ဝမ်းပိတ်ဆေးအကြောင်း ဘယ်လောက်သိထားပြီလဲ?
ဝမ်းလျှောတိုင်း ဝမ်းပျက်တိုင်း ဝမ်းပိတ်ဆေး အလွယ်မသောက်သင့်ပါဘူး
ဝမ်းပျက်တာသေချာဖို့လိုပါတယ်။
တစ်နေ့လျှင် ဝမ်း၃ ကြိမ်နှင့်အထက်သွားတာဖြစ်ရပါမယ်။
ဝမ်းကလုံးဝအရည်နီးပါးဖြစ်နေရပါမယ်။
ဒါဆိုရင်တော့ဝမ်းပျက်တာသေချာပါတယ်။
ဝမ်းပျက်တဲ့ရက်ကလည်း ရက်တိုဖြစ်ရပါမယ်။ ၂ပတ်မကျော်ရပါဘူး။
၂ပတ်ထက်ကျော်မယ်ဆိုရင် နာတာရှည် ဝမ်းပျက်တာဖြစ်လို့ ဝမ်းပိတ်ဆေးမသောက်သင့်ပါဘူး။
ဖြစ်စေတဲ့ရောဂါ အကြောင်းအရင်းရှာပြီးကုသရပါမယ်။
ဝမ်းပိတ်ဆေးမသောက်မှီ
- နို့တိုက်နေလျှင်၊ ကိုယ်ဝန်ရှိနေလျှင်
- အသည်းရောဂါရှိလျှင်
- အူရောင်တတ်သောရောဂါရှိလျှင် ဆရာဝန်ပို ကြိုအသိပေးသင့်ပါတယ်။
ဝမ်းပိတ်ဆေး သောက်မည်ဆိုလျှင်
- ဆရာဝန်မှ ဝမ်းပိတ်ဆေးသောက်နိုင်သည်ဟု ဆုံးဖြတ်လျှင် ဝမ်းသွားပြီးခြင်း 4 mg ( ၂လုံးကို) တစ်ပြိုင်နက်သောက်သင့်သည်။ ပြီးလျှင် ဝမ်းနောက်တစ်ခါသွားရင် တစ်လုံးထပ်သောက်သင့်သည်။
- တစ်နေ့လျှင် ၃လုံးမှ ၄လုံးခန့်သောက်နိုင်သည်။
- သတိပြုရန်မှာ *တစ်နေ့လျှင် ၈လုံးထက်မပိုသင့်ပါ။ * အသက် ၁၂နှစ်အောက်ကလေးများကို ဆရာဝန်မညွန်ကြားဘဲလုံးဝမသောက်သင့်ပါ။
- ရောဂါလက္ခဏာသက်သာလာတာနဲ့ ဆေးမသောက်သင့်တော့ပါဘူး။
ဝမ်းပိတ်ဆေးသောက်ရုံနဲ့မလုံလောက်တာ သတိပြုပါ။
ဝမ်းသွားတဲ့နေရာမှာအဓိကသတိပြုရမှာကတော့ ဝမ်းနဲ့အတူ ဆုံးရှုံးသွားတဲ့ ခန္တာကိုယ်မှရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တဲ့နေရာမှာရွေးချယ်နိုင်တာတွေက တော့ * သန့်စင်တဲ့ ရိုးရိုးရေသန့် * အသီးဖျော်ရည် * စွပ်ပြုတ်( အသား၊ အရွက်) * ဓာတ်ဆားရည်( ကလေးငယ်များနှင့် ရောဂါအခံရှိသူများအတွက် မြန်မြန်ရေဓာတ်ပြည့်စေပါတယ်)
မသောက်သင့်တာတွေကတော့
ချိုလွန်းတဲ့ အချိုရည်တွေပါ။ ( သကြားဓာတ်က ဝမ်းပိုသွားစေပါတယ်)
ဝမ်းပိတ်ဆေးရဲ့မကောင်းတဲ့အချက်တွေကတော့
- ဝမ်းချုပ်သွားတတ်ပါတယ်။
- လေပွပြီး ခေါင်းမူးစေတတ်ပါတယ်။
- ခေါင်းကိုက်စေတတ်ပါတယ်။
မယ်တင်( ဆေး ၁)
ဝမ္းပိတ္ေဆးအေၾကာင္း ဘယ္ေလာက္သိထားၿပီလဲ?
