ကွန်ဒုံးအမျိုးအစားအများကြီးရှိတယ်ဆိုတာသင်သိပါသလား

သင့်ပတ်ဝန်းကျင်က ဆေးဆိုင်၊ စတိုးဆိုင်၊ မီနီမတ်ကက်နဲ့ ကွမ်းယာဆိုင်အချို့မှာ ကွန်ဒုံးအမျိုးအစား အစုံစုံအဖုံဖုံကိုတွေ့ရမှာပါ။ အတော်များများကတော့ ကွန်ဒုံးဖြစ်ရင်ရပါတယ်ဆိုပြီးဝယ်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီကွန်ဒုံးတွေမှာအမျိုးအစားကွဲပြားမှုတွေရှိပါတယ်။ ဒါတွေကိုလေ့လာကြည့်ကြရအောင်

၁. ရာဘာစေးဖြင့်ပြုလုပ်သော Condom (Latex Condoms)

လက်ရှိအသုံးအများဆုံးကွန်ဒုံးအမျိုးအစားပါပဲ။ ရာဘာစေးနဲ့ပြုလုပ်တဲ့ကွန်ဒုံးတွေဟာ ကိုယ်ဝန်မရအောင် အကာအကွယ်တားဆီးရာမှာရော လိင်မှုဆိုင်ရာကူးစက်ရောဂါများမဖြသ်အောင်ပါ အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့အတွက် ဈေးကွက်မှာအသုံးအများဆုံးပဲဖြစ်ပါတယ်။

၂. ရာဘေးစေးဖြင့်ပြုလုပ်ခြင်းမဟုတ်သောကွန်ဒုံး (Non Latex Condoms)

အချို့သူတွေဟာ ရာဘာစေးနဲ့ထိတွေ့ပါက ဓာတ်မတည့်မှုဖြစ်ပြီး ယောင်ရမ်း၊ ယားယံခြက်းတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြသ်တတ်သူတွေအတွက် Polytheneနဲ့ပြုလုပ်တဲ့ Non Latex ရာဘာစေးမပါသောကွန်ဒုံးတွေကိုထုတ်လုပ်ကြပါတယ်။ Polytheneဟာ Latexရာဘာသားလောက်မခိုင်ခံ့တာကြောင့် ပေါက်ပြဲတတ်ပြီး ကိုယ်ဝန်ကို ၉၅ရာခိုင်နှုန်းခန့်သာကာကွယ်နိုင်ပါတယ်။

၃. သုက်ကောင်သေစေသောကွန်ဒုံး (Spermicidal condomd)

အချို့ကွန်ဒုံးတွေမှာ သုက်ပိုးကိုသေစေသောဓာတုပစ္စည်းထည့်သွင်းထားပါတယ်။ ဒါဟာ အခန့်မသင့်လို့ကွန်ဒုံးပေါက်ပြဲပါက စိတ်ချရစေဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကာကွယ်အားဟာ ၉၇ရာခိုင်နှုန်းသာရှိတာမို့ Latex ရာဘာကွန်ဒုံးသီးသန့်တွေထက် ကာကွယ်အားလျော့နည်းတာမို့ Non Latexများမှာ တွဲဖက်အသုံးပြုကြတာများပါတယ်။

၄. အမျိုးသမီးသုံးကွန်ဒုံး (Female Condoms)

ကွန်ဒုံးဆိုတာ အမျိုးသားတွေအတွက်သာမဟုတ်ဘဲ အမျိုးသမီးတွေမှာလည်းအသုံးပြုနိုင်တဲ့ Female condomsတွေရှိနေပါပြီ။ အမျိုးသမီးသုံးတွေဟာ အမျိုးသားသုံးကွန်ဒုံးတွေလောက် ကာကွယ်မှုရာခိုင်နှုန်းနည်းပေမယ့် (၉၅%) အကာအကွယ်မသုံးချင်တဲ့အမျိုးသားအဖော်နဲ့ဆက်ဆံမယ်ဆိုရင်တော့ ကိုယ့်ဘက်ကစိတ်ချရအောင် အသုံးပြုသင့်ပါတယ်။

၅. ချောဆီပါဝင်ထည့်သွင်းထားသောကွန်ဒုံး ( Lubricated Condoms)

ကွန်ဒုံးအချို့မှာ ချောဆီထည့်ပေးထားရတဲ့အကြောင်းရင်းကတော့ လိင်ဆက်ဆံရအဆင်ပြေစေရုံရည်ရွယ်ချက်တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ချောဆီပါတဲ့အခါ ကွန်ဒုံးမျက်နှာပြင်ပွတ်တိုက်မှု ချောမွေ့တဲ့အတွက် တော်ရုံနဲ့ပေါက်ပြဲခြင်းမရှိတော့ဘဲ အပြည့်အဝကာကွယ်မှုရစေလို့ပဲဖြစ်ပါတယ်။

