“နွားနို့ အမျိုးမျိုး အကြောင်း”
ကျွန်မတို့ supermarket တွေမှာ ဈေးဝယ်တဲ့အခါ နွားနို့တွေထားတဲ့ စင်ပေါ်မှာ တံဆိပ်အမျိုးမျိုး၊ အမျိုးအစားအမျိုးမျိုးသော နွားနို့တွေကို တွေ့ကြရမှာပါ။ နွားနို့ဟာ ကယ်လ်ဆီယမ် (calcium) ကြွယ်ဝတဲ့အတွက် အရိုးနဲ့ သွားကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါကြောင့် နွားနို့ရဲ့ အခြားကောင်းကျိုးတွေနဲ့ ဈေးကွက်မှာ ရောင်းချနေတဲ့ နွားနို့တွေအကြောင်း ပြောပြချင်ပါတယ်။
‘နွားနို့မှာ ဘာတွေပါလဲ’
1) နွားနို့မှာ ရေဓါတ် 90% ခန့် ပါဝင်ပါတယ်။
2) Lactose လို့ခေါ်တဲ့ သကြားဓါတ်တစ်မျိုး ပါပါတယ်။
3) Triglyceride လို့ ခေါ်တဲ့ အဆီဓါတ်တွေ ပါပါတယ်။
4) Caesin လို့ ခေါ်တဲ့ အသားဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (amino acid) တွေ ပါဝင်ပါတယ်။
5) Vitamin B (အထူးသဖြင့် B2)၊ vitamin A, D, E, K (အထူးသဖြင့် A နဲ့ D) တို့ ပါဝင်ပါတယ်။
6) Calcium အပါအဝင် အခြား minerals ပေါင်းများစွာ ပါဝင်ပါတယ်။
‘နွားနို့၏ ကောင်းကျိုးများ’
နွားနို့ဟာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ အရိုးထုထည်များလာဖို့ အားပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးထုထည်တွေ ဆုံးရှုံးမှုကိုလဲ လျော့ကျစေပါတယ်။
ဆေးပညာရပ်ဆိုင်ရာ လေ့လာမှုတွေအရ နွားနို့ဟာ အူမကြီးကင်ဆာကို ကာကွယ်ပါတယ်။
‘ဈေးကွက်ထဲက နွားနို့တွေ’
နွားနို့မှာ ပါဝင်တဲ့အဆီဟာ ပြည့်ဝအဆီ (saturated fat) တွေ များပါတယ်။ ပြည့်ဝအဆီဟာ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် နွားနို့ရဲ့ အာဟာရတွေကို အကောင်းဆုံးရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပညာရှင်တွေဟာ နွားနို့ကို အဆီလျှော့/ဖယ်ပြီး ထုတ်လုပ်လာကြပါတယ်။
• အဆီမထုတ်ထားတဲ့ မလိုင်ပြည့် နွားနို့ (Whole milk) မှာ အဆီ 3.8% ပါပါတယ်။
• အဆီလျှော့ထားတဲ့ နွားနို့ (Reduced-fat milk) မှာတော့ အဆီကို 1.4% ထိ လျှော့ချထားပါတယ်။
• အဆီဖယ်ထားတဲ့ နွားနို့ (Skimmed milk/fat free milk) မှာတော့ <0.1% ပဲ ပါပါတော့တယ်။
နွားနို့ကို အဆီလျှော့/ဖယ်လိုက်တဲ့အတွက် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါတွေ အတွက် ပူစရာမလိုတော့ဘဲ သောက်သုံးနိုင်သွားပါတယ်။ ဒါပေမယ့် vitamin A, D, E, K တို့ဟာ အဆီရှိမှ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေ ဖြစ်ပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့တွေမှာ ဒီ ဗီတာမင်တွေဟာ ပမာဏ အတော်နည်းသွားပါတယ်။ ဒါကို ဖြေရှင်းဖို့ ပညာရှင်တွေဟာ အဆီထုတ်ထားတဲ့ နွားနို့တွေကို ဗီတာမင်တွေ ပြန်ဖြည့်စွက် (fortified) ပြီး ထုတ်လုပ်ကြပြန်ပါတယ်။ ဒါကြောင့် vitamin A fortified milk, vitamin D fortified milk ဆိုတာတွေ ဈေးကွက်ထဲကို ရောက်လာပါတယ်။
