ခေါင်းကြီး၊ခေါင်းသေး၊ခေါင်းပြား၊ခေါင်းရှည် ဘာကစိတ်ပူရသလဲမေမေ?
မျက်နှာနဲ့ဦးခေါင်းဟာ ကလေးရဲ့ ပသာဒဂုဏ်တစ်ခုလို့ပြောလို့ရမယ်ထင်ပါတယ်။ ဒီအခါ မိဘတို့က သားသားမီးမီးတို့ရဲ့ ခေါင်းက ကြီးလို့၊သေးလို့၊ရှည်လို့၊ပြားလို့၊တစ်ခြမ်းစောင်းလို့ဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် ဦးခေါင်းပုံသဏ္ဍာန်အမျိုးမျိုးအကြောင်းကို ရေးသားလိုက်ပါတယ်။
၁။ ခေါင်းကြီး
ဦးခေါင်းကြီးခြင်းဟာ မျိုးရိုးလိုက်တတ်ပါတယ်။ အဖေခေါင်းကြီး အမေခေါင်းကြီးမို့ ကလေးခေါင်းကြီးတာဟာ စိုးရိမ်စရာမရှိပါ။ ဒါပေမယ့် အရပ်အခေါ် ဦးခေါင်းအတွင်း ရေဝင်ခြင်း (Hydrocephalus) , ဇီးကွက်စိန်လို့ ခေါ်ကြတဲ့ ခေါင်းကြီးလူကိုယ်ကြီး (Soto’s syndrome) စတဲ့ရောဂါတွေမှာ ဦးခေါင်းကြီးတတ်တာကိုသတိထားရပါမယ်။
၂။ ခေါင်းသေး
ခေါင်းသေးခြင်းဟာလဲမိသားစုမျိုးရိုးလိုက်တတ်ပါတယ်။ အန္တရာယ်ရှိတဲ့ခေါင်းသေးခြင်းတွေကတော့ ဦးခေါင်းခွံရိုးများစောစီးစွာဆက်သွားခြင်း (Craniosynostosis)၊ စီပွအကြောသေရောဂါ၊ မွေးရာပါရောဂါမျ (ဥပမာ မွေးရာပါဂျိုက်သိုးစွဲနာရောဂါ) စသည်တို့ပဲဖြစ်ပါတယ်။ အချို့လမစေ့ဘဲမွေးတဲ့ကလေးတွေမှာလည်း ဦးခေါင်းခွံအနေအထားမမှန်တာကြောင့် သေးသယောင်ထင်ရတတ်ပါတယ်။
၃. ခေါင်းပြား (Flat occiput/ Brachycephaly)
ဒေါင်းကလေးလို့ခေါ်ကြတဲ့ Down’s Syndromeကလေးငယ်တွေဟာ ခေါင်းပြားတတ်ကြပါတယ်။ အမြဲတမ်းပက်လက်ထားပြီးသိပ်တဲ့ကလေးအချို့မှာလည်းတွေ့ရတတ်ပါတယ်။
၄. အရှေ့နဲ့အနောက် ရှည်မျောမျောဦးခေါင်း (Scaphocephaly)
လမစေ့ဘဲမွေးတဲ့ကလေးငယ်တွေဟာ ဦးခေါင်းခွံပိုပျော့တာကြောင့် ရှည်မျောမျောလေးဖြစ်နေတတ်ပါတယ်။
၅. ခေါင်းရှည် (Turricephaly)
အချို့ကလေးငယ်တွေမှာ အထက်အောက် ရှည်မျောမျောဦးခေါင်းပုံသဏ္ဍာန်ရှိပါတယ်။ ယျေဘူယအားဖြင့် စ်ုးရိမ်စရာမရှိပါ။
၆. ပြားတဲ့ဘက်ကပြား ဖောင်းတဲ့ဘက်ကဖောင်း ကလေးလေးရဲ့ဦးခေါင်း (Plagiocephaly)
ခေါင်းတစ်ဖက်ကပြား တစ်ဖက်ကပုံမှန်အတိုင်းဖြစ်နေတဲ့ကလေးငယ်တွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါဟာ ကလေးငယ်ကိုတစ်ဖက်စောင်းပြီးသိပ်တာများသွားရင်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လမစေ့ဘဲမွေးတဲ့ကလေးငယ်တွေကို တစ်ဖက်စောင်းသိပ်ရင်ဖြစ်ပါတယ်။ ဦးခေါင်း အုတ်ဆက်တစ်ခြမ်းစောစောပိတ်သွားတဲ့အခါမှာလဲ ခေါင်းတစ်ခြမ်းစောင်းလေးတွေ ဖြစ်တတ်ပါတယ်လို့ တင်ပြရင်း…။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ေခါင္းႀကီး၊ေခါင္းေသး၊ေခါင္းျပား၊ေခါင္း႐ွည္ ဘာကစိတ္ပူရသလဲေမေမ?
မ်က္ႏွာနဲ႔ဦးေခါင္းဟာ ကေလးရဲ႕ ပသာဒဂုဏ္တစ္ခုလို႔ေျပာလို႔ရမယ္ထင္ပါတယ္။ ဒီအခါ မိဘတို႔က သားသားမီးမီးတို႔ရဲ႕ ေခါင္းက ႀကီးလို႔၊ေသးလို႔၊႐ွည္လို႔၊ျပားလို႔၊တစ္ျခမ္းေစာင္းလို႔ဆိုၿပီး စိတ္ပူတတ္ၾကပါတယ္။ ဒါေၾကာင့္ ဦးေခါင္းပံုသ႑ာန္အမ်ိဳးမ်ိဳးအေၾကာင္းကို ေရးသားလိုက္ပါတယ္။
၁။ ေခါင္းႀကီး
ဦးေခါင္းႀကီးျခင္းဟာ မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ အေဖေခါင္းႀကီး အေမေခါင္းႀကီးမို႔ ကေလးေခါင္းႀကီးတာဟာ စိုးရိမ္စရာမ႐ွိပါ။ ဒါေပမယ့္ အရပ္အေခၚ ဦးေခါင္းအတြင္း ေရဝင္ျခင္း (Hydrocephalus) , ဇီးကြက္စိန္လို႔ ေခၚၾကတဲ့ ေခါင္းႀကီးလူကိုယ္ႀကီး (Soto’s syndrome) စတဲ့ေရာဂါေတြမွာ ဦးေခါင္းႀကီးတတ္တာကိုသတိထားရပါမယ္။
၂။ ေခါင္းေသး
ေခါင္းေသးျခင္းဟာလဲမိသားစုမ်ိဳး႐ိုးလိုက္တတ္ပါတယ္။ အႏၲရာယ္႐ွိတဲ့ေခါင္းေသးျခင္းေတြကေတာ့ ဦးေခါင္းခြံ႐ိုးမ်ားေစာစီးစြာဆက္သြားျခင္း (Craniosynostosis)၊ စီပြအေၾကာေသေရာဂါ၊ ေမြးရာပါေရာဂါမ် (ဥပမာ ေမြးရာပါဂ်ိဳက္သိုးစြဲနာေရာဂါ) စသည္တို႔ပဲျဖစ္ပါတယ္။ အခ်ိဳ႕လမေစ့ဘဲေမြးတဲ့ကေလးေတြမွာလည္း ဦးေခါင္းခြံအေနအထားမမွန္တာေၾကာင့္ ေသးသေယာင္ထင္ရတတ္ပါတယ္။
၃. ေခါင္းျပား (Flat occiput/ Brachycephaly)
ေဒါင္းကေလးလို႔ေခၚၾကတဲ့ Down’s Syndromeကေလးငယ္ေတြဟာ ေခါင္းျပားတတ္ျကပါတယ္။ အျမဲတမ္းပက္လက္ထားၿပီးသိပ္တဲ့ကေလးအခ်ိဳ႕မွာလည္းေတြ႔ရတတ္ပါတယ္။
၄. အေ႐ွ႕နဲ႔အေနာက္ ႐ွည္ေမ်ာေမ်ာဦးေခါင္း (Scaphocephaly)
လမေစ့ဘဲေမြးတဲ့ကေလးငယ္ေတြဟာ ဦးေခါင္းခြံပိုေပ်ာ့တာေၾကာင့္ ႐ွည္ေမ်ာေမ်ာေလးျဖစ္ေနတတ္ပါတယ္။
၅. ေခါင္း႐ွည္ (Turricephaly)
အခ်ိဳ႕ကေလးငယ္ေတြမွာ အထက္ေအာက္ ႐ွည္ေမ်ာေမ်ာဦးေခါင္းပံုသ႑ာန္႐ွိပါတယ္။ ေယ်ဘူယအားျဖင့္ စ္ုးရိမ္စရာမ႐ွိပါ။
၆. ျပားတဲ့ဘက္ကျပား ေဖာင္းတဲ့ဘက္ကေဖာင္း ကေလးေလးရဲ႕ဦးေခါင္း (Plagiocephaly)
ေခါင္းတစ္ဖက္ကျပား တစ္ဖက္ကပံုမွန္အတိုင္းျဖစ္ေနတဲ့ကေလးငယ္ေတြကို ျမင္ဖူးၾကမယ္ထင္ပါတယ္။ ဒါဟာ ကေလးငယ္ကိုတစ္ဖက္ေစာင္းၿပီးသိပ္တာမ်ားသြားရင္ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ လမေစ့ဘဲေမြးတဲ့ကေလးငယ္ေတြကို တစ္ဖက္ေစာင္းသိပ္ရင္ျဖစ္ပါတယ္။ ဦးေခါင္း အုတ္ဆက္တစ္ျခမ္းေစာေစာပိတ္သြားတဲ့အခါမွာလဲ ေခါင္းတစ္ျခမ္းေစာင္းေလးေတြ ျဖစ္တတ္ပါတယ္လို႔ တင္ျပရင္း…။
ေမတၱာျဖင့္
စိုင္းျမတ္သူ