All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

မတူညီသော သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းများ (IUD)

1 Mins read

မတူညီသော သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းများ (IUD)

သန္ဓေတားနည်းလမ်းများထဲကလတစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်တဲ့ အင်္ဂလိပ်စာလုံး တီပုံစံလေးကို IUD လို့ခေါ်ပါတယ် ။ အဖျားမှာ ကြိုးလေးရှိပြီး မိန်းမကိုယ်ထဲကနေ ပစ္စည်းရှိနေ မနေ စစ်ဆေးနိုင်ဖို့ဖြစ်တယ် ။

အမျိုးသမီးအများစုရဲ့ ၂၅ ရာခိုင်နှုန်းဟာ တားဆေးကတ်သုံးကြပေမယ့် ဆေးသောက်ဖို့မေ့တတ်တဲ့သူတွေအတွက်ကျ တားဆေးသောက်တဲ့နည်းလမ်းဟာ အဆင်မပြေဖြစ်ရပါတယ် ။

ဒါကြောင့် သားအိမ်အတွင်း သန္ဓေတားပစ္စည်းထည့်တဲ့ နည်းကို သုံးကြတဲ့သူတွေရှိလာကြတာဖြစ်ပြီး ကျွမ်းကျင်သူ ဆရာဝန်များမှ ထည့်ပေးကြပါတယ်။

သုံးတဲ့ပစ္စည်းအမျိုးအစားအလိုက် ဆယ်နှစ်အထိ အကာအကွယ်ပေးနိုင်ပါတယ် ။ အဓိက အမျိုးအစား နှစ်မျိုးရှိပါတယ် ။

(၁) ကော်ပါးတီ (copper IUD)

(၂) ဟော်မုန်းပါဝင်သောပစ္စည်း ( hormonal IUD)

(၁) ကော်ပါးတီ (copper IUD )

Paragard လို့သိကြပြီး အသုံးအများဆုံးဖြစ်ပါတယ် ။ ကြေးနီကြိုးပတ်ထားပြီး တစ်ခါထည့်ရင် ဆယ်နှစ်အထိ ခံပါတယ် ။ အဓိကအချက်မှာ ကြေးနီဓာတ်က သုတ်ပိုးတွေကို သေစေတဲ့အတွက် အသုံးပြုခြင်းဖြစ်ပါတယ် ။

ဒီအမျိုးအစားသုံးခြင်းဖြင့် ရာသီသွေးအလွန်အမင်းဆင်းခြင်း ရာသီလာချိန် ကြွက်တက်လေ့ရှိခြင်းတို့ တချို့သူတွေမှာ ကြုံတွေ့ရနိုင်ပါတယ် ။ လအနည်းငယ်အကြာမှာတော့ နည်းသွားမှာပါ ။

တခြားဘေးထွက်ဆိုးကျိုးတွေအနေနဲ့

* သွေးအားနည်းတာ

* ကျောတွေအောင့်တာ

* သွေးစသွေးနလေးတွေ စွန်းတတ်တာ

* မိန်းမကိုယ်ကနေ အရည်တွေဆင်းတာ

* လိင်ဆက်ဆံစဉ် နာကျင်တာ

အစရှိသည်တို့ ဖြစ်ပွားနိုင်ပါတယ် ။

(၂) ဟော်မုန်းပါဝင်သောပစ္စည်း ( Hormonal IUD)

သုံးမျိုးရရှိနိုင်ပြီး liletta ,Mirena,skyla လို့နာမည်တွေရှိပါတယ် ။

သားအိမ်ထဲ ထည့်လိုက်တဲ့အခါ ထိုပစ္စည်းအတွင်းမှ ဟော်မုန်းများကို နည်းနည်းစီ ထုတ်လွှတ်ပေးနေပြီး ထိုဟော်မုန်းက သုတ်ပိုးကောင်များ မမျိုးဥဆီမရောက်ရှိရန် တားဆီးပေးပါတယ် ။ ကိုယ်ဝန်တားဆေးလုံးများနှင့် လုပ်ဆောင်ပုံဆင်တူပါတယ် ။

ဒီလိုကိုယ်ဝန်တားပေးတာအပြင် ရာသီလာစဉ် ကိုက်ခဲတာတွေ အောင့်တာတွေ သက်သာစေပြီး သွေးနည်းနည်းပဲဆင်းစေပါတယ် ။ Mirena နဲ့ Liletta အမျိုးအစားတွေမှာတော့ ရာသီဆင်းတာကိုပါ ရပ်စေပါတယ် ။