၆. ပါးပါးလေးအသုံးပြုချင်သူများ ( Ultra Thin)

အချိုကွန်ဒုံးတွေဟာ ခံစားမှုအရှိန်မြင့်စေချင်တဲ့အတွက် ပါးနိုင်သမျှပါးအောင်ထုတ်လုပ်ပါတယ်။ ဒီ့အတွက် ပေါက်ပြဲသွားနိုင်မှာကိုအသုံးပြုသူတွေက စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ပေါက်ပြဲနိုင်ခြင်းဟာ ပါးခြင်းထူခြင်းနဲ့မဆိုင်ဘဲ အသုံးပြုပုံနည်းစနစ်မှားယွင်းခြင်းနဲ့သာဆိုင်တယ်လို့ ထုတ်လုပ်သူတွေကဆိုကြပါတယ်။

၇. အဖုအထစ်ပါသော ကွန်ဒုံး ( Dotted/Ribbed Condoms)

အချို့ကွန်ဒုံးတွေဟာ ကိုယ့်ရဲ့အမျိုးသမီးဆက်ဆံဖော်ရဲ့စိတ်ဆန္ဒပိုမိုကျေနပ်မှုရှိစေဖို့ရ်ရွယ်ပြီး အဖုအထစ်များထည့်သွင်းထားပါတယ်။ ဒီအမျိုးအစားကိုအသုံးပြုမယ်ဆိုရင်သတိပြုရမှာကတော့ အချို့အမျိုးသမီးတွေဟာ ဒီကွန်ဒုံးကိုခံနိုင်ရည်မရှိပဲနာကျင်မှုကိုခံစားရတတ်တာပါပဲ။

မေတ္တာဖြင့်

စိုင်းမြတ်သူ
ကြန္ဒံုးအမ်ိဳးအစားအမ်ားႀကီး႐ွိတယ္ဆိုတာသင္သိပါသလား

သင့္ပတ္ဝန္းက်င္က ေဆးဆိုင္၊ စတိုးဆိုင္၊ မီနီမတ္ကက္နဲ႔ ကြမ္းယာဆိုင္အခ်ိဳ႕မွာ ကြန္ဒံုးအမ်ိဳးအစား အစံုစံုအဖံုဖံုကိုေတြ႔ရမွာပါ။ အေတာ္မ်ားမ်ားကေတာ့ ကြန္ဒံုးျဖစ္ရင္ရပါတယ္ဆိုၿပီးဝယ္သြားတတ္ပါတယ္။ ဒါေပမယ့္ ဒီကြန္ဒံုးေတြမွာအမ်ိဳးအစားကြဲျပားမႈေတြ႐ွိပါတယ္။ ဒါေတြကိုေလ့လာၾကည့္ၾကရေအာင္

၁. ရာဘာေစးျဖင့္ျပဳလုပ္ေသာ Condom (Latex Condoms)

လက္႐ွိအသံုးအမ်ားဆံုးကြန္ဒံုးအမ်ိဳးအစားပါပဲ။ ရာဘာေစးနဲ႔ျပဳလုပ္တဲ့ကြန္ဒံုးေတြဟာ ကိုယ္ဝန္မရေအာင္ အကာအကြယ္တားဆီးရာမွာေရာ လိင္မႈဆိုင္ရာကူးစက္ေရာဂါမ်ားမျဖသ္ေအာင္ပါ အေကာင္းဆံုးကာကြယ္ေပးႏိုင္တဲ့အတြက္ ေစ်းကြက္မွာအသံုးအမ်ားဆံုးပဲျဖစ္ပါတယ္။

၂. ရာေဘးေစးျဖင့္ျပဳလုပ္ျခင္းမဟုတ္ေသာကြန္ဒံုး (Non Latex Condoms)

အခ်ိဳ႕သူေတြဟာ ရာဘာေစးနဲ႔ထိေတြ႔ပါက ဓာတ္မတည့္မႈျဖစ္ၿပီး ေယာင္ရမ္း၊ ယားယံျခက္းေတြျဖစ္တတ္ပါတယ္။ ဒီလိုျဖသ္တတ္သူေတြအတြက္ Polytheneနဲ႔ျပဳလုပ္တဲ့ Non Latex ရာဘာေစးမပါေသာကြန္ဒံုးေတြကိုထုတ္လုပ္ၾကပါတယ္။ Polytheneဟာ Latexရာဘာသားေလာက္မခိုင္ခံ့တာေၾကာင့္ ေပါက္ျပဲတတ္ၿပီး ကိုယ္ဝန္ကို ၉၅ရာခိုင္ႏႈန္းခန္႔သာကာကြယ္ႏိုင္ပါတယ္။

