All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Diet For Over 70 People

1 Mins read

အသက် ၇၀ ကျော် အဖိုးအဖွားတွေအတွက် အစားအသောက်ပုံစံ

အသက် ၇၀ ကျော်လာတာနဲ့ အဖိုးအဖွားတွေဟာ အစားအသောက် ကြေးများလာတတ်ပါတယ်။ များသောအားဖြင့် “ဟိုဟာမစား သည်ဟာမစား ငါးခြောက်ဖုတ်နဲ့ညား” ဖြစ်တတ်ပါတယ်။ ဒါဆို ဘာတွေ ဖြစ်နိုင်ပါသလဲ?

၁။ အာဟာရ မမျှတခြင်း
အသားတွေ အသီးအရွက်တွေ မစားတဲ့အခါ အဖိုးအဖွားတွေမှာ အာဟာရ ချို့တဲ့လာတတ်ပါတယ်။

၂။ အသားမစားသဖြင့် အသားဓာတ်ချို့တဲ့ခြင်း
အသားဓာတ်မရလို့ ကြုံလှီတာ၊ ဗီတာမင်ချို့တဲ့တာတွေ အလွန်အမင်းများပါတယ်။ အသားဓာတ်အတွက် ကြက်ဥ တစ်နေ့တစ်လုံးလောက် စားစေချင်ပါတယ် ။

၃။ အသီးအရွက် မစားသဖြင့် ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တဲ့အခါ ဝမ်းကို ညှစ်သွားနေရလို့ လိပ်ခေါင်းထွက်တာတွေ၊ အူကျတာတွေ ဖြစ်နိုင်တဲ့အပြင် အခန့်မသင့်ရင် စမျဉ်းပိတ်ပြီး အူပိတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ မပေါ့သင့်ပါဘူး။ ဒါကြောင့် ဖိုးဖိုးဖွားဖွားတွေ ဝမ်းမမှန်တော့ဘူးဆိုရင် သင်္ဘောသီးလို မန်ကျည်းဖျော်ရည်လို ဝမ်းနူးစာလေး နည်းနည်းကျွေးပေးတာ သင့်လျော်ပါတယ်။

၄။ အရေပြား ခြောက်သွေ့ခြင်း
အသီးအနှံတွေ မစားပေးတဲ့အခါ ဗီတာမင်စီ နဲ့ အမျှင်ဓာတ် ချို့တဲ့လို့ အရေပြားတွေ ပါးလာပြီး ထိခိုက်ပွန်းရှ လွယ်လာတတ်ပါတယ်

၅။ အရိုးတွေ မခိုင်တာ
အသက်ကြီးလာရင် နွားနို့လေး သောက်ပေးတော့ အရိုးကျန်းမာရေး အဆင်ပြေတာပေါ့။

၆။ အဆီအဆိမ့် ရှောင်ပါ။
စားသင့်တာကျ ကျွေးမရပေမယ့် သူတို့ စားချင်တာကျ တားမရပါဘူး။ အဲဒီတော့ အရမ်းချိုတဲ့ မုန့်တွေ၊ အချိုရည်တွေ၊ အဆီအဆိမ့်တွေတော့ တတ်နိုင်ရင် တားပေးပါ။ နှလုံးသွေးကြောကျဉ်း ဆိုးစေပါတယ်။

၇။ လက်ဖက်ရည်၊ ကော်ဖီကို အလွန်အကျွံ မသောက်ပါစေနဲ့
လူကြီးတွေဟာ များသောအားဖြင့် လက်ဖက်ရည် ကြိုက်ကြေပေမယ့် သူတို့နှလုံးက နေ့စဉ် လက်ဖက်ရည်သောက်တဲ့ဒဏ်ကို မခံနိုင်ပါဘူး။ ရင်တုန်တာတွေ ဖြစ်တတ်ပါတယ်။ မသောက်ပဲ နေခိုင်းရင်လည်း ရန်သူဖြစ်မယ်လေ။ ဒီတော့ ဒီနေ့ လက်ဖက်ရည် နောက်နေ့နွားနို့ လောက် တိုက်နိုင်ပါတယ်။

ဖိုးဖိုးဖွားဖွားတို့ ကျန်းမာကြပါစေ။
ဒေါက်တာယမင်း (ဆေး ၁)

အသက္ ၇၀ ေက်ာ္ အဖိုးအဖြားေတြအတြက္ အစားအေသာက္ပုံစံ

အသက္ ၇၀ ေက်ာ္လာတာနဲ႔ အဖိုးအဖြားေတြဟာ အစားအေသာက္ ေၾကးမ်ားလာတတ္ပါတယ္။ မ်ားေသာအားျဖင့္ “ဟိုဟာမစား သည္ဟာမစား ငါးေျခာက္ဖုတ္နဲ႔ညား” ျဖစ္တတ္ပါတယ္။ ဒါဆို ဘာေတြ ျဖစ္ႏိုင္ပါသလဲ?