ဘေးထွက်ဆိုးကျိုးများအနေနဲ့

* ရင်သားတွေကိုက်နေခြင်း

* ရင်သားတွေ နာနေခြင်း

* ခေါင်းကိုက်ခြင်း

* မအီမသာဖြစ် အန်ချင်နေခြင်း

* စိတ်အပြောင်းအလဲအတက်အကျရှိခြင်း

* ဝက်ခြံထွက်ခြင်း

* ကိုယ်အလေးချိန်တက်ခြင်း

အစရှိသည်တို့ဖြစ်စေနိုင်ပါတယ် ။

အထက်ပါနှစ်မျိုးစလုံးဟာ သုတ်ပိုးကောင်ရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ခြင်းဖြင့် ကိုယ်ဝန်မရရှိစေရန် တားဆီးပေးပါတယ် ။

နောက်ပြီး နှစ်မျိုးစလုံးဟာ တူညီတဲ့ ရလဒ်ကိုပေးစွမ်းပါတယ် ။ နှစ်မျိုးစလုံးဟာ ကိုယ်ဝန်မလိုချင်တဲ့အချိန်များအတွက် တောက်လျှောက်ကာကွယ်ပေးနေမှာဖြစ်ပြီး သန္ဓေယူရန် ဆုံးဖြတ်ပါကလဲ ပြန်ထုတ်နိုင်ပါတယ် ။

မထည့်မီအရင်ဆုံး ကိုယ်ဝန်ရှိမရှိ စစ်ဆေးမှာဖြစ်ပြီး ကိုယ်ဝန်မရှိပါက တန်းထည့်နိုင်ပါတယ် ။

အဓိက မှတ်သားရန်မှာ ပစ္စည်းထည့်ထားပြီပါက ပစ္စည်းထွက်ကျနေခြင်းရှိမရှိ ပုံမှန်စစ်ဆေးရန် လိုသလို ဆရာဝန်မှ ခေါ်စစ်မည့်အချိန်တိုင်း တိတိကျကျသွားရန်လိုအပ်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

မတူညီေသာ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္းမ်ား (IUD)

သေႏၶတားနည္းလမ္းမ်ားထဲကလတစ္ခုျဖစ္တ့ဲ သားအိမ္တြင္းထည့္တ့ဲ အဂၤလိပ္စာလုံး တီပုံစံေလးကို IUD လို႔ေခၚပါတယ္ ။ အဖ်ားမွာ ႀကိဳးေလးရွိၿပီး မိန္းမကိုယ္ထဲကေန ပစၥည္းရွိေန မေန စစ္ေဆးႏိုင္ဖို႔ျဖစ္တယ္ ။

အမ်ဳိးသမီးအမ်ားစုရဲ႕ ၂၅ ရာခိုင္ႏႈန္းဟာ တားေဆးကတ္သုံးၾကေပမယ့္ ေဆးေသာက္ဖို႔ေမ့တတ္တ့ဲသူေတြအတြက္က် တားေဆးေသာက္တ့ဲနည္းလမ္းဟာ အဆင္မေျပျဖစ္ရပါတယ္ ။

ဒါေၾကာင့္ သားအိမ္အတြင္း သေႏၶတားပစၥည္းထည့္တ့ဲ နည္းကို သုံးၾကတ့ဲသူေတြရွိလာၾကတာျဖစ္ၿပီး ကြၽမ္းက်င္သူ ဆရာဝန္မ်ားမွ ထည့္ေပးၾကပါတယ္။

သုံးတ့ဲပစၥည္းအမ်ဳိးအစားအလိုက္ ဆယ္ႏွစ္အထိ အကာအကြယ္ေပးႏိုင္ပါတယ္ ။ အဓိက အမ်ဳိးအစား ႏွစ္မ်ဳိးရွိပါတယ္ ။

(၁) ေကာ္ပါးတီ (copper IUD)

(၂) ေဟာ္မုန္းပါဝင္ေသာပစၥည္း ( hormonal IUD)

(၁) ေကာ္ပါးတီ (copper IUD )

Paragard လို႔သိၾကၿပီး အသုံးအမ်ားဆုံးျဖစ္ပါတယ္ ။ ေၾကးနီႀကိဳးပတ္ထားၿပီး တစ္ခါထည့္ရင္ ဆယ္ႏွစ္အထိ ခံပါတယ္ ။ အဓိကအခ်က္မွာ ေၾကးနီဓာတ္က သုတ္ပိုးေတြကို ေသေစတ့ဲအတြက္ အသုံးျပဳျခင္းျဖစ္ပါတယ္ ။

