transplantation
စားသောက်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများ

Dietary guidelines to be followed after kidney transplantation

1 Mins read

ကျောက်ကပ်အစားထိုးကုသမူခံယူပြီးနောက် လိုက်နာရမည့်စားသောက်ပုံစံများ”

     လူရောစိတ်ပါကြံခိုင်မှုရှိခဲ့လို့ ကျောက်ကပ်အစားထိုးကုသမှုကို ခံယူခဲ့ပြီးဖြစ်သော်လည်း ခွဲစိတ်မှုပြီးတဲ့နောက် နေထိုင်ပြုမှု စားသောက်မှုပုံစံများက သာမန်လူများကဲ့သို့ ကျန်းကျန်းမာမာသွားမလားဆိုတာကို ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

ကျောက်ကပ်အစားထိုးကုသမှုခံယူထားသူများအနေဖြင့် စိတ်ပိုင်ဆိုင်ရာ စိုးရိမ်းပူပန်မှုများက အတိုင်းအတာတစ်ခုရှိနေတတ်

ကြပါတယ်၊များသောအားဖြင့် နှစ်မျိုးတွေ့ရပါတယ်၊တစ်မျိုးမှာ မိမိ၏အစားထိုးထားသော ကျောက်ကပ်လေးပျက်စီးသွားမှာစိုး

သဖြင့်အစားအသောက်များကို လိုအပ်သည်ထက်ပိုပြီး အာဟာရချိုတဲ့မှုဖြစ်နိုင်သည်အထိ ရှောင်ရှားကြပါသည်။။နောက်တစ်

အုပ်စုကတော့ ခွဲစိတ်မှုအောင်မြင်ပြီးနောက် ခံတွင်းပိုကောင်းလာသည် (စတီးရွိုက်ဆေးများသောက်သုံးနေရခြင်းကြောင့်လဲ

ပိုမိုစားကောင်းလာခြင်းဖြစ်ပါသည်။ထိုသို့ အထိန်းအကွပ်မရှိစားခြင်းဖြင့်လည်း မလိုလားအပ်သော ရောဂါများထပ်မံဖြစ်ပေါ်

လာနိုင်သည်ကိုသတိပြုရမည်။

     ပထမဆုံး ခွဲစိတ်မှုခံယူပြီးနောက် ပထမ(၂)လအတွင်း ရောဂါကြောင့်ဆုံးရှုံးသွားခဲ့ရသော သင့်၏ခန္တာကိုယ်အလေးချိန်

အတွက် အာဟာရများကိုဖြည့်ပေးရန်လိုအပ်ပါသည်။ဒါအပြင်ိ ကိုယ်ခံအားကျဆင်းနေသဖြင့် ရောဂါပိုးများအလွယ်တကူဝင်

ရောက်နိုင်ခြင်း၊အနာကျက်မြန်ရန်အထောက်အပံံဖြစ်ခြင်းစသည့်အတွက်ကြောင့်လိုအပ်သောအစာအာဟာရများကိုအောက်

ပါညွန်ကြားချက်အတိုင်းလိုက်နာစားသုံးရန်လိုအပ်ပါသည်။

   စားသုံးရမယ်အစားအသောက်များအနေဖြင့်သာမန်လူများအတိုင်းစားသုံးနိုင်ပါတယ်။အရေးကြီးဆုံးအချက်များအစားအစာ

များပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းမှုရှိရန်လိုအပ်ပါတယ်။သို့မှာသာ ရောဂါပိုးများဝင်ရောက်ခြင်းကိုကာကွယ်နိုင်မှာဖြစ်ပါ

တယ်။စားသုံးသင့်သောအစားအစာများမှာ-အမျင်ဓာတ်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များနှင့်သွေးအားတက်စေသော

ပဲအမျိုးမျိုးကိုအဓိက စားသုံးသင့်ပါတယ်(ဥပမာ-ကုလားပဲ၊ပဲပြား၊ပဲပေါင်း)စသည့်တို့ကိုစားသုံးသင့်ပါတယ်။

   ရှောင်ရှားရမည့်အစားအသောက်များမှာ-

(၁) အချိုကိုအလွန်အကျွံ စားသောက်ခြင်းမှရှောင်ကြဉ်ရန်(အထူးသဖြင့် ဆီချိုကြောင့်ကျောက်ကပ်ပျက်၍ အစားထိုးကုသမှု

ခံယူထားသောသူများအထူးသတိပြုရပါမည်။

(၂)အစားစားလျှင်ပမာဏနည်းနည်းနှင့် မကြာခဏ စားသုံးပေးပါ။

(၃)အဆီကိုသင့်တင့်သောပမာဏသာစားပါ(မကောင်းသောအဆီများ-ဝက်ဆီ၊စားအုံးဆီ တို့ကိုရှောင်ပါ)အထူးသဖြင့်သွေး

တွင်းအဆီဓာတ်များနေသောလူများဂရုပြုရန်လိုအပ်ပါသည်။

(၄)အချိုများသော ကိတ်မုန့်၊ရေခဲမုန့်၊ဘီစကွတ်များနှင့်ဆော်ဒါပါဝင်သောအစားအစားများကိုရှောင်ကြဉ်ပါ။

(၅)မိမိ၏ခန္တာကိုယ်အလေးချိန်ကိုတက်မလာအောင် ဂရုစိုက်ထိန်းသိမ်းပါ။

(၆)သွေးတိုးရောဂါအခံရှိသူများအနေဖြင့် အငံလျော့စားပါ၊အချိုမှုန့်ရှောင်ပါ။

ကျန်မာပျော်ရွှင်သောအနာဂတ်နေ့သစ်များကိုအစဉ်ထာဝရပိုင်ဆိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်လျှက်————

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…