နို့ရည် စုပ်ခွက်အမျိူးမျိူး
နို့ရည်စုပ်ခွက်တွေဆိုတာ နို့အုံကနေ နို့ရည်ကို ဖယ်ရှားစုဆောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်..။ စုဆောင်းပြီးတဲ့နို့ရည်ကို သင့်ကလေးငယ်ကို ချက်ချင်းတိုက်နိုင်သလို နို့ရည်ထည့်တဲ့အိတ်တွေ… ခွက်တွေထဲမှာ ထည့်ထားပြီး နောက်လိုတဲ့အခါ ပြန်တိုက်လို့လည်းရပါတယ်..။ ဒီလို နို့ရည်ကို ရယူဖို့အတွက် လက်နဲ့လည်းညှစ်နိုင်ပေမယ့် နို့ရည်စုပ်ခွက်တွေရဲ့အကူအညီရယူတာက ပိုလွယ်ကူပါတယ်..။
ဘယ်လိုအချိန်တွေမှာ နို့ရည်စုပ်ခွက်ကို သုံးသင့်သလဲ
- နို့သီးခေါင်းပြားတာ.. အတွင်းဘက်ကိုချိူင့်ဝင်တာတွေရှိတဲ့အခါ
- သင်အပြင်သွားချိန် သင့်ကလေးငယ်ကို နို့တိုက်ဖို့လိုတဲ့အခါ
- သင်ကျောင်ဒ ဒါမှမဟုတ် အလုပ်သွားတဲ့အခါ
- နို့ရည်တွေက ရင်သားတင်းမာ ဖောင်းကားတာ ဖြစ်စေတဲ့အခါ
- နို့ဖြတ်ထားပြီးမှ နို့ပြန်တိုက်ချင်တဲ့အခါ
- နို့များများထွက်စေချင်တဲ့အခါ… နို့ရည်စုပ်ခွက်တွေကို သုံးနိုင်ပါတယ်..။
နို့ရည်စုပ်ခွက် အမျိူးမျိူး
(၁) လက်လှည့် နို့ရည်စုပ်ခွက်
နာမည်အတိုင်းပဲ နို့ရည်ထွက်ဖို့အတွက် လက်ကို သုံးဖို့လိုပါတယ်..။ လက်နဲ့ညှစ်တာ…ဒါမှမဟုတ် နောက်ကျောမှာရှိတဲ့ ဆလင်ဒါပုံ ဘုသီးလေးကို နှိပ်လိုက်တဲ့အခါ လေဟာနယ်ဖြစ်သွားပြီး နို့ရည်တွေကို စုပ်ယူပါလိမ့်မယ်..။ လက်လှည့်စုပ်ခွက်တွေဟာ ယျေဘုယျအားဖြင့် သေးပြီး ဈေးနှူန်းသက်သာတဲ့အပြင် ခရီးသွားတဲ့အခါမျိူးမှာ သယ်ယူရလွယ်ကူပါတယ်..။ မကောင်းတဲ့အချက်အနေနဲ့ကတော့ သူတို့ကို ခဏတာ ဒါမှမဟုတ် တခါတရံလောက်ပဲ သုံးတာကောင်းတာပါ..။ ရည်ရှည်ဆိုရင် အချိန်ကုန်ပြီး လူပင်ပန်းစေပါလိမ့်မယ်..။
(၂) ဘက်ထရီအသုံးပြုသည့် နို့ရည်စုပ်ခွက်
သင့်အနေနဲ့ လက်လှည့်နို့ရည်စုပ်ခွက်ကို မသုံးချင်ဘူး… တစ်နေ့ကိုမှတစ်ကြိမ်လောက်ပဲ နို့ရည်စုပ်မယ်ဆိုရင်တော့ ဘက်ထရီအားနဲ့အလုပ်လုပ်တဲ့ နို့ရည်စုပ်ခွက်ကို သုံးတာကောင်းပါတယ်..။ တစ်နေ့ကို တစ်ကြိမ်လောက်ပဲ သုံးလို့သင့်တာဖြစ်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာတော့ တခြားနည်းလမ်းနဲ့ကလေးကို နို့တိုက်ဖို့စီမံရမှာဖြစ်ပါတယ်..။ ဘက်ထရီအခြေခံ နို့ရည်စုပ်ခွက်တွေဟာ သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူပေမယ့် လိုအပ်တဲ့အချိန်မှာ အဆင်သင့်လဲဖို့ ဓာတ်ခဲဆောင်ထားဖို့တော့ လိုပါလိမ့်မယ်..။
(၃) လျှပ်စစ်ကိုအသုံးပြုသည့် နို့ရည်စုပ်ခွက်
တကယ်လို့ သင့််အနေနဲ့ မကြာခဏနို့ရည်စုပ်ဖို့လိုတယ်ဆိုရင်တော့ လျှပ်စစ်နဲ့လည်ပတ်တဲ့ နို့ရည်စုပ်ခွက်ကို သုံးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်…..။ ဒီနို့ရည်စုပ်ခွက်တွေဟာ ကြံ့ခိုင်မှူရှိပြီး ကြာကြာအသုံးခံသလို…နို့များများလည်း စုပ်ယူနိုင်ပါတယ်..။အချိန်ကုန်လည်းသက်သာပြီး အရွယ်အစားလည်းကြီးပါတယ်..။ ဈေးနှူန်းလည်းများသလို မီးပျက်တဲ့အခါမှာတော့ သုံးနိုင်မှာမဟုတ်ပါဘူး….။
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Ref https://www.verywellfamily.com/types-of-breast-pumps-431577