ဒီအမ်ဳိးအစားသုံးျခင္းျဖင့္ ရာသီေသြးအလြန္အမင္းဆင္းျခင္း ရာသီလာခ်ိန္ ႂကြက္တက္ေလ့ရွိျခင္းတို႔ တခ်ဳိ႕သူေတြမွာ ၾကဳံေတြ႕ရႏိုင္ပါတယ္ ။ လအနည္းငယ္အၾကာမွာေတာ့ နည္းသြားမွာပါ ။

တျခားေဘးထြက္ဆိုးက်ဳိးေတြအေနနဲ႔

* ေသြးအားနည္းတာ

* ေက်ာေတြေအာင့္တာ

* ေသြးစေသြးနေလးေတြ စြန္းတတ္တာ

* မိန္းမကိုယ္ကေန အရည္ေတြဆင္းတာ

* လိင္ဆက္ဆံစဥ္ နာက်င္တာ

အစရွိသည္တို႔ ျဖစ္ပြားႏိုင္ပါတယ္ ။

(၂) ေဟာ္မုန္းပါဝင္ေသာပစၥည္း ( Hormonal IUD)

သုံးမ်ဳိးရရွိႏိုင္ၿပီး liletta ,Mirena,skyla လို႔နာမည္ေတြရွိပါတယ္ ။

သားအိမ္ထဲ ထည့္လိုက္တ့ဲအခါ ထိုပစၥည္းအတြင္းမွ ေဟာ္မုန္းမ်ားကို နည္းနည္းစီ ထုတ္လႊတ္ေပးေနၿပီး ထိုေဟာ္မုန္းက သုတ္ပိုးေကာင္မ်ား မမ်ဳိးဥဆီမေရာက္ရွိရန္ တားဆီးေပးပါတယ္ ။ ကိုယ္ဝန္တားေဆးလုံးမ်ားႏွင့္ လုပ္ေဆာင္ပုံဆင္တူပါတယ္ ။

ဒီလိုကိုယ္ဝန္တားေပးတာအျပင္ ရာသီလာစဥ္ ကိုက္ခဲတာေတြ ေအာင့္တာေတြ သက္သာေစၿပီး ေသြးနည္းနည္းပဲဆင္းေစပါတယ္ ။ Mirena နဲ႔ Liletta အမ်ဳိးအစားေတြမွာေတာ့ ရာသီဆင္းတာကိုပါ ရပ္ေစပါတယ္ ။

ေဘးထြက္ဆိုးက်ဳိးမ်ားအေနနဲ႔

* ရင္သားေတြကိုက္ေနျခင္း

* ရင္သားေတြ နာေနျခင္း

* ေခါင္းကိုက္ျခင္း

* မအီမသာျဖစ္ အန္ခ်င္ေနျခင္း

* စိတ္အေျပာင္းအလဲအတက္အက်ရွိျခင္း

* ဝက္ျခံထြက္ျခင္း

* ကိုယ္အေလးခ်ိန္တက္ျခင္း

အစရွိသည္တို႔ျဖစ္ေစႏိုင္ပါတယ္ ။

အထက္ပါႏွစ္မ်ဳိးစလုံးဟာ သုတ္ပိုးေကာင္ရဲ႕ လႈပ္ရွားမႈကို ထိန္းခ်ဳပ္ျခင္းျဖင့္ ကိုယ္ဝန္မရရွိေစရန္ တားဆီးေပးပါတယ္ ။

ေနာက္ၿပီး ႏွစ္မ်ဳိးစလုံးဟာ တူညီတ့ဲ ရလဒ္ကိုေပးစြမ္းပါတယ္ ။ ႏွစ္မ်ဳိးစလုံးဟာ ကိုယ္ဝန္မလိုခ်င္တ့ဲအခ်ိန္မ်ားအတြက္ ေတာက္ေလွ်ာက္ကာကြယ္ေပးေနမွာျဖစ္ၿပီး သေႏၶယူရန္ ဆုံးျဖတ္ပါကလဲ ျပန္ထုတ္ႏိုင္ပါတယ္ ။

မထည့္မီအရင္ဆုံး ကိုယ္ဝန္ရွိမရွိ စစ္ေဆးမွာျဖစ္ၿပီး ကိုယ္ဝန္မရွိပါက တန္းထည့္ႏိုင္ပါတယ္ ။

အဓိက မွတ္သားရန္မွာ ပစၥည္းထည့္ထားၿပီပါက ပစၥည္းထြက္က်ေနျခင္းရွိမရွိ ပုံမွန္စစ္ေဆးရန္ လိုသလို ဆရာဝန္မွ ေခၚစစ္မည့္အခ်ိန္တိုင္း တိတိက်က်သြားရန္လိုအပ္ပါတယ္ ။

အားလုံးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…