ဝမ္းေလၽွာတိုင္း ဝမ္းပ်က္တိုင္း ဝမ္းပိတ္ေဆး အလြယ္မေသာက္သင့္ပါဘူး
ဝမ္းပ်က္တာေသခ်ာဖို႔လိုပါတယ္။
တစ္ေန႔လၽွင္ ဝမ္း၃ ႀကိမ္ႏွင့္အထက္သြားတာျဖစ္ရပါမယ္။
ဝမ္းကလံုးဝအရည္နီးပါးျဖစ္ေနရပါမယ္။
ဒါဆိုရင္ေတာ့ဝမ္းပ်က္တာေသခ်ာပါတယ္။
ဝမ္းပ်က္တဲ့ရက္ကလည္း ရက္တိုျဖစ္ရပါမယ္။ ၂ပတ္မေက်ာ္ရပါဘူး။
၂ပတ္ထက္ေက်ာ္မယ္ဆိုရင္ နာတာရွည္ ဝမ္းပ်က္တာျဖစ္လို႔ ဝမ္းပိတ္ေဆးမေသာက္သင့္ပါဘူး။
ျဖစ္ေစတဲ့ေရာဂါ အေၾကာင္းအရင္းရွာၿပီးကုသရပါမယ္။
ဝမ္းပိတ္ေဆးမေသာက္မီွ
- ႏို႔တိုက္ေနလၽွင္၊ ကိုယ္ဝန္ရွိေနလၽွင္
- အသည္းေရာဂါရွိလၽွင္
- အူေရာင္တတ္ေသာေရာဂါရွိလၽွင္ ဆရာဝန္ပို ႀကိဳအသိေပးသင့္ပါတယ္။
ဝမ္းပိတ္ေဆး ေသာက္မည္ဆိုလၽွင္
- ဆရာဝန္မွ ဝမ္းပိတ္ေဆးေသာက္ႏိုင္သည္ဟု ဆံုးျဖတ္လၽွင္ ဝမ္းသြားၿပီးျခင္း 4 mg ( ၂လံုးကို) တစ္ၿပိဳင္နက္ေသာက္သင့္သည္။ ၿပီးလၽွင္ ဝမ္းေနာက္တစ္ခါသြားရင္ တစ္လံုးထပ္ေသာက္သင့္သည္။
- တစ္ေန႔လၽွင္ ၃လံုးမွ ၄လံုးခန္႔ေသာက္ႏိုင္သည္။
- သတိျပဳရန္မွာ *တစ္ေန႔လၽွင္ ၈လံုးထက္မပိုသင့္ပါ။ * အသက္ ၁၂ႏွစ္ေအာက္ကေလးမ်ားကို ဆရာဝန္မညြန္ၾကားဘဲလံုးဝမေသာက္သင့္ပါ။
- ေရာဂါလကၡဏာသက္သာလာတာနဲ႔ ေဆးမေသာက္သင့္ေတာ့ပါဘူး။
ဝမ္းပိတ္ေဆးေသာက္ရံုနဲ႔မလံုေလာက္တာ သတိျပဳပါ။
ဝမ္းသြားတဲ့ေနရာမွာအဓိကသတိျပဳရမွာကေတာ့ ဝမ္းနဲ႔အတူ ဆံုးရႈံးသြားတဲ့ ခနၱာကိုယ္မွေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးဖို႔ျဖစ္ပါတယ္။ ေရဓာတ္ျဖည့္တဲ့ေနရာမွာေရြးခ်ယ္ႏိုင္တာေတြက ေတာ့ * သန္႔စင္တဲ့ ရိုးရိုးေရသန္႔ * အသီးေဖ်ာ္ရည္ * စြပ္ျပဳတ္( အသား၊ အရြက္) * ဓာတ္ဆားရည္( ကေလးငယ္မ်ားႏွင့္ ေရာဂါအခံရွိသူမ်ားအတြက္ ျမန္ျမန္ေရဓာတ္ျပည့္ေစပါတယ္)
မေသာက္သင့္တာေတြကေတာ့
ခ်ိဳလြန္းတဲ့ အခ်ိဳရည္ေတြပါ။ ( သၾကားဓာတ္က ဝမ္းပိုသြားေစပါတယ္)
ဝမ္းပိတ္ေဆးရဲ႕မေကာင္းတဲ့အခ်က္ေတြကေတာ့
- ဝမ္းခ်ဳပ္သြားတတ္ပါတယ္။
- ေလပြၿပီး ေခါင္းမူးေစတတ္ပါတယ္။
- ေခါင္းကိုက္ေစတတ္ပါတယ္။
မယ္တင္( ေဆး ၁)