးတွေမှာလဲ အခက်တွေ့နိုင်ပါတယ် ။

ကိုယ်ဝန်ဆောင်စဉ် ကာလများမှာတော့ အများအားဖြင့် အခက်အခဲတွေ့လေ့မရှိပါ ။ ပထမ သုံးလကြာအပြီး ကျယ်ပြန့်လာတဲ့ သားအိမ်ဟာ တင်ပဆုံအတွင်းမှ ကြွတက်လာသည့်အတွက် ပုံမှန်သားအိမ်များကဲ့သို့ ရှေ့ကိုင်းသည့်အနေအထားဖြင့် မွေးဖွားပြီးသည့်အထိ ရှိသွားနိုင်ပါတယ် ။ တချို့အနည်းစုတွင် သားအိမ်ကြီးထွားမှုဟာ တင်ပဆုံအတွင်း ရှိနေပြီး တင်ပဆုံရိုးနဲ့ညပ်နေတတ်ပါတယ် ။ ဒီလိုမျိုး ဖြစ်လာရင်တော့ ၁၂ ပတ်ကနေ ၁၄ ပတ်အချိန်တွေမှာ နာကျင်မှု ဆီးသွားရန် ခက်ခဲမှုတို့ကို ကြုံတွေ့ရနိုင်ပါတယ် ။

ဒီလို နောက်ပြန်ရှိနေတဲ့ သားအိမ်မျိုးရှိမရှိ ရိုးရိုးစမ်းသပ်ရုံဖြင့် ခွဲခြားရန် မလွယ်ကူပါ ။ 3D ultra sound , MRI တို့အသုံးပြုပြီး သိရှိနိုင်ပါတယ် ။

ကုသရန် နည်းလမ်းများအနေဖြင့် တခြားရောဂါအခြေအနေမရှိပါက ဆရာဝန်ညွှန်ကြားသည့် လေ့ကျင့်ခန်းလုပ်ပေးခြင်း ၊ ခွဲစိတ်ခြင်း အစရှိသည်တို့ဖြင့် ကုသနိုင်ပါတယ် ။

အားလုံး ကျန်းမာကြပါစေ

ဒေါက်ပီ

သားအိမ္ဆိုသည္မွာ သစ္ေတာ္သီးပံုသ႑န္ရွိၿပီး အမ်ဳိးသမီးမ်ား၏ တင္ပဆံုတြင္းတည္ရွိေနေသာ မ်ဳိးပြားအရၤါတစ္ခုပဲျဖစ္ပါတယ္ ။ အေခါင္းေပါက္ရွိၿပီး ထူထဲေသာ နံရံမ်ားက ဖံုးအုပ္ေပးထားပါတယ္ ။ သားအိမ္ရဲ႕ ေအာက္ပိုင္း သံုးပံုတစ္ပံုဟာ မိန္းမကိုယ္နဲ႔ တစ္ဆက္တည္းရွိေနပါတယ္ ။ ထိပ္ပိုင္းမွာေတာ့ ဥႁပြန္ႏွစ္ခုဟာ ဘယ္ဘယ္နဲ႔ညာဘက္မွာရွိေနၿပီး သားဥအိမ္နဲ႔ခ်ိတ္ဆက္ထားပါတယ္ ။

သားအိမ္ကို ႂကြက္သားက့ဲသို႔အရြတ္ေလးခုျဖင့္ ထိန္းထားပါတယ္ ။သားအိမ္ဟာ ပံုမွန္အားျဖင့္ ဆီးအိမ္အေပၚကို မွီၿပီး ေရွ႕ဘက္သို႔ ကိုင္းေနတတ္ပါတယ္ ။ တခ်ဳိ႕ေသာ အမ်ဳိးသမီးေတြမွာ ေတာ့ သားအိမ္ဟာ လိမ္ေနသက့ဲသို႔ရွိၿပီး ေနာက္ဖက္သို႔ မွီေနသည့္အေနအထားေတြ႕ရပါတယ္ ။ ဒါေၾကာင့္ ဆီးအိမ္အေပၚမွာရွိမေနဘဲ စအိုအေပၚ အေနာက္ဘက္မွာေတြ႕ရမွာပါ ။

ဒါကို မူမမွန္ေသာ သားအိမ္လို႔ေျပာရန္ခက္ခဲပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ ပံုသ႑န္ကြဲလြဲျခင္းသာျဖစ္ၿပီးက်န္ေသာ သားအိမ္အစိတ္အပိုင္း လုပ္ေဆာင္မႈအားလံုးဟာ အတူတူပဲျဖစ္ေနလို႔ျဖစ္ပါတယ္ ။ ဒီလို သားအိမ္မ်ဳိးအေနျဖင့္ ျပသနာျဖစ္ေလ့မရွိေသာ္လည္း တခ်ဳိ့အမ်ဳိးသမီးမ်ားတြင္ လိင္ဆက္ဆံစဥ္ နာက်င္ျခင္းက့ဲသို႔ ဆိုးဝါးေသာ အေျခအေနမ်ား ၾကံဳႏိုင္ပါတယ္ ။