၃. သုက္ေကာင္ေသေစေသာကြန္ဒံုး (Spermicidal condomd)

အခ်ိဳ႕ကြန္ဒံုးေတြမွာ သုက္ပိုးကိုေသေစေသာဓာတုပစၥည္းထည့္သြင္းထားပါတယ္။ ဒါဟာ အခန္႔မသင့္လို႔ကြန္ဒံုးေပါက္ျပဲပါက စိတ္ခ်ရေစဖို႔ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ကာကြယ္အားဟာ ၉၇ရာခိုင္ႏႈန္းသာ႐ွိတာမို႔ Latex ရာဘာကြန္ဒံုးသီးသန္႔ေတြထက္ ကာကြယ္အားေလ်ာ့နည္းတာမို႔ Non Latexမ်ားမွာ တြဲဖက္အသံုးျပဳၾကတာမ်ားပါတယ္။

၄. အမ်ိဳးသမီးသံုးကြန္ဒံုး (Female Condoms)

ကြန္ဒံုးဆိုတာ အမ်ိဳးသားေတြအတြက္သာမဟုတ္ဘဲ အမ်ိဳးသမီးေတြမွာလည္းအသံုးျပဳႏိုင္တဲ့ Female condomsေတြ႐ွိေနပါၿပီ။ အမ်ိဳးသမီးသံုးေတြဟာ အမ်ိဳးသားသံုးကြန္ဒံုးေတြေလာက္ ကာကြယ္မႈရာခိုင္ႏႈန္းနည္းေပမယ့္ (၉၅%) အကာအကြယ္မသံုးခ်င္တဲ့အမ်ိဳးသားအေဖာ္နဲ႔ဆက္ဆံမယ္ဆိုရင္ေတာ့ ကိုယ့္ဘက္ကစိတ္ခ်ရေအာင္ အသံုးျပဳသင့္ပါတယ္။

၅. ေခ်ာဆီပါဝင္ထည့္သြင္းထားေသာကြန္ဒံုး ( Lubricated Condoms)

ကြန္ဒံုးအခ်ိဳ႕မွာ ေခ်ာဆီထည့္ေပးထားရတဲ့အေၾကာင္းရင္းကေတာ့ လိင္ဆက္ဆံရအဆင္ေျပေစရံုရည္ရြယ္ခ်က္တစ္ခုတည္းအတြက္မဟုတ္ပါဘူး။ ေခ်ာဆီပါတဲ့အခါ ကြန္ဒံုးမ်က္ႏွာျပင္ပြတ္တိုက္မႈ ေခ်ာေမြ႔တဲ့အတြက္ ေတာ္ရံုနဲ႔ေပါက္ျပဲျခင္းမ႐ွိေတာ့ဘဲ အျပည့္အဝကာကြယ္မႈရေစလို႔ပဲျဖစ္ပါတယ္။

၆. ပါးပါးေလးအသံုးျပဳခ်င္သူမ်ား ( Ultra Thin)

အခ်ဳိ္ကြန္ဒံုးေတြဟာ ခံစားမႈအ႐ွိန္ျမင့္ေစခ်င္တဲ့အတြက္ ပါးႏိုင္သမ်ွပါးေအာင္ထုတ္လုပ္ပါတယ္။ ဒီ့အတြက္ ေပါက္ျပဲသြားႏိုင္မွာကိုအသံုးျပဳသူေတြက စိုးရိမ္ၾကပါတယ္။ ဒါေပမယ့္ ေပါက္ျပဲႏိုင္ျခင္းဟာ ပါးျခင္းထူျခင္းနဲ႔မဆိုင္ဘဲ အသံုးျပဳပံုနည္းစနစ္မွားယြင္းျခင္းနဲ႔သာဆိုင္တယ္လို႔ ထုတ္လုပ္သူေတြကဆိုၾကပါတယ္။

၇. အဖုအထစ္ပါေသာ ကြန္ဒံုး ( Dotted/Ribbed Condoms)

အခ်ိဳ႕ကြန္ဒံုးေတြဟာ ကိုယ့္ရဲ႕အမ်ိဳးသမီးဆက္ဆံေဖာ္ရဲ႕စိတ္ဆႏၵပိုမိုေက်နပ္မႈ႐ွိေစဖို႔ရ္ရြယ္ၿပီး အဖုအထစ္မ်ားထည့္သြင္းထားပါတယ္။ ဒီအမ်ိဳးအစားကိုအသံုးျပဳမယ္ဆိုရင္သတိျပဳရမွာကေတာ့ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ ဒီကြန္ဒံုးကိုခံႏုိင္ရည္မ႐ွိပဲနာက်င္မႈကိုခံစားရတတ္တာပါပဲ။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *