HIV နှင့် ကာလသားရောဂာ၂မျိုးလုံးသည် လိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်နိုင်သောရောဂာများဖြစ်ကြသည်။ ထို့ပြင် သွေးမှတဆင့်လည်းကူးစက်နိုင်ပြီး ကိုယ်ဝန်ဆောင်သည်မှကလေးသို့လည်းကူးစက်နိုင်သည်။ သို့သော်ကာလသားရောဂာသည် ရောဂာပိုးရှိသူ၏အနာများကိုတိုက်ရိုက်ထိတွေ့ခြင်းဖြင့်လည်းကူးနိုင်သည်။ HIV သည်မိခင်နို့မှတဆင့်ကလေးဆီသို့ရောက်နိုင်သည်။ ကာလသားရောဂာသည် Treponema pallidum ဟုခေါ်သောဘက်တီးရီးယားကြောင့်ဖြစ်၍ HIVသည် ဗိုင်းရပ်စ်(human immunodeficiency virus) ကြောင့်ဖြစ်ပွားသည်။ စနစ်တကျကုသမှုခံယူလျှင် ကာလသားရောဂာသည်အပြီးတိုင်ပျောက်ကင်းသော်လည်း HIV ကမူမဖြစ်နိုင်သေးပါ။
ကာလသားရောဂာ(syphilis)ကို အဆင့်လေးဆင့်ဖြင့်တွေ့နိုင်သည်။ Primary,secondary,latent နဲ့ tertiary syphilisဟူ၍ဖြစ်သည်။ Primary syphilis တွင် ရောဂာပိုးဝင်ပြီး၃ရက်မှ၃လအတွင်း မနာကျင်၊မယားသောအနာစတင်ဖြစ်လာမည်ဖြစ်သည်။ လိင်တံ၊ စအိုနှင့်သားအိမ်ခေါင်းတို့တွင်ဖြစ်လေ့ရှိသည်။ Secondary syphilisကမူ ပိုးဝင်ပြီး၄ပတ်မှ၁၀ပတ်အတွင်းဖြစ်တတ်သည်။ မယားယံသောအနီရောင်အစက်များ ခန္ဓာကိုယ်အနှံ့အပြားတွင်ဖြစ်လာမည်။ထိုမှတဆင့် အနီရောင်အဖု၊ ပြည်ဖုများဖြစ်လာနိုင်သည်။ ထိုအရာများကိုခြေဖဝါး၊လက်ဖဝါးများတွင်လည်းတွေ့ရတတ်သည်။ ခေါင်းကိုက်၊ဖျားနာ၊ ဆံပင်ကျွတ်၊ကိုယ်အလေးချိန်ကျခြင်းတို့လည်းဖြစ်နိုင်ပါသည်။ Latent syphilis ကမူ ပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသခြင်းဖြစ်သည်။ Tertiary syphilis သည်ရောဂါပိုးရပြီး ၃နှစ်မှ၁၅နှစ်အတွင်းဖြစ်သည်။ ခန္ဓာကိုယ်အနှံ့ရှိ အရေပြား နှင့်အရိုးတို့တွင် အလုံးများဖြစ်တတ်သည်။ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ တက်ခြင်း၊တစ်ကိုယ်လုံးမလှုပ်ရှားနိုင်ဖြစ်ခြင်း၊ရူးခြင်း နှင့် သွေးလွှတ်ကြောမကြီးဖောင်း၍ ပေါက်ထွက်ခြင်းတို့ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းဖြစ်လျှင်မူ ကိုယ်ဝန်ပျက်ကျတတ်သည်။ မွေးလာသောကလေးတွင်လည်း ညို့သကျည်းရိုးပုံမမှန်ပဲ ကွေးနေခြင်း၊ နှာခေါင်းသည် မြင်းကုန်းနှီးကဲ့သို့ကော့ကော့လေးဖြစ်နေခြင်း အစရှိသည်တို့ဖြစ်တတ်သည်။ ရောဂာပိုးကူးစက်ခြင်းကို ကွန်ဒုံးသုံး၍ကာကွယ်နိုင်သော်လည်း အနာရှိသောနေရာကိုထိမိလျှင် ကူးတတ်သည်။