ထပ်ပြီး… နွားနို့ကို သောက်လို့ကောင်းအောင် အရသာတွေဖြည့်စွက်ထားတဲ့ strawberry flavored milk, chocolate flavored milk ဆိုတာတွေလဲ တွေ့နိုင်ပါသေးတယ်။ ကျွန်မ လေ့လာကြည့်မိ သလောက်တော့ အဲ့လို အရသာဖြည့်စွက်ထားတဲ့ နွားနို့တွေက မလိုင်ပြည့်နွားနို့တွေ ဖြစ်ပြီး ကလေးတွေအတွက် အဓိကထုတ်လုပ်ထားပါတယ်။
ဒီနေရာမှာ တစ်ခု ပြောချင်တာက အဆီထုတ်ထားတဲ့ နွားနို့ဟာ ကျန်းမာရေးအတွက် ပိုပြီးသင့်လျော်တယ်ဆိုပေမယ့် 2 နှစ်အောက်ကလေးငယ်တွေကိုတော့ မတိုက်သင့်ပါဘူး။ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အဆီဓါတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့် 2 နှစ်အောက်ကလေးတွေမှာတော့ ဖြည့်စွက်စာကျွေးတဲ့အချိန်မှာ မလိုင်ပြည့်နွားနို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။
‘နွားနို့ကို ဘယ်လိုထုတ်လုပ်ထားလဲ’
ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ ကင်းစင်အောင် Pasteurization ဒါမှမဟုတ် UHT (Ultra High Temperature) treatment လို့ ခေါ်တဲ့ နည်းလမ်းတွေနဲ့ နွားနို့တွေကို ထုတ်လုပ်ထားပါတယ်။
အဲ့ဒီလို ထုတ်လုပ်ထားတဲ့ နွားနို့တွေဟာ အဖုံး (seal) မဖွင့်ဘူးဆိုရင် ရေခဲသေတ္တာရဲ့ အပြင် အခန်းအပူချိန်မှာ အကြာကြီးထားလို့ရပါတယ်။ အဖုံးဖွင့်ပြီးပြီဆိုရင်တော့ အဖုံးကို သေချာပြန်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းရပါမယ်။ 7 ရက်အတွင်း ကုန်အောင် သောက်ရပါမယ်။ ကိုယ်သောက်မလို့ ခွက်ထဲ ထည့်ထားတဲ့နွားနို့ကို ပိုနေလို့ဆိုပြီး ဘူးထဲပြန်ထည့်တာမျိုး၊ နွားနို့ဘူးအဝကို ပါးစပ်နဲ့ တေ့သောက်တာမျိုး မလုပ်ရပါဘူး။ ဘက်တီးရီးယားတွေဝင်ပြီး နွားနို့ကို ပျက်စီးစေနိုင်လို့ပါ။
‘နွားနို့ကို အိမ်မှာ ဘယ်လို အဆီထုတ်မလဲ’
ဒါဆို ဆရာမရယ်…ကျွန်တော် ကျွန်မတို့က supermarket မသွားနိုင်ဘူး/အဲ့ဒီ့နွားနို့တွေ ဝယ်မသောက်နိုင်ဘူး/supermarket တွေက လက်လှမ်းမီတဲ့နေရာမှာ မရှိဘူးဆိုတော့ အဆီထုတ်ထားတဲ့ နွားနို့ သောက်လို့မရနိုင်တော့ဘူးလား ဆိုတဲ့သူတွေအတွက် အိမ်မှာပဲ လုပ်လို့ရမယ့်နည်းလေးကိုပါ တစ်ခါတည်းပြောပြပေးပါမယ်။ လွယ်လဲလွယ်ပါတယ်။
နွားနို့အစိမ်းကို ကျိုပါ။ မလိုင်တွေ တက်လာတဲ့အခါ ဇွန်းနဲ့ အသာလေးဖယ်ထုတ်လိုက်ပါ။ အဲ့လို ကျိုလိုက် ဖယ်လိုက် 2 ခါ 3 ခါလောက် လုပ်လိုက်ရင် အဆီတွေ တော်တော်လျော့သွားပါလိမ့်မယ်။
Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetics (UK)
“ႏြားႏို႔ အမ်ိဳးမ်ိဳး အေၾကာင္း”
ကြၽန္မတို႔ supermarket ေတြမွာ ေဈးဝယ္တဲ့အခါ ႏြားႏို႔ေတြထားတဲ့ စင္ေပၚမွာ တံဆိပ္အမ်ိဳးမ်ိဳး၊ အမ်ိဳးအစားအမ်ိဳးမ်ိဳးေသာ ႏြားႏို႔ေတြကို ေတြ႕ၾကရမွာပါ။ ႏြားႏို႔ဟာ ကယ္လ္ဆီယမ္ (calcium) ႂကြယ္ဝတဲ့အတြက္ အ႐ိုးနဲ႔ သြားက်န္းမာေရးကို အေထာက္အကူျပဳတယ္ဆိုတာ လူတိုင္းသိၾကပါတယ္။ ဒါေၾကာင့္ ႏြားႏို႔ရဲ႕ အျခားေကာင္းက်ိဳးေတြနဲ႔ ေဈးကြက္မွာ ေရာင္းခ်ေနတဲ့ ႏြားႏို႔ေတြအေၾကာင္း ေျပာျပခ်င္ပါတယ္။
‘ႏြားႏို႔မွာ ဘာေတြပါလဲ’
1) ႏြားႏို႔မွာ ေရဓါတ္ 90% ခန႔္ ပါဝင္ပါတယ္။
2) Lactose လို႔ေခၚတဲ့ သၾကားဓါတ္တစ္မ်ိဳး ပါပါတယ္။
3) Triglyceride လို႔ ေခၚတဲ့ အဆီဓါတ္ေတြ ပါပါတယ္။
4) Caesin လို႔ ေခၚတဲ့ အသားဓါတ္ေတြ ႂကြယ္ဝစြာ ပါဝင္ၿပီး ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အမိုင္ႏိုအက္ဆစ္ (amino acid) ေတြ ပါဝင္ပါတယ္။
5) Vitamin B (အထူးသျဖင့္ B2)၊ vitamin A, D, E, K (အထူးသျဖင့္ A နဲ႔ D) တို႔ ပါဝင္ပါတယ္။
6) Calcium အပါအဝင္ အျခား minerals ေပါင္းမ်ားစြာ ပါဝင္ပါတယ္။
‘ႏြားႏို႔၏ ေကာင္းက်ိဳးမ်ား’
ႏြားႏို႔ဟာ ခႏၶာကိုယ္ႀကီးထြားဖြံ႕ၿဖိဳးတဲ့အ႐ြယ္မွာ အ႐ိုးထုထည္မ်ားလာဖို႔ အားေပးပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် အ႐ိုးထုထည္ေတြ ဆုံးရႈံးမႈကိုလဲ ေလ်ာ့က်ေစပါတယ္။
ေဆးပညာရပ္ဆိုင္ရာ ေလ့လာမႈေတြအရ ႏြားႏို႔ဟာ အူမႀကီးကင္ဆာကို ကာကြယ္ပါတယ္။
‘ေဈးကြက္ထဲက ႏြားႏို႔ေတြ’
ႏြားႏို႔မွာ ပါဝင္တဲ့အဆီဟာ ျပည့္ဝအဆီ (saturated fat) ေတြ မ်ားပါတယ္။ ျပည့္ဝအဆီဟာ က်န္းမာေရးကို ထိခိုက္ေစတာေၾကာင့္ ႏြားႏို႔ရဲ႕ အာဟာရေတြကို အေကာင္းဆုံးရေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ပညာရွင္ေတြဟာ ႏြားႏို႔ကို အဆီေလွ်ာ့/ဖယ္ၿပီး ထုတ္လုပ္လာၾကပါတယ္။
• အဆီမထုတ္ထားတဲ့ မလိုင္ျပည့္ ႏြားႏို႔ (Whole milk) မွာ အဆီ 3.8% ပါပါတယ္။
• အဆီေလွ်ာ့ထားတဲ့ ႏြားႏို႔ (Reduced-fat milk) မွာေတာ့ အဆီကို 1.4% ထိ ေလွ်ာ့ခ်ထားပါတယ္။
• အဆီဖယ္ထားတဲ့ ႏြားႏို႔ (Skimmed milk/fat free milk) မွာေတာ့ <0.1% ပဲ ပါပါေတာ့တယ္။
ႏြားႏို႔ကို အဆီေလွ်ာ့/ဖယ္လိုက္တဲ့အတြက္ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါေတြ အတြက္ ပူစရာမလိုေတာ့ဘဲ ေသာက္သုံးႏိုင္သြားပါတယ္။ ဒါေပမယ့္ vitamin A, D, E, K တို႔ဟာ အဆီရွိမွ ေပ်ာ္ဝင္ႏိုင္တဲ့ ဗီတာမင္ေတြ ျဖစ္ပါတယ္။ အဆီထုတ္ထားတဲ့ ႏြားႏို႔ေတြမွာ ဒီ ဗီတာမင္ေတြဟာ ပမာဏ အေတာ္နည္းသြားပါတယ္။ ဒါကို ေျဖရွင္းဖို႔ ပညာရွင္ေတြဟာ အဆီထုတ္ထားတဲ့ ႏြားႏို႔ေတြကို ဗီတာမင္ေတြ ျပန္ျဖည့္စြက္ (fortified) ၿပီး ထုတ္လုပ္ၾကျပန္ပါတယ္။ ဒါေၾကာင့္ vitamin A fortified milk, vitamin D fortified milk ဆိုတာေတြ ေဈးကြက္ထဲကို ေရာက္လာပါတယ္။
