တားကြလေ နည်းအထွေထွေ
အမျိုးသမီးတို့ရေ ကိုယ်ဝန်တားဆေးတွေ နေ့စဉ်သောက်ရလို့ မုန်းနေပြီလား။ နေ့စဉ်သတိထားပြီး သောက်စရာလဲမလို ကြာရှည်လည်း ပဋ္ဋိသန္ဓေတားပေးနိုင်တဲ့ နည်းတွေ ရှိသေးတယ်ဆိုတာကော သိကြရဲ့လား။
အဲဒါတွေက ဘာတွေလည်း။
ဒီနည်းလမ်းတွေမပြောခင် ကိုယ်ဝန်တားနည်းအလုံးစုံကို အဆင့်လိုက်ခွဲပြီး နည်းနည်းရှင်းပြမယ်နော်။
ကိုယ်ဝန်ဆောင်ဖို့ဆိုတာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ အမျိုးသမီးရဲ့ သားဥလေး တွေ့ဆုံချိန်းတွေ့ အဆင်ပြေမှ သန္ဓေအောင်ပြီး သားအိမ်နံရံမှာ ညှိတွယ်မြှပ်ဝင်မှ ဖြစ်တဲ့ ကိစ္စလေ။ ဒါကြောင့် ကိုယ်ဝန်တားဖို့
၁။ သုတ်ပိုး မဝင်နိုင်အောင် တားသောနည်းလမ်းများ
၂။ သားဥမကြွေအောင် တားသော နည်းလမ်းများ
၃။ သားအိမ်နံရံတွင် သန္ဓေသားလောင်း မကပ်နိုင်အောင်တားသော နည်းလမ်းများ
၄။ ကြွေကျလာသော သားဥကို သားအိမ်တွင်း မဝင်နိုင်အောင် တားသော နည်းလမ်းများ ဆိုပြီး အမျိုးမျိုး ရှိတယ်နော်။
ဒီနည်းလမ်းတွေ ထဲမှာမှ ရေတို၊ ရေရှည်၊ အပြီးတိုင် တားနိုင်တဲ့ နည်းလမ်းတွေ၊ မိမိနဲ့သင့်တော် အဆင်ပြေတဲ့ နည်းတွေ ရွေးချယ်ရမှာပေါ့။
၁။ အမျိုးသားသုတ်ပိုး မဝင်အောင် ဘယ်လိုတားကြမလဲ။
-သုတ်ရည်အပြင်ထုတ်တဲ့နည်း- ဒီနည်းလမ်းက စိတ်မချရဆုံးနည်းလမ်းထဲမှာ ပါတယ်နော်။ အရင်ဆုံးထွက်တဲ့ သုတ်ရေကြည်မှာတင် သုတ်ပိုးက ပါနိုင်တော့ ကိုယ်ဝန်ရသွားနိုင်တယ်။
-ကွန်ဒုံး အသုံးပြုခြင်း- ဒီနည်းလမ်းက လွယ်ကူရိုးရှင်းတဲ့ အပြင် ကိုယ်ဝန်တားနိုင်ရုံမက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးတော့ ပိုကောင်းတာပေါ့။ သို့ပေမယ့်လည်း ကွန်ဒုံး ပြဲသွားရင်၊ စွပ်နည်းမမှန်ရင်လည်း ကိုယ်ဝန်ရသွားတတ်ပါတယ်။ အမျိုးသမီးသုံးကော၊ အမျိုးသားသုံးပါရှိတယ်နော်။
-သားအိမ်ခေါင်းစွပ်- ဒီပစ္စည်းလေးကတော့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ထဲထည့်ထားရတဲ့ ပစ္စည်းလေးတစ်ခုပါ။ အမျိုးသမီးရဲ့ သားအိမ်အတွင်း သုတ်ပိုးမဝင်အောင် ပိတ်ထားတာဖြစ်ပြီး သုတ်ပိုးသေစေတဲ့ ဆေးလေးပါ သုတ်ထားရင်တော့ ပိုစိတ်ချရတာပေါ့။ (အသေးစိတ်ကို နောက်ခေါင်းစဉ်တွင် ဆက်လက်ဖတ်ရူပါရန်)
-သုတ်ပိုး သေစေသောဆေးများ
၂။ သားဥမကြွေအောင် တားသော နည်းလမ်းများ
ဒီခေါင်းစဉ်အောက်မှာတော့ လူအများကြားဖူးပြီးဖြစ်တဲ့ လက်ညှိးဆေးကဒ်၊ marvelon၊ ဟော်မုန်းပါတဲ့ ပစ္စည်းနဲ့ ဆေးတွေပါပါတယ်။
-မဟော်မုန်း ၁မျိုး သို့ ၂မျိုးရောထားသော သောက်ဆေးများ
-depo ဟုခေါ်သော ၃လခံ သို့ ၁လခံ ထိုးဆေးများ
-မိန်းမကိုယ်တွင်း ထည့်ရသော ပစ္စည်းများ (သားမွေးပြွန်ထည့် ကွင်း၊ သားအိမ်ထဲထည့် ပစ္စည်း)
-လက်မောင်းတွင်း မြှပ်ရသော ဟော်မုန်းပါသော ပစ္စည်းများစသည်
၃။ သားအိမ်တွင်း မျိုးအောင်သားဥမကပ်အောင်လုပ်တဲ့ နည်းကတော့ သားအိမ်အတွင်း ပစ္စည်းထည့်ထားတာပေါ့။ မျိုးအောင်သားဥ သားအိမ်မှာ မတွယ်ခင် ဟော်မုန်းဆေးတွေ သောက်လိုက်ရင်လည်း သားဥမကပ်နိုင်တော့ဘဲ ကိုယ်ဝန်တားခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ ဤနည်းလမ်းကတော့ အမျိုးသမီးတွေမှာ သားကြောဖြတ်ခြင်းဖြစ်ပြီး သားဥသယ်ဆောင်သော ပြွန်ကို ဖြတ်၍ ပိတ်လိုက်ခြင်းဖြစ်သည့်အတွက် အပြီးတိုင် ကိုယ်ဝန်မလိုချင်တဲ့ လူတွေအတွက် သို့ ကိုယ်ဝန်ဆောင်ရန် မသင့်တော့တဲ့ လူတွေအတွက် ဖြစ်ပါတယ်။ အမျိုးသားတွေမှာလည်း သားကြောဖြတ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ တရားဝင်လက်ခံခြင်း မရှိသေးပါဘူး။
နည်းလမ်းမျိုးစုံ သိကြပြီဆိုတော့ ဆေးမသောက်ရဘဲ ကိုယ်ဝန်တားနိုင်တဲ့နည်းလမ်းအချို့ကို ဆက်လက်ဖော်ပြပေးပါမယ်။ ဗဟုသုတရအောင် လေ့လာထားသင့်ပါတယ်နော်။ အမျိုးသမီးအပေါင်းတို့ရေ။
ရီချို(ဆေး ၁)
တားကြလေ နည်းအထွေထွေ
အဲဒါတွေက ဘာတွေလည်း။
ရီချို(ဆေး ၁)
Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Fertilization (သန္ဓေအောင်ခြင်း)
1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
Leave a Reply
Your email address will not be published. Required fields are marked *