Human immunodeficiency virus(HIV)1 နှင့် 2 ကြောင့် HIVရောဂါ ဖြစ်စေသည်။ HIV-2 ကိုအာဖရိကအနောက်ပိုင်းတွင်သာတွေ့ရလေ့ရှိပြီး HIV-1 ကမူကမ္ဘာအနှံ့တွင်ရှိသည်။ ကုသမှုမခံယူလျှင် အသက်ရှင်နိုင်ချိန်မှာ ၉-၁၁နှစ်အတွင်းသာရှိသည်။ ထိုဗိုင်းရပ်စ်သည် ကိုယ်ခံအားတွင်အရေးပါသော ဆဲလ်များကိုသေစေသည်။ ထို့ကြောင့်အချိန်ကြာလာသည်နှင့်အမျှ ခုခံအားကျဆင်းမှုရောဂါ acquired immunodeficiency syndrome(AIDS) ဖြစ်လာမည်။ ထိုအချိန်တွင်အခြားကူးစက်ရောဂါများအလွယ်တကူဝင်လာမည်ဖြစ်သည်။အဖြစ်များသောရောဂါများမှာ အဆုတ်ရောင်၊ တီဘီ၊အသည်းရောင်အသားဝါဘီပိုး၊စီပိုး၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ကင်ဆာ အစရှိသည်တို့ဖြစ်သည်။
နွေ
HIV နွင့္ ကာလသားေရာဂာ၂မ်ိုးလုံးသည္ လိင္ဆက္ဆံျခင္းမွတဆင့္ကူးစက္နိုင္ေသာေရာဂာမ်ားျဖစ္ျကသည္။ ထို့ျပင္ ေသြးမွတဆင့္လည္းကူးစက္နိုင္ျပီး ကိုယ္ဝန္ေဆာင္သည္မွကေလးသို့လည္းကူးစက္နိုင္သည္။ သို့ေသာ္ကာလသားေရာဂာသည္ ေရာဂာပိုးရွိသူ၏အနာမ်ားကိုတိုက္ရိုက္ထိေတြ့ျခင္းျဖင့္လည္းကူးနိုင္သည္။ HIV သည္္မိခင္နို့မွတဆင့္ကေလးဆီသို့ေရာက္နိုင္သည္။ ကာလသားေရာဂာသည္ Treponema pallidum ဟုေခၚေသာဘက္တီးရီးယားေျကာင့္ျဖစ္၍ HIVသည္ ဗိုင္းရပ္စ္(human immunodeficiency virus) ေျကာင့္ျဖစ္ပြားသည္။ စနစ္တက်ကုသမွုခံယူလ်ွင္ ကာလသားေရာဂာသည္အျပီးတိုင္ေပ်ာက္ကင္းေသာ္လည္း HIV ကမူမျဖစ္နိုင္ေသးပါ။
ကာလသားေရာဂာ(syphilis)ကို အဆင့္ေလးဆင့္ျဖင့္ေတြ႔နိုင္သည္။ Primary,secondary,latent န့ဲ tertiary syphilisဟူ၍ျဖစ္သည္။ Primary syphilis တြင္ ေရာဂာပိုးဝင္ျပီး၃ရက္မွ၃လအတြင္း မနာက်င္၊မယားေသာအနာစတင္ျဖစ္လာမည္ျဖစ္သည္။ လိင္တံ၊ စအိုႏွင့္သားအိမ္ေခါင္းတို႔တြင္ျဖစ္ေလ့႐ွိသည္။ Secondary syphilisကမူ ပိုးဝင္ၿပီး၄ပတ္မွ၁၀ပတ္အတြင္းျဖစ္တတ္သည္။ မယားယံေသာအနီေရာင္အစက္မ်ား ခႏၶာကိုယ္အႏွ့ံအျပားတြင္ျဖစ္လာမည္။ထိုမွတဆင့္ အနီေရာင္အဖု၊ ျပည္ဖုမ်ားျဖစ္လာႏိုင္သည္။ ထိုအရာမ်ားကိုေျခဖဝါး၊လက္ဖဝါးမ်ားတြင္လည္းေတြ႔ရတတ္သည္။ ေခါင္းကိုက္၊ဖ်ားနာ၊ ဆံပင္ကြၽတ္၊ကိုယ္အေလးခ်ိန္က်ျခင္းတို႔လည္းျဖစ္ႏိုင္ပါသည္။ Latent syphilis ကမူ ပိုး႐ွိေသာ္လည္း ေရာဂါလကၡဏာမျပသျခင္းျဖစ္သည္။ Tertiary syphilis သည္ေရာဂါပိုးရၿပီး ၃ႏွစ္မွ၁၅ႏွစ္အတြင္းျဖစ္သည္။ ခႏၶာကိုယ္အႏွ့ံရိွ အေရျပား ႏွင့္အ႐ိုးတို႔တြင္ အလုံးမ်ားျဖစ္တတ္သည္။ ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း၊ တက္ျခင္း၊တစ္ကိုယ္လုံးမလႈပ္႐ွားႏိုင္ျဖစ္ျခင္း၊႐ူးျခင္း ႏွင့္ ေသြးလႊတ္ေၾကာမႀကီးေဖာင္း၍ ေပါက္ထြက္ျခင္းတို႔ျဖစ္တတ္သည္။ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္းျဖစ္လ်ွင္မူ ကိုယ္ဝန္ပ်က္က်တတ္သည္။ ေမြးလာေသာကေလးတြင္လည္း ညိဳ႕သက်ည္း႐ိုးပုံမမွန္ပဲ ေကြးေနျခင္း၊ ႏွာေခါင္းသည္ ျမင္းကုန္းႏွီးက့ဲသို႔ေကာ့ေကာ့ေလးျဖစ္ေနျခင္း အစ႐ွိသည္တို႔ျဖစ္တတ္သည္။ ေရာဂာပိုးကူးစက္ျခင္းကို ကြန္ဒုံးသုံး၍ကာကြယ္နိုင္ေသာ္လည္း အနာရွိေသာေနရာကိုထိမိလ်ွင္ ကူးတတ္သည္။
Human immunodeficiency virus(HIV)1 ႏွင့္ 2 ေၾကာင့္ HIVေရာဂါ ျဖစ္ေစသည္။ HIV-2 ကိုအာဖရိကအေနာက္ပိုင္းတြင္သာေတြ႔ရေလ့႐ွိၿပီး HIV-1 ကမူကမၻာအႏွ့ံတြင္ရိွသည္။ ကုသမႈမခံယူလ်ွင္ အသက္႐ွင္ႏိုင္ခ်ိန္မွာ ၉-၁၁ႏွစ္အတြင္းသာ႐ွိသည္။ ထိုဗိုင္းရပ္စ္သည္ ကိုယ္ခံအားတြင္အေရးပါေသာ ဆဲလ္မ်ားကိုေသေစသည္။ ထို႔ေၾကာင့္အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ ခုခံအားက်ဆင္းမႈေရာဂါ acquired immunodeficiency syndrome(AIDS) ျဖစ္လာမည္။ ထိုအခ်ိန္တြင္အျခားကူးစက္ေရာဂါမ်ားအလြယ္တကူဝင္လာမည္ျဖစ္သည္။အျဖစ္မ်ားေသာေရာဂါမ်ားမွာ အဆုတ္ေရာင္၊ တီဘီ၊အသည္းေရာင္အသားဝါဘီပိုး၊စီပိုး၊ ဦးေႏွာက္အေျမႇးေရာင္ေရာဂါႏွင့္ ကင္ဆာ အစ႐ွိသည္တို႔ျဖစ္သည္။
ေႏြ