ထပ္ၿပီး… ႏြားႏို႔ကို ေသာက္လို႔ေကာင္းေအာင္ အရသာေတြျဖည့္စြက္ထားတဲ့ strawberry flavored milk, chocolate flavored milk ဆိုတာေတြလဲ ေတြ႕ႏိုင္ပါေသးတယ္။ ကြၽန္မ ေလ့လာၾကည့္မိ သေလာက္ေတာ့ အဲ့လို အရသာျဖည့္စြက္ထားတဲ့ ႏြားႏို႔ေတြက မလိုင္ျပည့္ႏြားႏို႔ေတြ ျဖစ္ၿပီး ကေလးေတြအတြက္ အဓိကထုတ္လုပ္ထားပါတယ္။
ဒီေနရာမွာ တစ္ခု ေျပာခ်င္တာက အဆီထုတ္ထားတဲ့ ႏြားႏို႔ဟာ က်န္းမာေရးအတြက္ ပိုၿပီးသင့္ေလ်ာ္တယ္ဆိုေပမယ့္ 2 ႏွစ္ေအာက္ကေလးငယ္ေတြကိုေတာ့ မတိုက္သင့္ပါဘူး။ ကေလးငယ္ေတြရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ အဆီဓါတ္ဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ေနတာေၾကာင့္ 2 ႏွစ္ေအာက္ကေလးေတြမွာေတာ့ ျဖည့္စြက္စာေကြၽးတဲ့အခ်ိန္မွာ မလိုင္ျပည့္ႏြားႏို႔ကိုသာ တိုက္ေကြၽးသင့္ပါတယ္။
‘ႏြားႏို႔ကို ဘယ္လိုထုတ္လုပ္ထားလဲ’
ေရာဂါျဖစ္ေစတဲ့ ပိုးမႊားေတြ ကင္းစင္ေအာင္ Pasteurization ဒါမွမဟုတ္ UHT (Ultra High Temperature) treatment လို႔ ေခၚတဲ့ နည္းလမ္းေတြနဲ႔ ႏြားႏို႔ေတြကို ထုတ္လုပ္ထားပါတယ္။
အဲ့ဒီလို ထုတ္လုပ္ထားတဲ့ ႏြားႏို႔ေတြဟာ အဖုံး (seal) မဖြင့္ဘူးဆိုရင္ ေရခဲေသတၱာရဲ႕ အျပင္ အခန္းအပူခ်ိန္မွာ အၾကာႀကီးထားလို႔ရပါတယ္။ အဖုံးဖြင့္ၿပီးၿပီဆိုရင္ေတာ့ အဖုံးကို ေသခ်ာျပန္ပိတ္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းဆည္းရပါမယ္။ 7 ရက္အတြင္း ကုန္ေအာင္ ေသာက္ရပါမယ္။ ကိုယ္ေသာက္မလို႔ ခြက္ထဲ ထည့္ထားတဲ့ႏြားႏို႔ကို ပိုေနလို႔ဆိုၿပီး ဘူးထဲျပန္ထည့္တာမ်ိဳး၊ ႏြားႏို႔ဘူးအဝကို ပါးစပ္နဲ႔ ေတ့ေသာက္တာမ်ိဳး မလုပ္ရပါဘူး။ ဘက္တီးရီးယားေတြဝင္ၿပီး ႏြားႏို႔ကို ပ်က္စီးေစႏိုင္လို႔ပါ။
‘ႏြားႏို႔ကို အိမ္မွာ ဘယ္လို အဆီထုတ္မလဲ’
ဒါဆို ဆရာမရယ္…ကြၽန္ေတာ္ ကြၽန္မတို႔က supermarket မသြားႏိုင္ဘူး/အဲ့ဒီ့ႏြားႏို႔ေတြ ဝယ္မေသာက္ႏိုင္ဘူး/supermarket ေတြက လက္လွမ္းမီတဲ့ေနရာမွာ မရွိဘူးဆိုေတာ့ အဆီထုတ္ထားတဲ့ ႏြားႏို႔ ေသာက္လို႔မရႏိုင္ေတာ့ဘူးလား ဆိုတဲ့သူေတြအတြက္ အိမ္မွာပဲ လုပ္လို႔ရမယ့္နည္းေလးကိုပါ တစ္ခါတည္းေျပာျပေပးပါမယ္။ လြယ္လဲလြယ္ပါတယ္။
ႏြားႏို႔အစိမ္းကို က်ိဳပါ။ မလိုင္ေတြ တက္လာတဲ့အခါ ဇြန္းနဲ႔ အသာေလးဖယ္ထုတ္လိုက္ပါ။ အဲ့လို က်ိဳလိုက္ ဖယ္လိုက္ 2 ခါ 3 ခါေလာက္ လုပ္လိုက္ရင္ အဆီေတြ ေတာ္ေတာ္ေလ်ာ့သြားပါလိမ့္မယ္။
Dr Honey Su Naing
M.B.,B.S (Mandalay)
M.Sc Nutrition & Dietetics (UK)