ဒီလိုေနာက္ျပန္ရွိေနတ့ဲ သားအိမ္ဟာ ေမြးကတည္းကျဖစ္လာၿပီး တျခားျဖစ္ေစတ့ဲအေၾကာင္းရင္းမ်ားအေနနဲ႔ တင္ပဆံုတြင္းေရာဂါမ်ားရွိျခင္း ၊ ခြဲစိတ္ၿပီး အမာရြတ္မွ အေလးခ်ိန္ျဖင့္ ေနာက္ကို ဆြဲထားျခင္း ျပဳတ္က်ျခင္း ေခ်ာ္လဲျခင္းတို႔ေၾကာင့္ ျဖစ္ေစႏိုင္ပါတယ္ ။

ဒီလို သားအိမ္ဟာ ေနာက္ျပန္ရွိေနၿပီး တျခားေရာဂါတစ္ခုခုနဲ႔ တြဲရွိေနေသာအခါမ်ဳိးတြင္

* လိင္ဆက္ဆံစဥ္ နာက်င္ျခင္း

* လိင္ဆက္ဆံရာတြင္ အေပၚမွ ေနေသာအခါ သက္ေတာင့္သက္သာမရွိျခင္း

* ရာသီလာစဥ္ နာက်င္ျခင္း

* ခါးနာျခင္း

* ဆီးပိုးမၾကာခဏဝင္ျခင္း

* ကိုယ္ဝန္ပ်က္က်ျခင္း

* အေစာပိုင္းကိုယ္ဝန္အရြယ္အစားသည္ ရွိသင့္သည္ထက္ ႀကီးမားေနျခင္း

တို႔ျဖစ္ႏိုင္ပါတယ္ ။

ဒါေၾကာင့္ လိင္ပိုင္းဆိုင္ရာျပသနာမ်ားရွိလာႏိုင္ၿပီး အိမ္ေထာင္ေရးအဆင္မေျပမႈမ်ား ဆက္ဆံမႈမ်ားၾကံဳေတြ႕ရႏိုင္ပါတယ္ ။

ထို႔အျပင္ သားဆက္ျခားရာမွာ အသံုးျပဳတ့ဲ IUCD က့ဲသို႔ သားအိမ္တြင္းပစၥည္းထည့္တဲ့အခါ ေမြးလမ္းေၾကာင္းကေနခြဲစိတ္မႈမ်ား လုပ္ရတ့ဲအခါမ်ဳိးေတြမွာလဲ အခက္ေတြ႕ႏိုင္ပါတယ္ ။

ကိုယ္ဝန္ေဆာင္စဥ္ ကာလမ်ားမွာေတာ့ အမ်ားအားျဖင့္ အခက္အခဲေတြ႕ေလ့မရွိပါ ။ ပထမ သံုးလၾကာအၿပီး က်ယ္ျပန္႔လာတ့ဲ သားအိမ္ဟာ တင္ပဆံုအတြင္းမွ ႂကြတက္လာသည့္အတြက္ ပံုမွန္သားအိမ္မ်ားက့ဲသို႔ ေရွ႕ကိုင္းသည့္အေနအထားျဖင့္ ေမြးဖြားၿပီးသည့္အထိ ရွိသြားႏိုင္ပါတယ္ ။ တခ်ဳိ႕အနည္းစုတြင္ သားအိမ္ႀကီးထြားမႈဟာ တင္ပဆံုအတြင္း ရွိေနၿပီး တင္ပဆံု႐ိုးနဲ႔ညပ္ေနတတ္ပါတယ္ ။ ဒီလိုမ်ဳိး ျဖစ္လာရင္ေတာ့ ၁၂ ပတ္ကေန ၁၄ ပတ္အခ်ိန္ေတြမွာ နာက်င္မႈ ဆီးသြားရန္ ခက္ခဲမႈတို႔ကို ၾကံဳေတြ႕ရႏိုင္ပါတယ္ ။

ဒီလို ေနာက္ျပန္ရွိေနတ့ဲ သားအိမ္မ်ဳိးရွိမရွိ ႐ိုး႐ိုးစမ္းသပ္ရံုျဖင့္ ခြဲျခားရန္ မလြယ္ကူပါ ။ 3D ultra sound , MRI တို႔အသံုးျပဳၿပီး သိရွိႏိုင္ပါတယ္ ။

ကုသရန္ နည္းလမ္းမ်ားအေနျဖင့္ တျခားေရာဂါအေျခအေနမရွိပါက ဆရာဝန္ၫႊန္ၾကားသည့္ ေလ့က်င့္ခန္းလုပ္ေပးျခင္း ၊ ခြဲစိတ္ျခင္း အစရွိသည္တို႔ျဖင့္ ကုသႏိုင္ပါတယ္ ။

အားလံုး က်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *