All Articlesအခြားရောဂါများအထွေထွေရောဂါများ

အရေပြားပေါ်က ပိုးမွှားများ

1 Mins read

?အရေပြားပေါ်က ပိုးမွှားများ?

‘လူ’ဆိုတာ ကမ္ဘာပေါ်မှာတော့ အသိ ဉာဏ်ပညာမှာ အမြင့်ဆုံးဖြစ်ပြီး ကျန်သတ္တဝါအားလုံးအပေါ် အောင်နိုင်သူပါပဲ။ ဒါပေမဲ့ မျက်စိနဲ့တောင် မမြင်ရတဲ့ ရောဂါပိုးမွှားလေးတွေအတွက်ကတော့ လူ့ခန္ဓာကိုယ်ကြီးက သားကောင်ပြန်ဖြစ်နေတာကတော့ စေ့စေ့တွေးကြည့်ရင် တရားရစရာ။

ကိုယ်ခန္ဓာကိုယ်ထိခိုက်စေတဲ့ ရောဂါပိုးတွေ အသာထား..လူ့အရေပြားကိုထိခိုက်စေတဲ့ ရောဂါပိုးတွေအကြောင်းနဲ့တင် အသေးစိတ်ပြောရရင် တစ်ထောင့်တစ်ညပုံပြင်တွေထက် လေးငါးညလောက် ပိုသွားနိုင်ပါတယ်။

ဒီတော့ အတိုချုံ့ပြောရရင် အကြမ်းဖျဉ်းအားဖြင့် အဓိကပိုးမွှားအုပ်စု (၄)ခုရှိပါတယ်။ သိုင်းစကားနဲ့ပြောရရင်တော့ ဂိုဏ်းကြီး(၄)ဂိုဏ်းပေါ့။

?၁? ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ (Bacterial skin infections)

အရေပြားပေါ်က ထိခိုက်ရှနာတွေကတဆင့် အဖြစ်များပါတယ်။ နဂိုရှိနေတဲ့ မှိုကြောင့်ဖြစ်စေ.. ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်စေ.. အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ယားနေတဲ့ နေရာကို လက်သည်းနဲ့ ကုတ်ရင်းကနေ ဘက်တီးရီးယားပိုးဝင်သွားပြီး ပြည်တည်နာ ဆက်ဖြစ်လာတတ်ပါတယ်။ ပိုးသတ်ဆေးလို့ခေါ်ကြတဲ့ Antibiotics ဆေးတွေ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ဖို့လိုပါတယ်။

အဖြစ်များတဲ့ ရောဂါတွေကတော့

– cellulitis

– impetigo

– boils (အနာပဆုပ်)

– leprosy (အနာကြီးရောဂါ)

စတာတွေဖြစ်ပါတယ်။

?၂? ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အရေပြားရောဂါများ (Viral skin infections)

Pox Virus , Herpes Virus နဲ့Virus ဆိုတဲ့ Virus အုပ်စုသုံးခုထဲက အများဆုံးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားစနစ်ကျဆင်းလာတဲ့ အခါမျိုးမှာ ပိုဖြစ်နိုင်ပါတယ်။ အရေပြားအပြင် ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ ထိခိုက်တတ်ပါတယ်။ ကုတ်မိရာကနေ secondary bacterial infection ဆိုတဲ့ ဘက်တီးရီးယား ပိုးတွေပါ ထပ်ဝင်လာတတ်ပါတယ်။

အဖြစ်များတဲ့ ရောဂါတွေကတော့

– shingles (herpes zoster) (ခါးပတ်ရေယုန်)

– chickenpox (ရေကျောက်)

– Molluscum contagiosum

– warts (ကြွက်နို့)

– measles (ဝက်သက်ရောဂါ)

– hand, foot, and mouth disease

?၃?မှိုကြောင့်ဖြစ်သော ရောဂါများ (Fungal skin infections)

သဘာဝအားဖြင့် လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုလေးတွေ သဘာဝအားဖြင့် ရှိနေနိုင်ပါတယ်။ ပုံမှန်အချိန်မှာ ဘာဒုက္ခမှ မပေးပေမဲ့ အပူချိန်နဲ့ စိုထိုင်းဆမြင့်တက်လာချိန်တွေမှာ ပိုမိုပွားများလာပြီး ယားနာဖြစ်စေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆေးတွေကြောင့်ဖြစ်စေ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်ခံအားကျဆင်းနေရင် ပိုဖြစ်နိုင်ပါတယ်။ ချွေးအောင်းနေတတ်တဲ့ ခန္ဓာကိုယ်ရဲ့ ချောင်ကြိုချောင်ကြားတွေမှာ ပိုဖြစ်တတ်ပါတယ်။

အဖြစ်အများဆုံးရောဂါတွေကတော့..

– athlete’s foot

– yeast infection ( ညှင်း)

– ringworm (ပွေး)

– nail fungus (လက်သည်းမှို)

– oral thrush (လျှာနဲ့ ခံတွင်း မှိုစွဲနာ)

– diaper rash (ကလေးသေးခံလောင်ခြင်း) စတာတွေဖြစ်ပါတယ်။

?၄?ကပ်ပါးကောင်များကြောင့်ဖြစ်သောရောဂါများ (Parasitic skin infections)

ပိုးကောင်သေးသေးမွှားမွှား ပိစိလေးတွေ အရေပြားအောက်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး ဥတွေပေါက်ဖွား နေထိုင်ပွားများလာရာက ဖြစ်ပါတယ်။

အဖြစ်များတဲ့ ရောဂါတွေကတော့

– lice (သန်း)

– bedbugs

– scabies (ဝဲ)

– cutaneous larva migrans စတာတွေဖြစ်ပါတယ်။

?ဘာပဲဖြစ်ဖြစ် ဒီအရေပြားရောဂါပိုးမွှားတွေအားလုံးကို ကာကွယ်ဖို့အတွက်

– တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ဖို့လိုပါတယ်။

– အိမ်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းဖို့လိုပါတယ်။

– ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအခြေအနေကို မြှင့်တင်ထားဖို့လိုပါတယ်။

– နေရောင်ခြည်အပူဒဏ်ကို တတ်နိုင်သမျှရှောင်ဖို့လိုပါတယ်။

?ဘာကြောင့်ဖြစ်မှန်းမသိပဲ အရေပြားရောဂါတွေဖြစ်လာရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။

တွေ့ကရာလိမ်းဆေးတွေ လျှောက်လိမ်းရင် ပိုဆိုးသွားတတ်ပါတယ်။

အရေပြားပေါ်မှာ အလှတရားမှတပါး အခြားမရှိကြပါစေနဲ့…

Dr ဖြိုးဝေလင်း
(9.6.19)

?အေရျပားေပၚက ပိုးမႊားမ်ား?

‘လူ’ဆိုတာ ကမၻာေပၚမွာေတာ့ အသိ ဥာဏ္ပညာမွာ အျမင့္ဆံုးျဖစ္ၿပီး က်န္သတၱဝါအားလံုးအေပၚ ေအာင္ႏိုင္သူပါပဲ။ ဒါေပမဲ့ မ်က္စိနဲ႔ေတာင္ မျမင္ရတဲ့ ေရာဂါပိုးမႊားေလးေတြအတြက္ကေတာ့ လူ႔ခႏၶာကိုယ္ႀကီးက သားေကာင္ျပန္ျဖစ္ေနတာကေတာ့ ေစ့ေစ့ေတြးၾကည့္ရင္ တရားရစရာ။

ကိုယ္ခႏၶာကိုယ္ထိခိုက္ေစတဲ့ ေရာဂါပိုးေတြ အသာထား..လူ႔အေရျပားကိုထိခိုက္ေစတဲ့ ေရာဂါပိုးေတြအေၾကာင္းနဲ႔တင္ အေသးစိတ္ေျပာရရင္ တစ္ေထာင့္တစ္ညပံုျပင္ေတြထက္ ေလးငါးညေလာက္ ပိုသြားႏိုင္ပါတယ္။

ဒီေတာ့ အတိုခ်ံဳ႕ေျပာရရင္ အၾကမ္းဖ်ဥ္းအားျဖင့္ အဓိကပိုးမႊားအုပ္စု (၄)ခု႐ွိပါတယ္။ သိုင္းစကားနဲ႔ေျပာရရင္ေတာ့ ဂိုဏ္းႀကီး(၄)ဂိုဏ္းေပါ့။

?၁? ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ေသာ အေရျပားေရာဂါမ်ား (Bacterial skin infections)

အေရျပားေပၚက ထိခိုက္႐ွနာေတြကတဆင့္ အျဖစ္မ်ားပါတယ္။ နဂို႐ွိေနတဲ့ မိႈေၾကာင့္ျဖစ္ေစ.. ဗိုင္းရပ္စ္ ပိုးေၾကာင့္ျဖစ္ေစ.. အျခားအေၾကာင္း တစ္ခုခုေၾကာင့္ျဖစ္ေစ ယားေနတဲ့ ေနရာကို လက္သည္းနဲ႔ ကုတ္ရင္းကေန ဘက္တီးရီးယားပိုးဝင္သြားၿပီး ျပည္တည္နာ ဆက္ျဖစ္လာတတ္ပါတယ္။ ပိုးသတ္ေဆးလို႔ေခၚၾကတဲ့ Antibiotics ေဆးေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ ေသာက္ဖို႔လိုပါတယ္။

အျဖစ္မ်ားတဲ့ ေရာဂါေတြကေတာ့

– cellulitis

– impetigo

– boils (အနာပဆုပ္)

– leprosy (အနာႀကီးေရာဂါ)

စတာေတြျဖစ္ပါတယ္။

?၂? ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေသာ အေရျပားေရာဂါမ်ား (Viral skin infections)

Pox Virus , Herpes Virus နဲ႔Virus ဆိုတဲ့ Virus အုပ္စုသံုးခုထဲက အမ်ားဆံုးျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးေတြရဲ႕ ထံုးစံအတိုင္း ကိုယ္ခံအားစနစ္က်ဆင္းလာတဲ့ အခါမ်ိဳးမွာ ပိုျဖစ္ႏိုင္ပါတယ္။ အေရျပားအျပင္ က်န္တဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြပါ ထိခိုက္တတ္ပါတယ္။ ကုတ္မိရာကေန secondary bacterial infection ဆိုတဲ့ ဘက္တီးရီးယား ပိုးေတြပါ ထပ္ဝင္လာတတ္ပါတယ္။

အျဖစ္မ်ားတဲ့ ေရာဂါေတြကေတာ့

– shingles (herpes zoster) (ခါးပတ္ေရယုန္)

– chickenpox (ေရေက်ာက္)

– Molluscum contagiosum

– warts (ႂကြက္ႏို႔)

– measles (ဝက္သက္ေရာဂါ)

– hand, foot, and mouth disease

?၃?မိႈေၾကာင့္ျဖစ္ေသာ ေရာဂါမ်ား (Fungal skin infections)

သဘာဝအားျဖင့္ လူ႔ခႏၶာကိုယ္ အေရျပားေပၚမွာ မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ မိႈေလးေတြ သဘာဝအားျဖင့္ ႐ွိေနႏို္င္ပါတယ္။ ပံုမွန္အခ်ိန္မွာ ဘာဒုကၡမွ မေပးေပမဲ့ အပူခ်ိန္နဲ႔ စိုထိုင္းဆျမင့္တက္လာခ်ိန္ေတြမွာ ပိုမိုပြားမ်ားလာၿပီး ယားနာျဖစ္ေစတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ေဆးေတြေၾကာင့္ျဖစ္ေစ ေရာဂါတစ္ခုခုေၾကာင့္ျဖစ္ေစ ကိုယ္ခံအားက်ဆင္းေနရင္ ပိုျဖစ္ႏိုင္ပါတယ္။ ေခြၽးေအာင္းေနတတ္တဲ့ ခႏၶာကိုယ္ရဲ႕ ေခ်ာင္ႀကိဳေခ်ာင္ၾကားေတြမွာ ပိုျဖစ္တတ္ပါတယ္။

အျဖစ္အမ်ားဆံုးေရာဂါေတြကေတာ့..

– athlete’s foot

– yeast infection ( ညႇင္း)

– ringworm (ေပြး)

– nail fungus (လက္သည္းမိႈ)

– oral thrush (လွ်ာနဲ႔ ခံတြင္း မိႈစြဲနာ)

– diaper rash (ကေလးေသးခံေလာင္ျခင္း) စတာေတြျဖစ္ပါတယ္။

?၄?ကပ္ပါးေကာင္မ်ားေၾကာင့္ျဖစ္ေသာေရာဂါမ်ား (Parasitic skin infections)

ပိုးေကာင္ေသးေသးမႊားမႊား ပိစိေလးေတြ အေရျပားေအာက္ကို ေဖာက္ထြင္းဝင္ေရာက္သြားၿပီး ဥေတြေပါက္ဖြား ေနထိုင္ပြားမ်ားလာရာက ျဖစ္ပါတယ္။

အျဖစ္မ်ားတဲ့ ေရာဂါေတြကေတာ့

– lice (သန္း)

– bedbugs

– scabies (ဝဲ)

– cutaneous larva migrans စတာေတြျဖစ္ပါတယ္။

?ဘာပဲျဖစ္ျဖစ္ ဒီအေရျပားေရာဂါပိုးမႊားေတြအားလံုးကို ကာကြယ္ဖို႔အတြက္

– တစ္ကုိယ္ရည္သန္႔႐ွင္းေရး ဂ႐ုစိုက္ဖို႔လိုပါတယ္။

– အိမ္နဲ႔ ပတ္ဝန္းက်င္ သန္႔႐ွင္းဖို႔လိုပါတယ္။

– ကိုယ္ခံအားစနစ္ကို အေကာင္းဆံုးအေျခအေနကို ျမႇင့္တင္ထားဖို႔လိုပါတယ္။

– ေနေရာင္ျခည္အပူဒဏ္ကို တတ္ႏိုင္သမွ်ေ႐ွာင္ဖို႔လိုပါတယ္။

?ဘာေၾကာင့္ျဖစ္မွန္းမသိပဲ အေရျပားေရာဂါေတြျဖစ္လာရင္ေတာ့ ကြၽမ္းက်င္တဲ့ ဆရာဝန္နဲ႔ ျပဖို႔လိုပါတယ္။

ေတြ႕ကရာလိမ္းေဆးေတြ ေလွ်ာက္လိမ္းရင္ ပိုဆိုးသြားတတ္ပါတယ္။

အေရျပားေပၚမွာ အလွတရားမွတပါး အျခားမ႐ွိၾကပါေစနဲ႔…

Dr ၿဖိဳးေဝလင္း
(9.6.19)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…