၁။ အာဟာရ မမွ်တျခင္း
အသားေတြ အသီးအ႐ြက္ေတြ မစားတဲ့အခါ အဖိုးအဖြားေတြမွာ အာဟာရ ခ်ိဳ႕တဲ့လာတတ္ပါတယ္။

၂။ အသားမစားသျဖင့္ အသားဓာတ္ခ်ိဳ႕တဲ့ျခင္း
အသားဓာတ္မရလို႔ ႀကဳံလွီတာ၊ ဗီတာမင္ခ်ိဳ႕တဲ့တာေတြ အလြန္အမင္းမ်ားပါတယ္။ အသားဓာတ္အတြက္ ၾကက္ဥ တစ္ေန႔တစ္လုံးေလာက္ စားေစခ်င္ပါတယ္ ။

၃။ အသီးအ႐ြက္ မစားသျဖင့္ ဝမ္းခ်ဳပ္ျခင္း
ဝမ္းခ်ဳပ္တဲ့အခါ ဝမ္းကို ညႇစ္သြားေနရလို႔ လိပ္ေခါင္းထြက္တာေတြ၊ အူက်တာေတြ ျဖစ္ႏိုင္တဲ့အျပင္ အခန႔္မသင့္ရင္ စမ်ဥ္းပိတ္ၿပီး အူပိတ္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။ မေပါ့သင့္ပါဘူး။ ဒါေၾကာင့္ ဖိုးဖိုးဖြားဖြားေတြ ဝမ္းမမွန္ေတာ့ဘူးဆိုရင္ သေဘၤာသီးလို မန္က်ည္းေဖ်ာ္ရည္လို ဝမ္းႏူးစာေလး နည္းနည္းေကြၽးေပးတာ သင့္ေလ်ာ္ပါတယ္။

၄။ အေရျပား ေျခာက္ေသြ႕ျခင္း
အသီးအႏွံေတြ မစားေပးတဲ့အခါ ဗီတာမင္စီ နဲ႔ အမွ်င္ဓာတ္ ခ်ိဳ႕တဲ့လို႔ အေရျပားေတြ ပါးလာၿပီး ထိခိုက္ပြန္းရွ လြယ္လာတတ္ပါတယ္

၅။ အ႐ိုးေတြ မခိုင္တာ
အသက္ႀကီးလာရင္ ႏြားႏို႔ေလး ေသာက္ေပးေတာ့ အ႐ိုးက်န္းမာေရး အဆင္ေျပတာေပါ့။

၆။ အဆီအဆိမ့္ ေရွာင္ပါ။
စားသင့္တာက် ေကြၽးမရေပမယ့္ သူတို႔ စားခ်င္တာက် တားမရပါဘူး။ အဲဒီေတာ့ အရမ္းခ်ိဳတဲ့ မုန႔္ေတြ၊ အခ်ိဳရည္ေတြ၊ အဆီအဆိမ့္ေတြေတာ့ တတ္ႏိုင္ရင္ တားေပးပါ။ ႏွလုံးေသြးေၾကာက်ဥ္း ဆိုးေစပါတယ္။

၇။ လက္ဖက္ရည္၊ ေကာ္ဖီကို အလြန္အကြၽံ မေသာက္ပါေစနဲ႔
လူႀကီးေတြဟာ မ်ားေသာအားျဖင့္ လက္ဖက္ရည္ ႀကိဳက္ေၾကေပမယ့္ သူတို႔ႏွလုံးက ေန႔စဥ္ လက္ဖက္ရည္ေသာက္တဲ့ဒဏ္ကို မခံႏိုင္ပါဘူး။ ရင္တုန္တာေတြ ျဖစ္တတ္ပါတယ္။ မေသာက္ပဲ ေနခိုင္းရင္လည္း ရန္သူျဖစ္မယ္ေလ။ ဒီေတာ့ ဒီေန႔ လက္ဖက္ရည္ ေနာက္ေန႔ႏြားႏို႔ ေလာက္ တိုက္ႏိုင္ပါတယ္။

ဖိုးဖိုးဖြားဖြားတို႔ က်န္းမာၾကပါေစ။
ေဒါက္တာယမင္း (ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
စိတ်ကျန်းမာရေးနေထိုင်မှုပုံစံဖိုးဖိုးဖွားဖွား ကျန်းမာရေး

Did you notice that they were lonely?

1 Mins read
သူတို့ အထီးကျန်နေကြတာ သင်သတိထားမိရဲ့လား ❓ ကျွန်မတို့ တက်ကြွစွာ အလုပ်လုပ် သွားလာနေတဲ့အချိန်မှာ ကျွန်မတို့ အိမ်ပြန်ချိန်ကိုစောင့်ပြီး အထီးကျန်နေတဲ့လူတွေရှိပါတယ်။ဒီလူတွေဟာ ကျွန်မတို့ရဲ့ အရင်းနှီးဆုံးသော မိဘ၊ သို့ အဘိုးအဘွားတွေပါပဲ။တစ်ခါတစ်ခါ ကျွန်မတို့ဟာ လှုပ်ရှားရုန်းကန် ဘဝအတွက် အချိန်တွေပေးရင်းနဲ့ အနီးဆုံးလူတွေကို အချိန်တွေ…
နေထိုင်မှုပုံစံဖိုးဖိုးဖွားဖွား ကျန်းမာရေးအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Bone marrow with an adult

1 Mins read
👵 လူကြီး နှင့် အရိုးပွခြင်း 🦴 Osteoporosis လို့ခေါ်တဲ့ အရိုးပွ ရောဂါကို ရင်းနှီးနေကြလောက်ပြီလို့ထင်ပါတယ်။ အရိုးပွ အရိုးပါးရောဂါဟာ အရိုးမှာရှိတဲ့ tissue တွေ လျော့နည်းဆုံးရှုံးလာစေပြီး အရိုးကို ကြွပ်ဆပ် လွယ်စေလာတာကြောင့် အရိုးပွရာကနေ အရိုးကျိုးခြင်းကို ဖြစ်ပေါ်စေတာပဲ…

Leave a Reply

Your email address will not be published. Required fields are marked *